ယူႏိုက္တစ္ကင္းဒမ္းႏိုင္ငံတြင္ ကိုဗစ္-၁၉ ဗိုင္းရပ္ထိန္းခ်ဳပ္ေရးအတြက္ ပိုမိုတင္က်ပ္ေသာ စည္းကမ္း ခ်က္မ်ားထုတ္ျပန္၊ စစ္တပ္က စည္းမ်ဥ္းမ်ားထိေရာက္မႈရွိေစေရး ဝင္ေရာက္ကူညီမည္

0
17

ယူနိုက်တစ်ကင်းဒမ်းနိုင်ငံတွင် ကိုဗစ်-၁၉ ဗိုင်းရပ်ထိန်းချုပ်ရေးအတွက် ပိုမိုတင်ကျပ်သော စည်းကမ်း ချက်များထုတ်ပြန်၊ စစ်တပ်က စည်းမျဉ်းများထိရောက်မှုရှိစေရေး ဝင်ရောက်ကူညီမည်

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် နေ့စဉ်ဗိုင်းရပ်ကူးစက်ခံရသူအရေအတွက် ၅၀,၀၀၀ ထိမြင့်တက်လာ နေသော ယူနိုက်တစ်ကင်းဒမ်းနိုင်ငံတွင် ကပ်ရောဂါဆိုးအားထိန်းချုပ်ရန် ပိုမိုတင်းကျပ်သော စည်းမျဉ်း ကန့်သတ်ချက်များကို စက်တင်ဘာလ ၂၄ ရက်မှစတင်ကျင့်သုံးသွားမည်ဟု ပြောကြားခဲ့ကြောင်းသိရ သည်။

ဤကဲ့သို့ စည်းမျဉ်းကန့်သတ်ချက်များနှင့်ဆောင်ရွက်သော်လည်း ဆက်လက်၍ ဗိုင်းရပ်ကူးစက် ခံရသူ မြင့်တက်နေသေးပါကပိုမို၍တင်းကျပ်ဆောင်ရွက်သွားရလိမ့်မည်ဖြစ်ကြောင်းလည်း ယူနိုက်တစ် ကင်းဒမ်းအစိုးရက ပြည်သူများအားသတိပေးပြောကြားခဲ့သည်။

စည်းမျဉ်းအသစ်များအရ ပြည်သူများအနေနှင့် နှာခေါင်းစည်းများကို ပြင်ပသို့သွားတိုင်းမဖြစ်မနေဝတ် ဆင်ကြရန် တိုက်တွန်းထားကြောင်းသိရသည်။ အင်္ဂလန်နယ်တွင် အရက်ဆိုင်၊စားသောက်ဆိုင်များနှင့် အခြားသောအစားအသောက်ရောင်းချရာနေရာများကို ည ၁၀ နာရီနောက်ဆုံးထား၍ပိတ်သွားရန်နှင့် အစားအသောက်များကို စားပွဲထိုးကသာ စားသုံးသူများထံ သယ်ဆောင်ချထားပေးမည့်စနစ် ကိုသာ ကျင့်သုံးကြရန်လည်းစည်းကမ်းသတ်မှတ်ထားသည်။

လူခြောက်ဦးထက်ပို၍ စုဝေးသွားလာခြင်းမျိုးကိုမပြုလုပ်ကြရန်နှင့် မင်္ဂလာအခမ်းအနားများတွင်လည်း လူ ၁၅ ဦးထက်ပို၍တက်ရောက်ခြင်းမပြုရန် စည်းကမ်းအသစ်များက ဖေါ်ပြထားသည်။ စကော့တလန် နယ်တွင်မူ အခြားအိမ်များသို့သွားရောက်လည်ပတ်ခြင်းကိုပါတားမြစ်ထားပြီး မြောက်အိုင်ယာလန်နယ် တွင် အိမ်တစ်အိမ်အတွင်းအိမ်သူအိမ်သားများ ရောနှောနေထိုင်ခြင်းမပြုရန်ပါ စည်းကမ်းအသစ်များက တားမြစ်ထားသည်။

ထိုစည်းမျဉ်းအသစ်များကိုချိုးဖောက်မှုပြုခဲ့ပါက ပထမအကြိမ်အဖြစ် ပေါင်စတာလင် ၂၀၀ ဒဏ်ငွေပေး ဆောင်ရန်သတ်မှတ်ထားကြောင်းလည်းသိရသည်။

ထို့ပြင်ပြည်သူများအားအစားအစာနှင့်ဆေးဝါးများဝယ်ယူရေး၊ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ကျန်းမာ ရေးဆိုင်ရာလိုအပ်ချက်များနှင့် မဖြစ်မနေ ရုံးလုပ်ငန်းများသို့ သွားလာရခြင်းမျိုးများမှလွဲ၍ အိမ်တွင်သာ နေကြရန်နှင့် ရုံးဝန်ထမ်းများအနေဖြင့် တတ်နိုင်သမျှမိမိအိမ်မှ အလုပ်လုပ်ကြရန် ဝန်ကြီးချုပ် ဘိုးရစ် ဂျွန်ဆစ် ကတိုက်တွန်းပြောကြားခဲ့သည်။
ဝန်ကြီးချုပ်က ဤစည်းမျဉ်းသတ်မှတ်ချက်များကို ခြောက်လအထိကြာအောင် ကျင့်သုံးသွားရဖွယ်ရှိ ကြောင်းနှင့် စည်းမျဉ်းများ ထိရောက် အကျိုးသက်ရောက်မှုရှိစေရန် ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ၏လက် နက်ကိုင်တပ်ဖွဲ့ဝင်များကလည်း ရဲအဖွဲ့ကို အထောက်အကူပေးသွားရမည်ဖြစ်ကြောင်း၊ စစ်တပ်အနေ ဖြင့် အင်္ဂလန်လမ်းများပေါ်တွင် ခြောက်လတာကာလအတွင်း ကင်းလှည့်စောင့်ရှောက် နေမည် ဖြစ် ကြောင်းပြောကြားသွားခဲ့သည်။

အချို့သော ကျွမ်းကျင်ပညာရှင်များကမူ ဝန်ကြီးချုပ်ဘိုးရစ်ဂျွန်ဆင် ၏ ယခုစည်းမျဉ်းသတ်မှတ်ချက် အသစ်များက နေ့စဉ် ပိုးအသစ်တွေ့ရှိသူ ၅၀,၀၀၀ ခန့်ရှိနေကာ အောက်တိုဘာလလယ်အထိဤနှုန်း အတိုင်းဆက်လက်ရှိနေဖွယ်ဖြစ်သော၊ ရောဂါကြောင့်သေဆုံးရသူမှာလည်း တစ်ရက်လျှင် လူ ၂၀၀ ခန့်ရှိကာ နိုဝင်ဘာလအထိ ဤနှုန်းအတိုင်းဆက်လက်ရှိနေဖွယ်ဖြစ်သော ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ အတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးအားထိရောက်လုံလောက်သော ထိန်းချုပ်ဟန့်တားမှုမဖြစ်နိုင်ဟု ဝေဖန်ပြောကြားခဲ့ကြသည်။

Ref——dailymail.co.uk
translated by Htwe Ko Tun

Ref——dailymail.co.uk
translated by Htwe Ko Tun
လန်ဒန်မြို့မြေအောက်ရထားတစ်စီးပေါ်တွင် နှာခေါင်းစည်းများတပ်လျက် သွားလာနေကြသော ပြည်သူများအား စက်တင်ဘာလ ၂၂ ရက်ကတွေ့ရစဉ်။
(photo—dailymail.co.uk)

ယူႏိုက္တစ္ကင္းဒမ္းႏိုင္ငံတြင္ ကိုဗစ္-၁၉ ဗိုင္းရပ္ထိန္းခ်ဳပ္ေရးအတြက္ ပိုမိုတင္က်ပ္ေသာ စည္းကမ္း ခ်က္မ်ားထုတ္ျပန္၊ စစ္တပ္က စည္းမ်ဥ္းမ်ားထိေရာက္မႈရွိေစေရး ဝင္ေရာက္ကူညီမည္

ကိုဗစ္-၁၉ ကပ္ေရာဂါဆိုးေၾကာင့္ ေန႔စဥ္ဗိုင္းရပ္ကူးစက္ခံရသူအေရအတြက္ ၅၀,၀၀၀ ထိျမင့္တက္လာ ေနေသာ ယူႏိုက္တစ္ကင္းဒမ္းႏိုင္ငံတြင္ ကပ္ေရာဂါဆိုးအားထိန္းခ်ဳပ္ရန္ ပိုမိုတင္းက်ပ္ေသာ စည္းမ်ဥ္း ကန္႔သတ္ခ်က္မ်ားကို စက္တင္ဘာလ ၂၄ ရက္မွစတင္က်င့္သံုးသြားမည္ဟု ေျပာၾကားခဲ့ေၾကာင္းသိရ သည္။

ဤကဲ့သို႔ စည္းမ်ဥ္းကန္႔သတ္ခ်က္မ်ားႏွင့္ေဆာင္ရြက္ေသာ္လည္း ဆက္လက္၍ ဗိုင္းရပ္ကူးစက္ ခံရသူ ျမင့္တက္ေနေသးပါကပိုမို၍တင္းက်ပ္ေဆာင္ရြက္သြားရလိမ့္မည္ျဖစ္ေၾကာင္းလည္း ယူႏိုက္တစ္ ကင္းဒမ္းအစိုးရက ျပည္သူမ်ားအားသတိေပးေျပာၾကားခဲ့သည္။

စည္းမ်ဥ္းအသစ္မ်ားအရ ျပည္သူမ်ားအေနႏွင့္ ႏွာေခါင္းစည္းမ်ားကို ျပင္ပသို႔သြားတိုင္းမျဖစ္မေနဝတ္ ဆင္ၾကရန္ တိုက္တြန္းထားေၾကာင္းသိရသည္။ အဂၤလန္နယ္တြင္ အရက္ဆိုင္၊စားေသာက္ဆိုင္မ်ားႏွင့္ အျခားေသာအစားအေသာက္ေရာင္းခ်ရာေနရာမ်ားကို ည ၁၀ နာရီေနာက္ဆံုးထား၍ပိတ္သြားရန္ႏွင့္ အစားအေသာက္မ်ားကို စားပဲြထိုးကသာ စားသံုးသူမ်ားထံ သယ္ေဆာင္ခ်ထားေပးမည့္စနစ္ ကိုသာ က်င့္သံုးၾကရန္လည္းစည္းကမ္းသတ္မွတ္ထားသည္။

လူေျခာက္ဦးထက္ပို၍ စုေဝးသြားလာျခင္းမ်ိဳးကိုမျပဳလုပ္ၾကရန္ႏွင့္ မဂၤလာအခမ္းအနားမ်ားတြင္လည္း လူ ၁၅ ဦးထက္ပို၍တက္ေရာက္ျခင္းမျပဳရန္ စည္းကမ္းအသစ္မ်ားက ေဖၚျပထားသည္။ စေကာ့တလန္ နယ္တြင္မူ အျခားအိမ္မ်ားသို႔သြားေရာက္လည္ပတ္ျခင္းကိုပါတားျမစ္ထားၿပီး ေျမာက္အိုင္ယာလန္နယ္ တြင္ အိမ္တစ္အိမ္အတြင္းအိမ္သူအိမ္သားမ်ား ေရာေႏွာေနထိုင္ျခင္းမျပဳရန္ပါ စည္းကမ္းအသစ္မ်ားက တားျမစ္ထားသည္။

ထိုစည္းမ်ဥ္းအသစ္မ်ားကိုခ်ိဳးေဖာက္မႈျပဳခဲ့ပါက ပထမအႀကိမ္အျဖစ္ ေပါင္စတာလင္ ၂၀၀ ဒဏ္ေငြေပး ေဆာင္ရန္သတ္မွတ္ထားေၾကာင္းလည္းသိရသည္။

ထို႔ျပင္ျပည္သူမ်ားအားအစားအစာႏွင့္ေဆးဝါးမ်ားဝယ္ယူေရး၊ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ျခင္း၊က်န္းမာ ေရးဆိုင္ရာလိုအပ္ခ်က္မ်ားႏွင့္ မျဖစ္မေန ရံုးလုပ္ငန္းမ်ားသို႔ သြားလာရျခင္းမ်ိဳးမ်ားမွလဲြ၍ အိမ္တြင္သာ ေနၾကရန္ႏွင့္ ရံုးဝန္ထမ္းမ်ားအေနျဖင့္ တတ္ႏိုင္သမွ်မိမိအိမ္မွ အလုပ္လုပ္ၾကရန္ ဝန္ႀကီးခ်ဳပ္ ဘိုးရစ္ ဂၽြန္ဆစ္ ကတိုက္တြန္းေျပာၾကားခဲ့သည္။
ဝန္ႀကီးခ်ဳပ္က ဤစည္းမ်ဥ္းသတ္မွတ္ခ်က္မ်ားကို ေျခာက္လအထိၾကာေအာင္ က်င့္သံုးသြားရဖြယ္ရွိ ေၾကာင္းႏွင့္ စည္းမ်ဥ္းမ်ား ထိေရာက္ အက်ိဳးသက္ေရာက္မႈရွိေစရန္ ယူႏိုက္တစ္ကင္းဒမ္းႏိုင္ငံ၏လက္ နက္ကိုင္တပ္ဖဲြ႕ဝင္မ်ားကလည္း ရဲအဖဲြ႕ကို အေထာက္အကူေပးသြားရမည္ျဖစ္ေၾကာင္း၊ စစ္တပ္အေန ျဖင့္ အဂၤလန္လမ္းမ်ားေပၚတြင္ ေျခာက္လတာကာလအတြင္း ကင္းလွည္ ့ေစာင့္ေရွာက္ ေနမည္ ျဖစ္ ေၾကာင္းေျပာၾကားသြားခဲ့သည္။

အခ်ိဳ႕ေသာ ကၽြမ္းက်င္ပညာရွင္မ်ားကမူ ဝန္ႀကီးခ်ဳပ္ဘိုးရစ္ဂၽြန္ဆင္ ၏ ယခုစည္းမ်ဥ္းသတ္မွတ္ခ်က္ အသစ္မ်ားက ေန႔စဥ္ ပိုးအသစ္ေတြ႕ရွိသူ ၅၀,၀၀၀ ခန္႔ရွိေနကာ ေအာက္တိုဘာလလယ္အထိဤႏႈန္း အတိုင္းဆက္လက္ရွိေနဖြယ္ျဖစ္ေသာ၊ ေရာဂါေၾကာင့္ေသဆံုးရသူမွာလည္း တစ္ရက္လွ်င္ လူ ၂၀၀ ခန္႔ရွိကာ ႏိုဝင္ဘာလအထိ ဤႏႈန္းအတိုင္းဆက္လက္ရွိေနဖြယ္ျဖစ္ေသာ ယူႏိုက္တစ္ကင္းဒမ္းႏိုင္ငံ အတြက္ ကိုဗစ္-၁၉ ကပ္ေရာဂါဆိုးအားထိေရာက္လံုေလာက္ေသာ ထိန္းခ်ဳပ္ဟန္႔တားမႈမျဖစ္ႏိုင္ဟု ေဝဖန္ေျပာၾကားခဲ့ၾကသည္။

Ref——dailymail.co.uk
translated by Htwe Ko Tun

Ref——dailymail.co.uk
translated by Htwe Ko Tun
လန္ဒန္ၿမိဳ႕ေျမေအာက္ရထားတစ္စီးေပၚတြင္ ႏွာေခါင္းစည္းမ်ားတပ္လ်က္ သြားလာေနၾကေသာ ျပည္သူမ်ားအား စက္တင္ဘာလ ၂၂ ရက္ကေတြ႕ရစဥ္။
(photo—dailymail.co.uk)

 

Leave a Reply