မႏၱေလးတြင္ ဖမ္း၀ရမ္းထုတ္ထားသည္႔ ဗကသ ေက်ာင္းသားႏွစ္ဦး ဆႏၵထပ္ျပ

0
23

မန္တလေးတွင် ဖမ်းဝရမ်းထုတ်ထားသည့် ဗကသ ကျောင်းသားသုံးဦး ဆန္ဒထပ်ပြ

မန္တလေးတွင် ဖမ်းဝရမ်းထုတ်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားသုံးဦး ဆန္ဒထပ်ပြ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည် ။

အဆိုပါ ဆန္ဒပြတောင်းဆိုမှုတွင် ပါဝင်ခဲ့သည့် ဗကသ အဖွဲ့ဝင် ကျောင်းသား ကျော်သီဟရဲကျော်နှင့် စိုးလှနိုင် တို့နှစ်ဦးအား ဆန္ဒပြ နေရာတွင် ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည် ။

” သူတို့ကို တရားသူကြီးကိုယ်တိုင်ကလဲ ဖမ်းဝရမ်းထုတ်ထားပါတယ် ။ သူတို့က ငြိမ်းစီ ၁၉မှာ တရားခံပြေးဖြစ်နေပါတယ် ။ အဲ့တာကြောင့် ဖမ်းတာပါ ” ဟု ချမ်းအေးသာဇံမြို့နယ် အမှတ် ၆ နယ်မြေရဲစခန်းမှ ရဲအုပ်တိုးတိုးကပြောသည် ။

ဆန္ဒပြတောင်းဆိုမှုကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ၂၆ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ ဈေးချို နာရီအောက်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချူပ်မှ ကျောင်းသား ၃ ဦးက ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ၊ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ကျောင်းသား ၁၃ ဦးခန့် က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် အင်တာနက်ဖြတ်တောက်ထားမှုများအား အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့ကြသေးသည် ။

ဆန္ဒပြရာတွင်ပါဝင်ခဲ့သော ကျောင်းသား(၉)ဦးမှာ ဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အတွက် တရားခံပြေးအဖြစ် ရာဇဝတ် အထွေထွေအမှုအမှတ်-၁၆၉/၂၀၂၀ဖြင့် ရေးဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒပြတောင်းဆိုမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသား မျိုးချစ်ဆွေ(ခေါ်) ဘချစ်အား စက်တင်ဘာလ ၂၄ ရက်နေ့ က ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ငြိမ်စုစီ ဥပဒေပုဒ်မ – ၁၉ အရ အလုပ်နဲ့ ထောင်ဒဏ် တစ်လအား ပြစ်ဒဏ်ချမှတ်ခဲ့သည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၲေလးတြင္ ဖမ္းဝရမ္းထုတ္ထားသည့္ ဗကသ ေက်ာင္းသားသံုးဦး ဆႏၵထပ္ျပ

မႏၲေလးတြင္ ဖမ္းဝရမ္းထုတ္ထားသည့္ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္မွ ေက်ာင္းသားသံုးဦး ဆႏၵထပ္ျပ၍ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့သည္ ။

အဆိုပါ ဆႏၵျပေတာင္းဆိုမႈတြင္ ပါဝင္ခဲ့သည့္ ဗကသ အဖြဲ႕ဝင္ ေက်ာင္းသား ေက်ာ္သီဟရဲေက်ာ္ႏွင့္ စိုးလွႏိုင္ တို႔ႏွစ္ဦးအား ဆႏၵျပ ေနရာတြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္ ။

” သူတို႔ကို တရားသူႀကီးကိုယ္တိုင္ကလဲ ဖမ္းဝရမ္းထုတ္ထားပါတယ္ ။ သူတို႔က ၿငိမ္းစီ ၁၉မွာ တရားခံေျပးျဖစ္ေနပါတယ္ ။ အဲ့တာေၾကာင့္ ဖမ္းတာပါ ” ဟု ခ်မ္းေအးသာဇံၿမိဳ႕နယ္ အမွတ္ ၆ နယ္ေျမရဲစခန္းမွ ရဲအုပ္တိုးတိုးကေျပာသည္ ။

ဆႏၵျပေတာင္းဆိုမႈကို စက္တင္ဘာလ ၂၅ ရက္ေန႔ နံနက္ပိုင္းက ၂၆ လမ္းႏွင့္ ၈၄ လမ္းေထာင့္ရွိ ေဈးခ်ိဳ နာရီေအာက္တြင္ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ား အဖြဲ႕ခ်ဴပ္မွ ေက်ာင္းသား ၃ ဦးက ေႂကြးေၾကာ္ ဆႏၵျပေတာင္းဆိုခဲ့ၾကၿပီး ၊ စက္တင္ဘာလ ၁၀ ရက္ေန႔ကလည္း ေက်ာင္းသား ၁၃ ဦးခန႔္ က ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္မ်ားတြင္ အင္တာနက္ျဖတ္ေတာက္ထားမႈမ်ားအား အျမန္ဆုံးျပန္လည္ ဖြင့္လွစ္ေပးရန္ ေတာင္းဆိုခဲ့ၾကေသးသည္ ။

ဆႏၵျပရာတြင္ပါဝင္ခဲ့ေသာ ေက်ာင္းသား(၉)ဦးမွာ ဖမ္းဆီးႏိုင္ျခင္းမရွိေသးသည့္အတြက္ တရားခံေျပးအျဖစ္ ရာဇဝတ္ အေထြေထြအမႈအမွတ္-၁၆၉/၂၀၂၀ျဖင့္ ေရးဖြင့္ထားၿပီး ဖမ္းဝရမ္းထုတ္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ ဆႏၵျပေတာင္းဆိုမႈတြင္ ပါဝင္ခဲ့သည့္ ေက်ာင္းသား မ်ိဳးခ်စ္ေဆြ(ေခၚ) ဘခ်စ္အား စက္တင္ဘာလ ၂၄ ရက္ေန႔ က ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးတြင္ ၿငိမ္စုစီ ဥပေဒပုဒ္မ – ၁၉ အရ အလုပ္နဲ႔ ေထာင္ဒဏ္ တစ္လအား ျပစ္ဒဏ္ခ်မွတ္ခဲ့သည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply