
0
25
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လူစားထိုးထားသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ဟုဆို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကျန်းမာရေးမကောင်းသဖြင့်လူစားထိုးထားသည်ဟူသောသတင်းမှာသတင်းမှားသာဖြစ်ပြီးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ကျန်းမာရေးအထူးကောင်းမွန်နေပြီးစိတ်ပူကြသူတွေကိုလည်းကျေးဇူးတင်ကြောင်းကျန်းမာရေးအထူး(အထူး)ကောင်းမွန်ကြောင်းသတင်းစကားပါးလိုပြီးPositiveတွေ့သည်ဆိုခြင်းမှာလုံးဝမဟုတ်ကြောင်းနိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူဦးဇော်ဌေးက၎င်း၏လူမှုကကွန်ယက်စာမျက်နှာမှရေးသားဖော်ပြထားသည်။
ထို့အပြင် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ့အကြီးအကဲများနှင့် ပတ်သက်၍လုပ်ကြံဖန်တီးထားသောသတင်းမှားများ၊ ချဲ့ကားရေးသားထားသောသတင်းတုများနှင့်ပတ်သက်ပြီး အထင်အရှားပေါ်ပေါက်ပါကပြင်းပြင်းထန်ထန်အရေးယူခံရမည်ဖြစ်ကြောင်းရေးသားထားသည်။
ဆက်လက်၍” ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရောက်နေတာနဲ့အမျှသတင်းမှားတွေ၊လုပ်ကြံဖန်တီးတဲ့သတင်းတွေပိုပြီးများလာပါတယ်။ဘယ်သူတွေကသတင်းမှားတွေ လုပ်ကြသလဲ၊ ဒီလူတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ သာမန်အားဖြင့် စဉ်းစားကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်။ အဲ့ဒီ သတင်းမှားတွေ ထုတ်လွှင့်တဲ့ Page တွေနဲ့ ပတ်သက်လို့ နည်းပညာဆိုင်ရာ လုပ်ဆောင်ဖွယ်ရာတွေကို လုပ်နေပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိရင် ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”ဟုရေးသားဖော်ပြထားသည်။
HM
#TheFifthWave

Leave a Reply