ဧည့္မထဆန္ တစ္အိတ္လၽွင္ ၂၃၂၀၀ က်ပ္ျဖင့္ ဆိုင္ အေရာက္ပို႔ ေရာင္းခ်မည္

0
34

ဧည့်မထဆန် တစ်အိတ်လျှင် ၂၃၂၀၀ ကျပ်ဖြင့် ဆိုင် အရောက်ပို့ ရောင်းချမည်

စက်တင်ဘာ ၂၅

ကိုဗစ်ရောဂါကြောင့် Stay at Home အဖြစ် သတ်မှတ်ထားသော ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ဆန်လက်လီဆိုင်များကို ဧည့်မထဆန် တစ်အိတ်လျှင် ၂၃၂၀၀ ကျပ်ဖြင့် ဆိုင်အရောက်ပို့ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှသိရသည်။

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်၊ရပ်ကွက် အသီးသီးတွင် ရောင်းချနေသော ဆန်လက်လီ ဆိုင်များ သို့ စားသုံးသူပြည်သူများထံ ဆန်တစ်ပြည် ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနိုင်သော ဧည့်မထ ၂၅ မှတ် ဆန်များကို ဝယ်ယူလိုပါက ဆန်တစ်အိတ်လျှင် ၂၃၂၀၀ ကျပ် ဆိုင်အရောက်ပို့ ဈေးနှုန်းဖြင့် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ စရောင်းပါပြီ။ နှစ်ပတ်ပြည့်တဲ့အထိ တစ်ပတ်ကို သုံးရက်နဲ့ ဒိုင်ချိန်တွေမှာ ရောင်းပေးမှာပါ။ ဆန်မျိုးစုံပဲ၊ အမှာစာယူတဲ့ သူတွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဆန်တွေကို အဆင်ပြေသလို အိမ်အရောက်ပို့စနစ်နဲ့ပို့တာပါ။ ဒီဈေးနှုန်းသတ်မှတ်ထားတဲ့ ဧည့်မထ ၂၅ မှတ် ဆန်ကတော့ အရန်ဆန်ထဲက ရောင်းတာ၊ အဲ့ဆန်ကတော့ လက်လီဆိုင်တွေက ဝယ်ပြီးရင် စားသုံးသူကို တစ်ပြည် ၁၀၀၀ နဲ့ ရောင်းပေး ပေါ့နော်။ ကျန်တာတွေကတော့ ဈေးနှုန်း မသတ်မှတ်ထားဘူး။ ညှိနှိုင်းပြီးတော့ ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းပေးတာပါ”ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

ဆန်လက်လီဆိုင်များအနေဖြင့် ဧည့်မထ ဆန်များကို တစ်ဆိုင်လျှင် အနည်းဆုံး ဆန် ၁၀ အိတ် မှ အများဆုံး အိတ် ၅၀ အထိ ဝယ်ယူနိုင်ပြီး အခြားဆန် အမျိုးအစားများဖြစ်သော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်းနှင့် ရက် (၉၀) ဆန်များကို လိုအပ်ပါက သင့်တင့်သော ပေါက်ဈေးဖြင့် လက်လီဆိုင် အရောက်ပို့ဆောင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
လက်လီဆိုင်များအနေဖြင့် ဆန်တစ်ပြည်ကို ၁၀၀၀ ကျပ်ထက် မပိုစေဘဲ စားသုံးသူ ပြည်သူလူထုထံ သက်သာသော ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပေးရမည်ဖြစ်ပြီး သက်မှတ် ဈေးနှုန်းထက် ပို ရောင်းချခဲ့ပါက ဆန်ဝယ်ယူ ရောင်းချခွင့်ကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါး ကုန်စည်ဒိုင်များအား နေ့စဉ် တနင်္ဂနွေနေ့ (၁)ရက်မှ လွဲ၍ ဖွင့်လှစ်ရောင်းချပေးလျှက်ရှိရာ လက်ရှိတွင်(Stay at Home) နေထိုင်ရန် ထုတ်ပြန်ထားသည့် အတွက် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ လမ်းမတော် မြို့နယ်ရှိ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) နှင့် မရမ်းကုန်းမြို့နယ်ရှိ ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်)တို့ကို တစ်ပါတ်လျှင် (၃)ရက်၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ များတွင် ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး ရောင်းချမည့်ချိန်ကို လည်း နံနက်(၆း၃၀)နာရီမှ (၁၀း၀၀)နာရီ အတွင်းသာ အရောင်းအဝယ် ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ဧည့္မထဆန္ တစ္အိတ္လၽွင္ ၂၃၂၀၀ က်ပ္ျဖင့္ ဆိုင္ အေရာက္ပို႔ ေရာင္းခ်မည္

စက္တင္ဘာ ၂၅

ကိုဗစ္ေရာဂါေၾကာင့္ Stay at Home အျဖစ္ သတ္မွတ္ထားေသာ ကာလအတြင္း ရန္ကုန္တိုင္း ေဒသႀကီးရွိ ဆန္လက္လီဆိုင္မ်ားကို ဧည့္မထဆန္ တစ္အိတ္လၽွင္ ၂၃၂၀၀ က်ပ္ျဖင့္ ဆိုင္အေရာက္ပို႔ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးကုန္သည္မ်ားအသင္းမွသိရသည္။

