ရန္ကုန္ – မႏၲေလးအျမန္ရထားႏွင့္ ၾကည့္ျမင္တိုင္ -ျပည္ စာပို႔ရထား ယာယီရပ္နား

0
15

ရန်ကုန် – မန္တလေးအမြန်ရထားနှင့် ကြည့်မြင်တိုင် -ပြည် စာပို့ရထား ယာယီရပ်နား

စက်တင်ဘာ ၂၅

ရန်ကုန် – မန္တလေးအမြန်ရထားနှင့် ကြည့်မြင်တိုင် -ပြည် စာပို့ရထားတို့ကို ယာယီရပ်နားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား ၊တိုင်း အမှတ်(၇) မှ သိရသည်။

ရန်ကုန် – မန္တလေး ခရီးစဉ် ပြေးဆွဲနေသော အမှတ် (၃)အဆန်/(၄)အစုန်အမြန်ရထားနှင့် ကြည့်မြင်တိုင် – ပြည် ခရီးစဉ် ပြေးဆွဲနေသော အမှတ် (၆၃)အဆန်/(၆၄)အစုန် စာပို့ရထားတို့ကို စက်တင်ဘာလ ၂၅ ရက်မှစ၍ ယာယီရပ်နားမည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်က COVID-19 ရောဂါ ကူးစက် ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ခရီးသွားလာမှု ကန့်သတ်ချက်များအရ ရထားဖြင့် ခရီးသည် စီးနင်းလိုက်ပါမှုများ လျော့နည်းသွားသည့် အတွက် အဓိကကျသည့် လမ်းပိုင်း (၆)ခုတွင် ရထားတစ်စီးစီ ဆက်လက်ပြေးဆွဲပေးခဲ့ပြီး ကျန်ရထားများကို ယာယီရပ်နားထားခဲ့သည်။

မြန်မာ့မီးရထားအနေဖြင့် ခရီးဝေးရထားများ ဖြစ်သော ရန်ကုန်-မန္တလေးလမ်းပိုင်းတွင်
အမှတ် ၃ အဆန်/၄ အစုန် လူစီးရထား၊မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် အမှတ် ၄၁ အဆန်/ ၄၂ အစုန် လူစီးရထား ၊ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ် ၆၃ အဆန်/၆၄ အစုန် လူစီး ပါဆယ်ရထား၊ နေပြည်တော်-ချောက် လမ်းပိုင်းတွင် အမှတ် ၁၀၁ အဆန်/၁၀၂ အစုန် လူစီးရထား၊ပုသိမ်-ကြံခင်း လမ်းပိုင်းတွင် အမှတ် ၁၈၅ အဆန်/ ၁၈၆ အစုန် လူစီးရထားနှင့် မန္တလေး-လားရှိုးလမ်းပိုင်းတွင် နယ်စပ်မှ နေရပ်ပြန်များအတွက် အမှတ် ၁၃၁ အဆန်/၁၃၂ အစုန် လူစီးရထားတို့ကို ပြေးဆွဲ ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့ပတ်ရထားကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်မှစ၍ ရုံးချိန်တွင်သာ ပြေးဆွဲမည်ဖြစ်သောကြောင့် နေ့လည်ပိုင်းတွင် ပြေးဆွဲသော လက်ယာရစ်မြို့ပတ်သည့် ခ/၃ နှင့် ခ/၄ ရထား၂စီးနှင့် လက်ဝဲရစ်မြို့ပတ်သည့် က/၄နှင့် က/၅ မြို့ပတ်ရထား၂စီးတို့အား ယာယီရပ်နား ထားခဲ့သည်။

အဆိုပါ ရန်ကုန်မြို့ပတ်ရထားများကို စက်တင်ဘာလ ၂၁ ရက်မှစ၍ ရန်ကုန်- လှော်ကား လမ်းပိုင်း၊ရန်ကုန်- မဂ်လာဒုံလမ်းပိုင်းနှင့် ရန်ကုန်-ရွာသာကြီးလမ်းပိုင်းတို့တွင် မနက်ပိုင်း ရုံးချိန်ရထား ၂စီးစီနှင့် ညနေပိုင်း ရုံးဆင်းချိန် ရထား ၂စီးစီတို့အား ပုံမှန်အတိုင်း ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ရန္ကုန္ – မႏၲေလးအျမန္ရထားႏွင့္ ၾကည့္ျမင္တိုင္ -ျပည္ စာပို႔ရထား ယာယီရပ္နား

စက္တင္ဘာ ၂၅

ရန္ကုန္ – မႏၲေလးအျမန္ရထားႏွင့္ ၾကည့္ျမင္တိုင္ -ျပည္ စာပို႔ရထားတို႔ကို ယာယီရပ္နားမည္ ျဖစ္ေၾကာင္း ျမန္မာ့မီးရထား ၊တိုင္း အမွတ္(၇) မွ သိရသည္။

ရန္ကုန္ – မႏၲေလး ခရီးစဥ္ ေျပးဆြဲေနေသာ အမွတ္ (၃)အဆန္/(၄)အစုန္အျမန္ရထားႏွင့္ ၾကည့္ျမင္တိုင္ – ျပည္ ခရီးစဥ္ ေျပးဆြဲေနေသာ အမွတ္ (၆၃)အဆန္/(၆၄)အစုန္ စာပို႔ရထားတို႔ကို စက္တင္ဘာလ ၂၅ ရက္မွစ၍ ယာယီရပ္နားမည္ ျဖစ္သည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၂ ရက္က COVID-19 ေရာဂါ ကူးစက္ ျပန္႔ႏွံ႔မွုကို ထိန္းခ်ဳပ္နိုင္ရန္အတြက္ ခရီးသြားလာမွု ကန္႔သတ္ခ်က္မ်ားအရ ရထားျဖင့္ ခရီးသည္ စီးနင္းလိုက္ပါမွုမ်ား ေလ်ာ့နည္းသြားသည့္ အတြက္ အဓိကက်သည့္ လမ္းပိုင္း (၆)ခုတြင္ ရထားတစ္စီးစီ ဆက္လက္ေျပးဆြဲေပးခဲ့ၿပီး က်န္ရထားမ်ားကို ယာယီရပ္နားထားခဲ့သည္။

ျမန္မာ့မီးရထားအေနျဖင့္ ခရီးေဝးရထားမ်ား ျဖစ္ေသာ ရန္ကုန္-မႏၲေလးလမ္းပိုင္းတြင္
အမွတ္ ၃ အဆန္/၄ အစုန္ လူစီးရထား၊မႏၲေလး-ျမစ္ႀကီးနား လမ္းပိုင္းတြင္ အမွတ္ ၄၁ အဆန္/ ၄၂ အစုန္ လူစီးရထား ၊ရန္ကုန္-ျပည္လမ္းပိုင္းတြင္ အမွတ္ ၆၃ အဆန္/၆၄ အစုန္ လူစီး ပါဆယ္ရထား၊ ေနျပည္ေတာ္-ေခ်ာက္ လမ္းပိုင္းတြင္ အမွတ္ ၁၀၁ အဆန္/၁၀၂ အစုန္ လူစီးရထား၊ပုသိမ္-ႀကံခင္း လမ္းပိုင္းတြင္ အမွတ္ ၁၈၅ အဆန္/ ၁၈၆ အစုန္ လူစီးရထားႏွင့္ မႏၲေလး-လားရွိုးလမ္းပိုင္းတြင္ နယ္စပ္မွ ေနရပ္ျပန္မ်ားအတြက္ အမွတ္ ၁၃၁ အဆန္/၁၃၂ အစုန္ လူစီးရထားတို႔ကို ေျပးဆြဲ ေပးမည္ ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

ထို႔ျပင္ ရန္ကုန္ၿမိဳ႕ပတ္ရထားကိုလည္း ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၁ ရက္မွစ၍ ႐ုံးခ်ိန္တြင္သာ ေျပးဆြဲမည္ျဖစ္ေသာေၾကာင့္ ေန႔လည္ပိုင္းတြင္ ေျပးဆြဲေသာ လက္ယာရစ္ၿမိဳ႕ပတ္သည့္ ခ/၃ ႏွင့္ ခ/၄ ရထား၂စီးႏွင့္ လက္ဝဲရစ္ၿမိဳ႕ပတ္သည့္ က/၄ႏွင့္ က/၅ ၿမိဳ႕ပတ္ရထား၂စီးတို႔အား ယာယီရပ္နား ထားခဲ့သည္။

အဆိုပါ ရန္ကုန္ၿမိဳ႕ပတ္ရထားမ်ားကို စက္တင္ဘာလ ၂၁ ရက္မွစ၍ ရန္ကုန္- ေလွာ္ကား လမ္းပိုင္း၊ရန္ကုန္- မဂ္လာဒုံလမ္းပိုင္းႏွင့္ ရန္ကုန္-ရြာသာႀကီးလမ္းပိုင္းတို႔တြင္ မနက္ပိုင္း ႐ုံးခ်ိန္ရထား ၂စီးစီႏွင့္ ညေနပိုင္း ႐ုံးဆင္းခ်ိန္ ရထား ၂စီးစီတို႔အား ပုံမွန္အတိုင္း ေျပးဆြဲေပးေနျခင္း ျဖစ္သည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply