မႏၲေလးတိုင္းေဒသၾကီးတြင္ ျပည္ပေရာက္ ႀကိဳတင္မဲ

0
17

မန္တလေးတိုင်းဒေသကြီးတွင် ပြည်ပရောက် ကြိုတင်မဲ

ပေးမည့်သူ ၉၁၀၀ ကျော်ရှိမန္တလေးတိုင်းဒေသကြီးတွင် ပြည်ပရောက် ကြိုတင်မဲ
ပေးမည့်သူ၉၁၅၄ဦးရှိကြောင်းမန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ထံကသိရသည် ။

ပြည်ပရောက်နေသည့် မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲပေးရန် လျှောက်လွှာများကို ဇူလိုင်လ ၃ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့အထိ လက်ခံခဲ့ရာ လျှောက်ထားသူဦးရေ ၉၉၀၅ ဦးရှိပြီး အမည်စာရင်းနှင့် နေရပ်လိပ်စာမှားသူများကို စိစစ်ပြီးနောက်ပိုင်း ကြိုတင်မဲပေးနိုင်သူဦးရေ ၉၁၅၄ ဦးကို စာရင်းဖြည့်သွင်းခဲ့ကြောင်းသိရသည် ။

” သံရုံးအသီးသီးကနေ ပေးပို့လာတဲ့ ပြည်ပရောက်မဲဆန္ဒရှင်ဦးရေက ၉၁၅၄ ဦးရှိပါတယ်။ အခု နိုင်ငံခြားက သံရုံးတွေဆီကိုပို့ဖို့ နေပြည်တော်မှာ ခရိုင်ကော်မရှင်အတွင်းရေးမှူးတွေလွှတ်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် မဲလက်မှတ်စီစစ်တံဆိပ်တုံးထုပြီး ပြန်ပို့ဖို့လုပ်နေပါပြီ ” ဟု မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောသည် ။
မန္တလေးတိုင်း ဒေသကြီးတွင် ပထမအကြိမ် မဲစာရင်းကပ်ထားကြော်ငြာခဲ့ရာတွင် မဲပေးခွင့်ဦးရှိသူရေသည် ၄၅ သိန်းကျော်ရှိပြီး မဲစာရင်းအမှားများကို ပြင်ဆင်ပြီးနောက် မဲပေးခွင့်ဦးရှိသူရေ ၄၆ သိန်းကျော်ထိရှိလာခဲ့သည် ။

အဆိုပါ ၄၆ သိန်းကျော်အတွက် ရွေးကောက်ပွဲတွင် မဲရုံအရေအတွက် (၅၄၄၁) ရုံ ထားရှိရန် လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် (UEC)ထုတ်ပြန်ထားသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၲေလးတိုင္းေဒသၾကီးတြင္ ျပည္ပေရာက္ ႀကိဳတင္မဲ

ေပးမည့္သူ ၉၁၀၀ ေက်ာ္ရွိမႏၲေလးတိုင္းေဒသၾကီးတြင္ ျပည္ပေရာက္ ႀကိဳတင္မဲ
ေပးမည့္သူ၉၁၅၄ဦးရွိေၾကာင္းမႏၱေလးတိုင္းေဒသၾကီးေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ ထံကသိရသည္ ။

ျပည္ပေရာက္ေနသည့္ ျမန္မာႏိုင္ငံသားမ်ားအတြက္ ႀကိဳတင္မဲေပးရန္ ေလၽွာက္လႊာမ်ားကို ဇူလိုင္လ ၃ ရက္ေန႔မွ ၾသဂုတ္လ ၅ ရက္ေန႔အထိ လက္ခံခဲ့ရာ ေလၽွာက္ထားသူဦးေရ ၉၉၀၅ ဦးရွိၿပီး အမည္စာရင္းႏွင့္ ေနရပ္လိပ္စာမွားသူမ်ားကို စိစစ္ၿပီးေနာက္ပိုင္း ႀကိဳတင္မဲေပးနိုင္သူဦးေရ ၉၁၅၄ ဦးကို စာရင္းျဖည့္သြင္းခဲ႔ေၾကာင္းသိရသည္ ။

” သံ႐ုံးအသီးသီးကေန ေပးပို႔လာတဲ့ ျပည္ပေရာက္မဲဆႏၵရွင္ဦးေရက ၉၁၅၄ ဦးရွိပါတယ္။ အခု နိုင္ငံျခားက သံ႐ုံးေတြဆီကိုပို႔ဖို႔ ေနျပည္ေတာ္မွာ ခရိုင္ေကာ္မရွင္အတြင္းေရးမွဴးေတြလႊတ္ၿပီး သက္ဆိုင္ရာမဲဆႏၵနယ္အလိုက္ မဲလက္မွတ္စီစစ္တံဆိပ္တုံးထုၿပီး ျပန္ပို့ဖို့လုပ္ေနပါၿပီ ” ဟု မႏၲေလးတိုင္းေဒသၾကီးေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ဥကၠ႒ ဦးရွိန္ဝင္းကေျပာသည္ ။
မႏၱေလးတိုင္း ေဒသၾကီးတြင္ ပထမအႀကိမ္ မဲစာရင္းကပ္ထားေၾကာ္ျငာခဲ႔ရာတြင္ မဲေပးခြင့္ဦးရွိသူေရသည္ ၄၅ သိန္းေက်ာ္ရွိၿပီး မဲစာရင္းအမွားမ်ားကို ျပင္ဆင္ၿပီးေနာက္ မဲေပးခြင့္ဦးရွိသူေရ ၄၆ သိန္းေက်ာ္ထိရွိလာခဲ႔သည္ ။

အဆိုပါ ၄၆ သိန္းေက်ာ္အတြက္ ေရြးေကာက္ပြဲတြင္ မဲ႐ုံအေရအတြက္ (၅၄၄၁) ႐ုံ ထားရွိရန္ လ်ာထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲမွ သိရသည္။
၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲကို နိုဝင္ဘာလ ၈ ရက္တြင္က်င္းပသြားမည္ျဖစ္ေၾကာင္း ေရြးေကာက္ပြဲေကာ္မရွင္ (UEC)ထုတ္ျပန္ထားသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply