ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ရသေ့တောင် မြို့နယ် တရားရုံးတွင် ရုံးထုတ်

0
199

ရန်ကုန် ဇန်နဝါရီ ၂၉ ၊၂၀၁၈

စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးထားသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ နှစ်ဦးကို စစ်တွေအကျဉ်းထောင်မှတဆင့် ရသေ့တောင်မြို့နယ်တရားရုံးတွင် ယနေ့မနက်ပိုင်းက ရုံးထုတ်ခဲ့ကြောင်းသိရသည်။

ယနေ့မနက် ၁၀ နာရီခန့်တွင် စစ်တွေအကျဉ်းထောင်မှ စက်လှေဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ရသေ့တောင်မြို့ မင်းချောင်းတံတားရောက်မှ ရဲကားများဖြင့် မြီု့နယ်တရားရုံးသို့ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို လုံခြုံရေး အထူးတင်းကြပ်ထားပြီး မိသားစုများပင် တွေ့ဆုံခွင့် မရခဲ့ကြောင်း သိရသည်။

“ ရသေ့တောင် တရားရုံးမှာတော့ ခဏပဲ။ အခုတော့ စစ်တွေထောင် ပြန်ရောက်နေပြီ။ လုံခြုံရေးကတော့ အများကြီးပဲ။ “ ဟု ရခိုင် အမျိုးသားပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုဖမ်းခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဇန်နဝါရီ ၃၁ ရက်တွင် ရုံးထုတ် စစ်ဆေးမည်ဟုဆိုသော်လည်း ယနေ့တွင် ရုံးထုတ်ခဲ့ခြင်းသည်။

မတရားအသင်းနှင့်ဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ဖြင့် ရသေ့တောင်မြို့နယ်တွင် ရုံးတင်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၁ (ခ)(ဂ)ဖြင့် စစ်တွေတရားရုံးတွင် ရုံးတင်မည်ဖြစ်ကြောင်းလည်းသိရသည်။

သျှင်ရဲထွဋ်

Leave a Reply