မႏၱေလးတြင္ COVID လူနာတိုးလာပါက တိုင္းရင္းေဆး႐ုံႏွင့္ ေဘာလုံးအကယ္ဒမီေက်ာင္းကို အသံုးျပဳမည္

0
17

မန္တလေးတွင် COVID လူနာတိုးလာပါက တိုင်းရင်းဆေးရုံနှင့် ဘောလုံးအကယ်ဒမီကျောင်းကို အသုံးပြုမည်

မန္တလေးတွင် COVID လူနာတိုးလာပါက ထားရှိရန်အတွက်တိုင်းရင်းဆေးရုံနှင့် ဘောလုံးအကယ်ဒမီကျောင်းကို အသုံးပြုရန် ပြင်ဆင်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်ထံက သိရသည် ။
မန္တလေး အောင်မြေသာစံမြို့ရှိ မန္တလေးတောင်ခြေရှိ တိုင်းရင်းဆေးရုံနှင့် ချမ်းမြသာစည်မြို့နယ်ရှိ ဘောလုံးအကယ်ဒမီ ကျောင်းတွင် လူနာ(၁၀၀)စီ ထားရှိနိုင်မည့် ဆေးရုံနှစ်ရုံ ကို ပြင်ဆင်ထားပြီဖြစ်ကြောင်း သိရသည် ။

” တိုင်းရင်းဆေးရုံမှာတော့ လိုအပ်တာတွေထပ်ဖြည့်ရမယ် ။ ဘောလုံးအကယ်ဒမီဘက်ကတော့ ဆေးရုံအသုံးပစ္စည်းတွေ ထပ်ဖြည့်ရမယ် ။ အဲ့နေရာမှာတော့ လူတစ်ရာထားမယ် ။ နှစ်နေရာတော့ နှစ်ရာစာ ပြင်ဆင်ထားတာပေါ့ ” ဟု မန္တလေးတိုင်းဒေသကြီး ကိုဗစ်ဆိုင်ရာ သတင်းထုတ်ပြန်ရေး ကော်မတီ (သတင်းမှန်ပြန်ကြားရေးနှင့် COVID-19 သတင်းမှားဖြန့်ဝေသူများအား ရှာဖွေဖော်ထုတ်၍ သတင်းစောင့်ကြည့်ရေး အဖွဲ့ လုပ်ငန်းကော်မတီ) ဥက္ကဌလည်းဖြစ်သူ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

လက်ရှိမန္တလေးတွင် COVID အတည်ပြုလူနာ အတည်ပြုလူနာများကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းပေါ်ရှိ ကန်တော်နဒီ ဆေးရုံနှင့် ကုတင် (၃၀၀)ဆံ့ သင်ကြားရေး ဆေးရုံတို့တွင် ထားရှိကုသပေးနေသည် ။

” ကန်တော်နဒီဆေးရုံမှာတော့ ခုလက်ရှိအတည်ပြုလူနာ ၄၀ ကျော်ရှိတယ် ။ ကုတင် ၃၀၀ ဆေးရုံမှာတော့ ခုလူနာ ၁၀၀ ကျော်လောက်ရှိတယ် ” ဟုမန္တလေးတိုင်းဒေသကြီး ကျန်းမားရေးဦးစီးဌာနမှ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်သန်းသန်းမြင့်က ပြောသည် ။
လက်ရှိ မန္တလေးတွင် COVID-19 အတည်ပြုလူနာ ၁၂၀ ကျော်ရှိပြီး မန္တလေးတိုင်းတွင် ကိုဗစ်အတည်ပြုလူနာ ၂၀၀ ကျော်နဲ့ သေဆုံးသူ တစ်ဦးရှိခဲ့ဲ့ပြီဖြစ်သည် ။

မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲ အတည်ပြု လူနာ ၈၅၁၅ ဦး ရှိပြီး သေဆုံးသူ ၁၅၅ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

 

မႏၱေလးတြင္ COVID လူနာတိုးလာပါက တိုင္းရင္းေဆး႐ုံႏွင့္ ေဘာလုံးအကယ္ဒမီေက်ာင္းကို အသံုးျပဳမည္

မႏၱေလးတြင္ COVID လူနာတိုးလာပါက ထားရွိရန္အတြက္တိုင္းရင္းေဆး႐ုံႏွင့္ ေဘာလုံးအကယ္ဒမီေက်ာင္းကို အသံုးျပဳရန္ ျပင္ဆင္ေနေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ရွမ္းတိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးစိုင္းပန္းဆိုင္ထံက သိရသည္ ။
မႏၲေလး ေအာင္ေျမသာစံၿမိဳ႕ရွိ မႏၲေလးေတာင္ေျခရွိ တိုင္းရင္းေဆး႐ုံႏွင့္ ခ်မ္းျမသာစည္ၿမိဳ့နယ္ရွိ ေဘာလုံးအကယ္ဒမီ ေက်ာင္းတြင္ လူနာ(၁၀၀)စီ ထားရွိနိုင္မည့္ ေဆး႐ုံႏွစ္႐ုံ ကို ျပင္ဆင္ထားျပီျဖစ္ေၾကာင္း သိရသည္ ။

” တိုင္းရင္းေဆးရုံမွာေတာ့ လိုအပ္တာေတြထပ္ျဖည့္ရမယ္ ။ ေဘာလုံးအကယ္ဒမီဘက္ကေတာ့ ေဆးရုံအသံုးပစၥည္းေတြ ထပ္ျဖည့္ရမယ္ ။ အဲ့ေနရာမွာေတာ့ လူတစ္ရာထားမယ္ ။ ႏွစ္ေနရာေတာ့ ႏွစ္ရာစာ ျပင္ဆင္ထားတာေပါ့ ” ဟု မႏၲေလးတိုင္းေဒသႀကီး ကိုဗစ္ဆိုင္ရာ သတင္းထုတ္ျပန္ေရး ေကာ္မတီ (သတင္းမွန္ျပန္ၾကားေရးႏွင့္ COVID-19 သတင္းမွားျဖန႔္ေဝသူမ်ားအား ရွာေဖြေဖာ္ထုတ္၍ သတင္းေစာင့္ၾကည့္ေရး အဖြဲ႕ လုပ္ငန္းေကာ္မတီ) ဥကၠဌလည္းျဖစ္သူ ဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာသည္။

လက္ရွိမႏၱေလးတြင္ COVID အတည္ျပဳလူနာ အတည္ျပဳလူနာမ်ားကို မႏၲေလးၿမိဳ့ ခ်မ္းျမသာစည္ၿမိဳ့နယ္ ၆၂လမ္းေပၚရွိ ကန္ေတာ္နဒီ ေဆး႐ုံႏွင့္ ကုတင္ (၃၀၀)ဆံ့ သင္ၾကားေရး ေဆး႐ုံတို႔တြင္ ထားရွိကုသေပးေနသည္ ။

” ကန္ေတာ္နဒီေဆး႐ုံမွာေတာ့ ခုလက္ရွိအတည္ျပဳလူနာ ၄၀ ေက်ာ္ရွိတယ္ ။ ကုတင္ ၃၀၀ ေဆးရုံမွာေတာ့ ခုလူနာ ၁၀၀ ေက်ာ္ေလာက္ရွိတယ္ ” ဟုမႏၱေလးတိုင္းေဒသႀကီး က်န္းမားေရးဦးစီးဌာနမွ ကုသေရးဦးစီးဌာနမွဴး ေဒါက္တာ ေဒၚသန္းသန္းျမင့္က ေျပာသည္ ။
လက္ရွိ မႏၱေလးတြင္ COVID-19 အတည္ျပဳလူနာ ၁၂၀ ေက်ာ္ရွိျပီး မႏၱေလးတိုင္းတြင္ ကိုဗစ္အတည္ျပဳလူနာ ၂၀၀ ေက်ာ္နဲ႔ ေသဆံုးသူ တစ္ဦးရွိခဲ႔ဲ႔ျပီျဖစ္သည္ ။

ျမန္မာနုိင္ငံတြင္ COVID-19 ဓါတ္ခြဲ အတည္ျပဳ လူနာ ၈၅၁၅ ဦး ရွိျပီး ေသဆုံးသူ ၁၅၅ ဦး ရွိခဲ႔ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာန စက္တင္ဘာလ ၂၅ ရက္ နံနက္ပိုင္း သတင္းထုတ္ျပန္ခ်က္ အရ သိရသည္။

ေနသူရိန္လင္း
#TheFifthWaveNews


Leave a Reply