အစိုးရျဖစ္လွ်င္ တိုင္းျပည္စီးပြားေရးျပန္လည္ ေကာင္းမြန္ေရး လုပ္ေဆာင္မည္ဟု ျပည္ခိုင္ၿဖိဳးပါတီ ဒုဥကၠ႒ေျပာ

0
27
အစိုးရဖြစ်လျှင် တိုင်းပြည်စီးပွားရေးပြန်လည် ကောင်းမွန်ရေး လုပ်ဆောင်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌပြော
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရဖြစ်လျှင်တိုင်းပြည်စီးပွားရေးပြည်လည်ကောင်းမွန်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းကပြောသည်။
စက်တင်ဘာ ၂၂ ရက် ကျောက်ပန်းတောင်းမြို့နယ် ဘူတာရပ်ကွက်ရှိပြည်သူများနဲ့သွားရောက်တွေ့ဆုံရာတွင် ဦးလှထွန်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ပြည်သူတွေများသောအားဖြင့်တောင်သူဦးကြီးတွေပေါ့။ဒီကာလတွေမှာသီးနှံဈေးနှုန်းတွေမကောင်းတော့ စီးပွားရေးအဆင်မပြေကြဘူး။ အဲ့ဒီတော့ စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေးအစစရာအခက်ခဲတွေရှိလာတယ်။တိုင်းပြည်စီးပွားရေးကျဆင်းလာတယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်ခဲ့ရင် ဒါတွေပြန်လည်ကောင်းမွန်အောင်လုပ်မယ်။ ကျွန်တော်တို့ ပါတီရဲ့ ပြည်သူ့အာမခံချက် (၁၁) ချက်မှာလည်း လယ်ယာထုတ်ကုန်များ သင့်တင့်မျှတတဲ့ဈေးနှုန်းရရှိစေရန် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးမယ်လို့အာမခံထားပြီးဖြစ်တယ်” ဟု ဦးလှထွန်းကပြောသည်။
စက်တင်ဘာ၂၂ရက်ကျောက်ပန်းတောင်းမြို့နယ်ရှိ၊ဘင်ဂွကျေးရွာနှင့်ဘူတာရက်ကွက်များသို့ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလှထွန်း၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်ဦးလွင်၊တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသန့်ဇော်လတ်၊တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့်တို့ပြည်သူများဖြင့်သွားရောက်တွေ့ဆုံခဲ့ကြသည်။
HM
#TheFifthWave
(Zawgyi)
အစိုးရျဖစ္လွ်င္ တိုင္းျပည္စီးပြားေရးျပန္လည္ ေကာင္းမြန္ေရး လုပ္ေဆာင္မည္ဟု ျပည္ခိုင္ၿဖိဳးပါတီ ဒုဥကၠ႒ေျပာ
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအစိုးရျဖစ္လွ်င္တိုင္းျပည္စီးပြားေရးျပည္လည္ေကာင္းမြန္ေရးလုပ္ေဆာင္မည္ျဖစ္ေၾကာင္းျပည္ခိုင္ၿဖိဳးပါတီဒုတိယဥကၠ႒ဦးလွထြန္းကေျပာသည္။
စက္တင္ဘာ ၂၂ ရက္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ဘူတာရပ္ကြက္ရွိ ျပည္သူမ်ားနဲ႔သြားေရာက္ေတြ႕ဆုံရာတြင္ ဦးလွထြန္းက အထက္ပါအတိုင္းေျပာၾကားခဲ့သည္။
“ကြၽန္ေတာ္တို႔ျပည္သူေတြမ်ားေသာအားျဖင့္ေတာင္သူဦးႀကီးေတြေပါ့။ဒီကာလေတြမွာသီးႏွံေဈးႏႈန္းေတြမေကာင္းေတာ့စီးပြားေရးအဆင္မေျပၾကဘူး။အဲ့ဒီေတာ့စားဝတ္ေနေရး၊ပညာေရး၊က်န္းမာေရးအစစရာအခက္ခဲေတြရွိလာတယ္။ တိုင္းျပည္စီးပြားေရးက်ဆင္းလာတယ္။ ကြၽန္ေတာ္တို႔ ျပည္ခိုင္ၿဖိဳးပါတီအစိုးရဖြဲ႕ႏိုင္ခဲ့ရင္ဒါေတြျပန္လည္ေကာင္းမြန္ေအာင္လုပ္မယ္။ကြၽန္ေတာ္တို႔ပါတီရဲ႕ျပည္သူ႔အာမခံခ်က္ (၁၁) ခ်က္မွာလည္း လယ္ယာထုတ္ကုန္မ်ား သင့္တင့္မွ်တတဲ့ေဈးႏႈန္းရရွိေစရန္ေဈးကြက္ခ်ိတ္ဆက္ေဆာင္႐ြက္ေပးမယ္လို႔အာမခံထားၿပီးျဖစ္တယ္” ဟု ဦးလွထြန္းကေျပာသည္။
စက္တင္ဘာ၂၂ရက္ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ရွိ၊ဘင္ဂြေက်း႐ြာႏွင့္ ဘူတာရက္ကြက္မ်ားသို႔ ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒/ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးလွထြန္း၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ဦးလြင္၊တိုင္းေဒသႀကီး(၁)လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးသန႔္ေဇာ္လတ္၊တိုင္းေဒသႀကီး(၂)လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးဝင္းျမင့္တို႔ျပည္သူမ်ားျဖင့္သြားေရာက္ေတြ႕ဆုံခဲ့ၾကသည္။
HM

Leave a Reply