ရန္ကုန္တိုင္း အတြင္းရွိ ၿမိဳ႕နယ္၊ရပ္ကြက္ အသီးသီးတြင္ ေရာင္းခ်ေနေသာ ဆန္လက္လီ ဆိုင္မ်ား သို႔ စားသံုးသူျပည္သူမ်ားထံ ဆန္တစ္ျပည္ ၁၀၀၀ က်ပ္ႏႈန္းျဖင့္ ေရာင္းခ်ႏိုင္ေသာ ဧည့္မထ ၂၅ မွတ္ ဆန္မ်ားကို ဝယ္ယူလိုပါက ဆန္တစ္အိတ္လၽွင္ ၂၃၂၀၀ က်ပ္ ဆိုင္အေရာက္ပို႔ ေစ်းႏႈန္းျဖင့္ ပို႔ေဆာင္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ စေရာင္းပါၿပီ။ ႏွစ္ပတ္ျပည့္တဲ့အထိ တစ္ပတ္ကို သံုးရက္နဲ႔ ဒိုင္ခ်ိန္ေတြမွာ ေရာင္းေပးမွာပါ။ ဆန္မ်ိဳးစံုပဲ၊ အမွာစာယူတဲ့ သူေတြရဲ႕လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ဆန္ေတြကို အဆင္ေျပသလို အိမ္အေရာက္ပို႔စနစ္နဲ႔ပို႔တာပါ။ ဒီေစ်းႏႈန္းသတ္မွတ္ထားတဲ့ ဧည့္မထ ၂၅ မွတ္ ဆန္ကေတာ့ အရန္ဆန္ထဲက ေရာင္းတာ၊ အဲ့ဆန္ကေတာ့ လက္လီဆိုင္ေတြက ဝယ္ၿပီးရင္ စားသံုးသူကို တစ္ျပည္ ၁၀၀၀ နဲ႔ ေရာင္းေပး ေပါ့ေနာ္။ က်န္တာေတြကေတာ့ ေစ်းႏႈန္း မသတ္မွတ္ထားဘူး။ ညႇိႏွိုင္းၿပီးေတာ့ ေစ်းကြက္ေပါက္ေစ်းနဲ႔ ေရာင္းေပးတာပါ”ဟု ဘုရင့္ေနာင္ဆန္ကုန္စည္ဒိုင္ အတြင္းေရးမွဴး ဦးသန္းဦးက ေျပာသည္။

ဆန္လက္လီဆိုင္မ်ားအေနျဖင့္ ဧည့္မထ ဆန္မ်ားကို တစ္ဆိုင္လၽွင္ အနည္းဆုံး ဆန္ ၁၀ အိတ္ မွ အမ်ားဆုံး အိတ္ ၅၀ အထိ ဝယ္ယူႏိုင္ၿပီး အျခားဆန္ အမ်ိဳးအစားမ်ားျဖစ္ေသာ ေရႊဘိုေပၚဆန္း၊ ဧရာဝတီ ေပၚဆန္းႏွင့္ ရက္ (၉၀) ဆန္မ်ားကို လိုအပ္ပါက သင့္တင့္ေသာ ေပါက္ေစ်းျဖင့္ လက္လီဆိုင္ အေရာက္ပို႔ေဆာင္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။
လက္လီဆိုင္မ်ားအေနျဖင့္ ဆန္တစ္ျပည္ကို ၁၀၀၀ က်ပ္ထက္ မပိုေစဘဲ စားသုံးသူ ျပည္သူလူထုထံ သက္သာေသာ ေစ်းႏႈန္းျဖင့္ ျပန္လည္ေရာင္းခ်ေပးရမည္ျဖစ္ၿပီး သက္မွတ္ ေစ်းႏႈန္းထက္ ပို ေရာင္းခ်ခဲ့ပါက ဆန္ဝယ္ယူ ေရာင္းခ်ခြင့္ကို ပယ္ဖ်က္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာနိုင္ငံဆန္စပါးကုန္သည္မ်ားအသင္း၊ ဆန္စပါး ကုန္စည္ဒိုင္မ်ားအား ေန႔စဥ္ တနဂၤေႏြေန႔ (၁)ရက္မွ လြဲ၍ ဖြင့္လွစ္ေရာင္းခ်ေပးလၽွက္ရွိရာ လက္ရွိတြင္(Stay at Home) ေနထိုင္ရန္ ထုတ္ျပန္ထားသည့္ အတြက္ ျမန္မာနိုင္ငံဆန္စပါး ကုန္သည္မ်ားအသင္း၊ လမ္းမေတာ္ ၿမိဳ႕နယ္ရွိ ဆန္စပါးကုန္စည္ဒိုင္ (ဝါးတန္း) ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္ရွိ ဆန္စပါး ကုန္စည္ဒိုင္ (ဘုရင့္ေနာင္)တို႔ကို တစ္ပါတ္လၽွင္ (၃)ရက္၊ တနလၤာ၊ ဗုဒၶဟူး၊ ေသာၾကာေန႔ မ်ားတြင္ ဖြင့္လွစ္ေရာင္းခ်မည္ျဖစ္ၿပီး ေရာင္းခ်မည့္ခ်ိန္ကို လည္း နံနက္(၆း၃၀)နာရီမွ (၁၀း၀၀)နာရီ အတြင္းသာ အေရာင္းအဝယ္ ျပဳလုပ္မည္ ျဖစ္ေၾကာင္းသိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply