လုပ္သား ၄၀၀၀ ခန္႔အတြက္ အလုပ္အကိုင္ ဖန္တီးႏိုင္မည့္ လုပ္ငန္း ေျခာက္ခု အတည္ျပဳ

0
13

လုပ်သား ၄၀၀၀ ခန့်အတွက် အလုပ်အကိုင် ဖန်တီးနိုင်မည့် လုပ်ငန်း ခြောက်ခု အတည်ပြု

ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း၄၀၀၀ ခန့် ဖန်တီးပေးနိုင်မည့် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှုလုပ်ငန်း ခြောက်ခုကို ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း​​ခြောက်ခုကို အတည်ပြုပေးခဲ့ပြီး ယင်းလုပ်ငန်း ခြောက် ခုမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၃၈၇၆ ဦး အတွက် ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ LED နှင့် Lighting accessories ထုတ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်၊ အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း တို့ ဖြစ်ပြီးအတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၇၂၇ သန်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် များမှ Video Conferencing စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ပြီး အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၇) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

လက်ရှိ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ ၁၁ လကျော်အတွင်း ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အတည်ပြု လုပ်ငန်းပေါင်း ၁၂၉ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

ဝေဝေဖြိုး
#TheFifthWave

(zawgyi)

လုပ္သား ၄၀၀၀ ခန္႔အတြက္ အလုပ္အကိုင္ ဖန္တီးႏိုင္မည့္ လုပ္ငန္း ေျခာက္ခု အတည္ျပဳ

ျပည္တြင္း အလုပ္အကိုင္ အခြင့္အလမ္းေပါင္း၄၀၀၀ ခန္႔ ဖန္တီးေပးႏိုင္မည့္ ႏိုင္ငံျခား ရင္း ႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ေျခာက္ခုကို ရန္ကုန္တိုင္း ေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ (၁၅/၂၀၂၀) ႀကိမ္ေျမာက္ အစည္းအေဝးတြင္ အတည္ျပဳခဲ့သည္။

အဆိုပါ အစည္းအေဝးတြင္ ရန္ကုန္တိုင္း ေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီသည္ စက္မႈက႑တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ႏွင့္ တ႐ုတ္(တိုင္ေပ)တို႔မွ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း​​ေျခာက္ခုကို အတည္ျပဳေပးခဲ့ၿပီး ယင္းလုပ္ငန္း ေျခာက္ ခုမွ ျပည္တြင္း အလုပ္အကိုင္ အခြင့္အလမ္း ၃၈၇၆ ဦး အတြက္ ဖန္တီး ေပးႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

ထိုသို႔ အတည္ျပဳေပးခဲ့သည့္ လုပ္ငန္းမ်ားမွာ LED ႏွင့္ Lighting accessories ထုတ္လုပ္ျခင္း လုပ္ငန္း၊ CMP စနစ္ျဖင့္ အိတ္၊ အဝတ္အထည္ အမ်ိဳးမ်ိဳး ထုတ္လုပ္ျခင္းလုပ္ငန္း တို႔ ျဖစ္ၿပီးအတည္ျပဳ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္းပမာဏ စုစုေပါင္းမွာ အေမရိကန္ ေဒၚလာ ၁၅ ဒသမ ၇၂၇ သန္း ျဖစ္သည္။

အဆိုပါ အစည္းအေဝးသို႔ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီဥကၠ႒၊ ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ေကာ္မတီအဖြဲ႕ဝင္မ်ား၊ ရင္းႏွီးျမႇဳပ္ႏွံသူ လုပ္ငန္းရွင္ မ်ားမွ Video Conferencing စနစ္ကို အသုံးျပဳ၍ ပါဝင္ေဆြးေႏြးခဲ့ၿပီး အစည္းအေဝးတြင္ အေထြေထြကိစၥရပ္မ်ား တင္ျပလာသည့္ ကုမၸဏီ (၁၇) ခု၏ တင္ျပခ်က္မ်ားကိုလည္း ေဆြးေႏြး ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။

လက္ရွိ ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္၊ ေအာက္တိုဘာလ ၁ ရက္မွ စက္တင္ဘာလ ၄ ရက္အထိ ၁၁ လေက်ာ္အတြင္း ရန္ကုန္တိုင္း ေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီမွ ခြင့္ျပဳခဲ့သည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အတည္ျပဳ လုပ္ငန္းေပါင္း ၁၂၉ ခုရွိေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီး ဌာန၏ စာရင္းမ်ားအရ သိရသည္။

ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply