
0
19

ရခိုင်သို့ ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်သည့် ပစ္စည်းများအား တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အထွေ ထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ပတ်သက်သည့် ပစ္စည်းများကို တပ်မတော်လေယာဉ် ၂ စီးဖြင့် စက်တင်ဘာလ ၂၅ ရက် နေ့လည်ပိုင်း က ပို့ဆောင်ပေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ကြေညာချက် အရ သိရသည်။

ပို့ဆောင်ပေးမှုတွင် မဲပုံး( အဖုံးမပါ) ၁၆၆၀ ပုံး၊ မဲပုံး အ စုံလိုက် ၁၅၀၀ ပုံး၊ မဲပုံးအဖုံး ၈၃ ထုတ်နှင့် ၁၁၅၀ ပုံး ၊မဲလက်မှတ်ထည့်ထားသည့် ဆာလာအိတ် ၆၁ အိတ် ၊ မဲစာရင်းစာလာအိတ် ၆၁ အိတ်နှင့် ဆာလာအိတ် အခွံ့ ၁၁ အိတ်တို့ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများကို စစ်တွေမြို့လေဆိပ်တွင် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ ကို လာမည့် နိုဝင်ဘာလ ၈ ရက် တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ မဲပေူပိုင်ခွင့်ရှိသူ ဦးရေသည် ၃၇ သန်းကျော် ရှိရာ မဲရုံများကို လည်းတိုးချဲ့ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။

ရွေးကောက်ပွဲကို ရခိုင်မြောက်ပိုင်းဒေသ နှင့် “ဝ” ဒေသသည် လုံခြုံရေး အရ စိုးရိမ်ရသည့် အနေအထားရှိကြောင်း တပ်မတော် မှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံသို့ အကြံပြုထားကြောင်း သိရသည်။

၎င်းနေရာများသည် လုံခြုံရေးအရ လွတ် လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်သည့် အတွက် တပ်မတော် အနေဖြင့် အကြံပြုထားခြင်း ဖြစ်သည်။

ယဉ်ကေနွယ်
#TheFifthwave

(Zawgyi)







ယဉ်ကေနွယ်
#TheFifthwave

Leave a Reply