COVID ပိုးကင္းစင္ေၾကာင္းေထာက္ခံစာျဖင္႔ကုန္တင္ယာဥ္မ်ားအား ဝင္ထြက္ခြင့္ျပဳရန္စီစဥ္ေန

0
14

COVID ပိုးကင်းစင်ကြောင်းထောက်ခံစာဖြင့်ကုန်တင်ယာဉ်များအား ဝင်ထွက်ခွင့်ပြုရန်စီစဉ်နေ

မန္တလေးတိုင်းဒေသကြီးမှ ယာဉ်မောင်းယာဉ်နောက်လိုက်များဖြင့်လဲလှယ်မောင်းနှင်ရသည့် စနစ်အစား COVID -19ပိုးကင်းစင်ကြောင်းကျန်းမာရေးထောက်ခံစာဖြင့်ကုန်တင်ယာဉ်များအား ဝင်ထွက်ခွင့်ပြုရန်စီစဉ်နေကြောင်းရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးထံကသိရသည် ။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ရက်နေ့တွင် Coronavirus Diease 2019(COVIC-19)ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အာလုံးအတွက် ကုန်တင်ယာဉ်များသွားလာမှုနှင့်စပ်လျဉ်း၍ စံသတ်မှတ်ချက်(Standard Operating Procedure-SOP)အား လိုက်နာဆောင်ရွက် ရေး ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည် ။

” ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက နှစ်ပတ်အတွင်းထုတ်ပေးထားတဲ့COVID19ရောဂါကင်းရှင်း(Negative)ကြောင်းထောက်ခံချက်ပါရှိရင် ဝင်ရောက်ဖို့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ကို တင်ပြထားတယ် ။ မကြာခင်ထွက်မှာပါ”ဟုရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးဦးဇော်မင်းဟန်ကပြောသည် ။

မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်များမှတဆင့် COVID-19ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ရခိုင်ပြည်နယ်နှင့်ရန်ကုန်တိုင်းဒေသကြီးမှ ယာဉ်မောင်း ယာဉ်နောက်လိုက်များကို ရမည်းသင်းတွင် လဲလှယ်မောင်းနှင်စေမည်ဖြစ်ကြောင်း စက်တင်ဘာလ၁၁ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှညွှန်ကြားချက်ထုတ်ပြန်ခဲ့သည် ။

” ကားတွေက မန္တလေးကိုဝင်မယ်လို့မပြောတော့ဘဲသွားနေကြတာများတယ် ။ ရန်ကုန်ကလာပါတယ်မပြောတော့ဘဲ တခြားဒေသကလာတယ်လို့ပဲပြောနေကြပြီး ရမည်းသင်းကို အလွယ်တကူဖြတ်ချင်တာနဲ့ပဲဖုံးကွယ်နေတာက မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေစေပါတယ် ” ဟုမြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးကျော်သူရက ပြောသည် ။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းဖြတ်သန်းသွားသည့် ကုန်တင်ယာဉ်များကို ခွင့်ပြုလက်မှတ်များထုတ်ပေးခြင်းနှင့်မန္တလေးတိုင်းဒေသကြီးတွင်နေထိုင်သည့်ဌာနေပြန် ယာဉ်မောင်းများကိုသက်ဆိုင်ရာဒေသများတွင်Quratineဝင်စေခြင်းတို့ကို ကောင်တာ ၅ခုဖြင့်စစ်ဆေးဆောင်ရွက်ပေးနေကြောင်းသိရသည် ။

မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)စာရင်းအရ တရားဝင်ရန်ကုန်-မန္တလေး ကုန်တင်ယာဉ်လိုင်းဂိတ်ပေါင်း ၈၀ခန့်ရှိပြီး တရားဝင်ဂိတ်မဟုတ်ဘဲ ပြင်ပကုန်တင်ယာဉ်ဝန်ဆောင်မှုလုပ်နေသည့်လုပ်ငန်းများပါဝင်ပါက ဂိတ်ပေါင်း ၁၀၀ကျော်ခန့်ရှိကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၲေလးတိုင္းေဒသႀကီးမွ ယာဥ္ေမာင္းယာဥ္ေနာက္လိုက္မ်ားျဖင္႔လဲလွယ္ေမာင္းႏွင္ရသည္႔ စနစ္အစား COVID -19ပိုးကင္းစင္ေၾကာင္းက်န္းမာေရးေထာက္ခံစာျဖင္႔ကုန္တင္ယာဥ္မ်ားအား ဝင္ထြက္ခြင္႔ျပဳရန္စီစဥ္ေနေၾကာင္းရမည္းသင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႈးထံကသိရသည္ ။

ၿပီးခဲ႔သည္႔ စက္တင္ဘာလ ၂၀ရက္ေန႔တြင္ Coronavirus Diease 2019(COVIC-19)ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင္႔ ဗဟိုေကာ္မတီမွ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႔အာလံုးအတြက္ ကုန္တင္ယာဥ္မ်ားသြားလာမႈႏွင္႔စပ္လ်ဥ္း၍ စံသတ္မွတ္ခ်က္(Standard Operating Procedure-SOP)အား လိုက္နာေဆာင္ရြက္ ေရး ညႊန္ၾကားခ်က္ကို ထုတ္ျပန္ခဲ႔သည္ ။

” ယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေတြမွာ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ႏွစ္ပတ္အတြင္းထုတ္ေပးထားတဲ႔COVID19ေရာဂါကင္းရွင္း(Negative)ေၾကာင္းေထာက္ခံခ်က္ပါရွိရင္ ဝင္ေရာက္ဖို႔အတြက္ သက္ဆိုင္ရာအစိုးရအဖြဲ႕ကို တင္ျပထားတယ္ ။ မၾကာခင္ထြက္မွာပါ”ဟုရမည္းသင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႈးဦးေဇာ္မင္းဟန္ကေျပာသည္ ။

မႏၲေလးတိုင္းေဒသႀကီးအတြင္း ကုန္တင္ယာဥ္မ်ားမွတဆင္႔ COVID-19ေရာဂါ ကူးစက္မႈ မရွိေစေရးအတြက္ ရခိုင္ျပည္နယ္ႏွင္႔ရန္ကုန္တိုင္းေဒသႀကီးမွ ယာဥ္ေမာင္း ယာဥ္ေနာက္လိုက္မ်ားကို ရမည္းသင္းတြင္ လဲလွယ္ေမာင္းႏွင္ေစမည္ျဖစ္ေၾကာင္း စက္တင္ဘာလ၁၁ရက္ေန႔တြင္မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႔မွညႊန္ၾကားခ်က္ထုတ္ျပန္ခဲ႔သည္ ။

” ကားေတြက မႏၲေလးကိုဝင္မယ္လို႔မေျပာေတာ႔ဘဲသြားေနၾကတာမ်ားတယ္ ။ ရန္ကုန္ကလာပါတယ္မေျပာေတာ႔ဘဲ တျခားေဒသကလာတယ္လို႔ပဲေျပာေနၾကျပီး ရမည္းသင္းကို အလြယ္တကူျဖတ္ခ်င္တာနဲ႔ပဲဖံုးကြယ္ေနတာက မလိုလားအပ္တဲ႔ က်န္းမာေရးၿပႆနာေတြ ရွိေနေစပါတယ္ ” ဟုျမန္မာႏိုင္ငံ အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရး ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း(မႏၲေလးတိုင္းေဒသႀကီး)ဥကၠ႒ ဦးေက်ာ္သူရက ေျပာသည္ ။

လက္ရွိတြင္ မႏၲေလးတိုင္းေဒသႀကီးအတြင္းျဖတ္သန္းသြားသည္႔ ကုန္တင္ယာဥ္မ်ားကို ခြင္႔ျပဳလက္မွတ္မ်ားထုတ္ေပးျခင္းႏွင္႔မႏၲေလးတိုင္းေဒသႀကီးတြင္ေနထိုင္သည္႔ဌာေနျပန္ ယာဥ္ေမာင္းမ်ားကိုသက္ဆိုင္ရာေဒသမ်ားတြင္Quratineဝင္ေစျခင္းတို႔ကို ေကာင္တာ ၅ခုျဖင္႔စစ္ေဆးေဆာင္ရြက္ေပးေနေၾကာင္းသိရသည္ ။

ျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း(မႏၲေလးတိုင္းေဒသႀကီး)စာရင္းအရ တရားဝင္ရန္ကုန္-မႏၲေလး ကုန္တင္ယာဥ္လိုင္းဂိတ္ေပါင္း ၈၀ခန္႔ရွိၿပီး တရားဝင္ဂိတ္မဟုတ္ဘဲ ျပင္ပကုန္တင္ယာဥ္ဝန္ေဆာင္မႈလုပ္ေနသည္႔လုပ္ငန္းမ်ားပါဝင္ပါက ဂိတ္ေပါင္း ၁၀၀ေက်ာ္ခန္႔ရွိေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply