မႏၲေလးတိုင္းေဒသႀကီးရွိေတာင္သူမ်ားအား မ်ိဳးစပါး ေထာက္ပံ့ေငြ က်ပ္သန္းေပါင္း ၁၄၀၀ ေက်ာ္ေပးအပ္

0
21

မန္တလေးတိုင်းဒေသကြီးရှိတောင်သူများအား မျိုးစပါး ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၁၄၀၀ ကျော်ပေးအပ်

မန္တလေးတိုင်းဒေသကြီးရှိတောင်သူ ၂၇၀၉ ဦး၏ မျိုးစပါးစိုက်ဧက ၉၃၈၇ ဧကအတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၁၄၀၀ ကျော်ပေးအပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရသည် ။

ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ တောင်သူများအား အရည်အသွေးကောင်း မျိုးစေ့ထုတ်စိုက်ဧက တစ်ဧကလျှင် ငွေကျပ် ၁၅၀၅၀၀နှုန်း၊ အထွက်ကောင်း မျိုးစေ့ထုတ် စိုက်ဧကတစ်ဧကလျှင် ငွေကျပ် ၁၄၈၅၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည် ။

” မျိုးစေ့ထုတ် တောင်သူတွေကို ဩဂုတ်လကစပြီး ထောက်ပံ့ ပေးခဲ့တာပါ ။ အခု တောင်သူတွေထံကို အပြီး ထောက်ပံ့ပေးပြီးပါပြီ “ဟုမန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းက ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက တစ်သိန်းအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၲေလးတိုင္းေဒသႀကီးရွိေတာင္သူမ်ားအား မ်ိဳးစပါး ေထာက္ပံ့ေငြ က်ပ္သန္းေပါင္း ၁၄၀၀ ေက်ာ္ေပးအပ္

မႏၲေလးတိုင္းေဒသႀကီးရွိေတာင္သူ ၂၇၀၉ ဦး၏ မ်ိဳးစပါးစိုက္ဧက ၉၃၈၇ ဧကအတြက္ ေထာက္ပံ့ေငြ က်ပ္သန္းေပါင္း ၁၄၀၀ ေက်ာ္ေပးအပ္ထားေၾကာင္း မႏၱေလးတိုင္းေဒသႀကီးစိုက္ပ်ိဳးေရးဦးစီးဌာနက သိရသည္ ။

ကိုဗစ္-၁၉ေရာဂါ စီးပြားေရးကုစားမွဳ အစီအစဥ္ (CERP)အရ ေတာင္သူမ်ားအား အရည္အေသြးေကာင္း မ်ိဳးေစ့ထုတ္စိုက္ဧက တစ္ဧကလၽွင္ ေငြက်ပ္ ၁၅၀၅၀၀ႏွုန္း၊ အထြက္ေကာင္း မ်ိဳးေစ့ထုတ္ စိုက္ဧကတစ္ဧကလၽွင္ ေငြက်ပ္ ၁၄၈၅၀၀ ႏွုန္းျဖင့္ ေထာက္ပံ့ေပးအပ္ခဲ့သည္ ။

” မ်ိဳးေစ့ထုတ္ ေတာင္သူေတြကို ဩဂုတ္လကစျပီး ေထာက္ပံ့ ေပးခဲ့တာပါ ။ အခု ေတာင္သူေတြထံကို အၿပီး ေထာက္ပံ့ေပးျပီးပါျပီ “ဟုမႏၲေလးတိုင္းေဒသႀကီး စိုက္ပ်ိဳးေရး ဦးစီးဌာနမွ တိုင္းေဒသႀကီးဦးစီးမွဴး ဦးတိုးမင္းက ေျပာသည္။

နိုင္ငံေတာ္အစိုးရအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါ စီးပြားေရးကုစားမွုအစီအစဥ္(CERP)အရ တစ္နိုင္ငံလုံး အတိုင္းအတာအားျဖင့္ မိုးစပါးမ်ိဳးေစ့ထုတ္ စိုက္ဧက တစ္သိန္းအား ေထာက္ပံ့ေငြမ်ားေပးအပ္ခဲ့ေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply