
0
19

ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ကုန်သွယ်မှု လိုငွေ တစ်ဘီလီယံကျော် ရှိ

ယခုဘဏ္ဍာနှစ် အောက်တိုဘာလ မှ ဇူလိုင်လအထိကိုးလအတွင်း ကုန်သွယ်မှုလိုငွေ တစ်ဘီလီယံ ကျော် ရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန် သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရသည်။

ယခုဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇူလိုင်လအထိကိုးလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၈၉၈၁ ဒသမ ၇၈ သန်း၊ နယ်စပ် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၈၂၁ ဒသမ ၀၂ သန်းဖြစ်ပြီး စုစုပေါင်း ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၈၀၂ ဒဿမ ၈၀ သန်း ဖြစ်သည်။

ပုံမှန် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၆၆၀ ဒသမ ၄၁ သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၄၀ ဒသမ ၆၈ သန်းဖြစ်ပြီး စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၆၃၀၁ ဒသမ ၀၉ သန်းဖြစ်သည်။

သို့ဖြစ်၍ ယခုဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇူလိုင်လအထိ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၁၁၀၃ ဒသမ ၈၉ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁၄၉၈ ဒသမ ၂၉ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သို့သော် ဇူလိုင်လ တစ်လအတွင်းမှာမူ မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၁၁၅ ဒသမ ၃၀ သန်း၊ နယ်စပ်ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၅၁ ဒသမ ၂၄ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၅၆၆ ဒသမ ၅၄ သန်းဖြစ်ပြီး ပုံမှန်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၉၉ ဒသမ ၆၅ သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ ၇၇ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၀၉ ဒသမ ၄၂ သန်း ဖြစ်သည်။

သို့ဖြစ်၍ ဇူလိုင်လအတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉၇၅ ဒသမ ၉၆ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှု ပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၁၂ သန်း ဖြစ်ပေါ်ခဲ့သည်။

ဝေဝေဖြိုး
#TheFifthWaveNews

(Zawgyi)







ဝေဝေဖြိုး
#TheFifthWaveNews

 

Leave a Reply