ဦးကိုနီနှင့်ကိုနေ၀င်း အတွက် (၁)နှစ်ပြည့်ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားကျင်းပ

0
178

ရန်ကုန် ၊ ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈

ရန်ကုန်လေဆိပ်တွင် သေနတ်သမားကြည်လင်း၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် တရားလွှတ်တော်ရှေ့နေဦးကိုနီ နှင့် လေဆိပ်အငှား ယာဉ်မောင်း ကိုနေ၀င်းတို့၏ (၁)နှစ်ပြည့်ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်း အနားကို ယနေ့မွန်းလွဲပိုင်း က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမ တွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဗုဒ္ဓဘာသာ ၊ ခရစ်ယာန် ၊ အစ္စလာမ်နှင့် ဟိန္ဒူ ဘာသာရေးခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံဆိုင် ရာအမေရိကန် သံအမတ်ကြီးနှင့် စာရေးဆရာချစ်ဦးညိုတို့ ကဂုဏ်ပြုစကားပြောကြား ခဲ့သည်။

“အမှန်အတွက်ကိုယ်စားပြုပြီးတော့ အားလုံးသောပြည်သူတွေအတွက် ကိုယ်စားပြုတယ်ဆိုလည်းမမှားပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ ဦးကိုနီဟာ အစ္စလာမ်ဘာသာဝင် တစ်ယောက်အတွက် ထမ်းဆောင် ခဲ့တာ မဟုတ်ပါဘူး။ ကိုနေ၀င်းက လည်းပဲဗုဒ္ဓဘာသာဝင် တစ်ယောက် အတွက်ထမ်းဆောင်ခဲ့တာမဟုတ်ပါဘူး။မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးရဲ့ အမှန်တရားအတွက် အသက်ပေးသွား ခဲ့ကြတာဖြစ်ပါ တယ်”ဟု အခမ်းအနားသို့တက်ရောက်လာသည့် ရွှေဝါရောင် တော်လှန်ရေးဆရာတော်က ဂုဏ်ပြုစကားဆိုခဲ့သည်။

၂၀၁၇ ဇန်န၀ါရီ ၂၉ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှပြန်လည်ရောက်ရှိ လာသည့် ဦးကိုနီကို သေနတ်သမားကြည်လင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီးနောက် ပစ်ခတ်သူကိုလိုက်လံဖမ်းဆီးခဲ့သူ လေဆိပ်မှ အငှားယာဉ်မောင်ကိုနေ၀င်းမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ကြည်လင်းကို လေဆိပ်တွင်ပင်ဖမ်းဆီးရရှိခဲ့ပြီး ယင်းအမှုနှင့် ဆက်စပ် သည့် အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးတို့ကို ဖမ်းဆီး ထားပြီး ရုံးချိန်း ၄၁ကြိမ်မြောက်စစ်ဆေးပြီးဖြစ်ကာ အမှုနှင့်ဆက်စပ်သည့် အောင်ဝင်းခိုင် မှာ ထွက်ပြေးတိမ်းရှောင်နေ သည့်အတွက် ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း သိရသည်။

ကိုဥာဏ်

Leave a Reply