ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္အား ဂုဏ္ျပဳအခမ္းအနားျဖင့္ ႀကိဳဆို

0
148

ေနျပည္ေတာ္ ႏုိ၀င္ဘာ ၂၈

ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ၏ ဖိတ္ၾကားခ်က္အရ ျမန္မာႏုိင္ငံ၌ တရား၀င္ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ အား ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္သည္ ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္၌ ဂုဏ္ျပဳအခမ္းအနားျဖင့္ ႀကိဳဆိုသည္။

ပုပ္ရဟန္းမင္းႀကီးဖရန္စစ္သည္ ညေန ၃ နာရီ ၄၅ မိနစ္တြင္ ေနျပည္ေတာ္ရွိ ႏုိင္ငံေတာ္သမၼတအိမ္ေတာ္သို႔ ေရာက္ရွိလာရာ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က ရင္းရင္းႏွီးႏွီး ႀကိဳဆုိႏႈတ္ဆက္သည္။

ထုိ႔ေနာက္ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ႏွင့္ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္တို႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳႀကိဳ ဆုိပြဲသို႔တက္ေရာက္လာၾက သည့္ အဖြဲ႕၀င္မ်ားအား အျပန္အလွန္ မိတ္ဆက္ေပးၾက သည္။

ဂုဏ္ျပဳႀကိဳဆိုပြဲသို႔ ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ၊ ေဒါက္တာေဖျမင့္၊ သူရဦးေအာင္ကို၊ ဦးသန္႔စင္ေမာင္၊ ေဒါက္တာျမင့္ေထြး၊ ဦးေက်ာ္၀င္း၊ ဦးေက်ာ္တင္၊ ဗာတီကန္ၿမိဳ႕ျပႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္ႀကီး ဦးစံလြင္ႏွင့္ တာ၀န္ရွိ သူမ်ား တက္ေရာက္ၾကသည္။

ဂုဏ္ျပဳႀကိဳဆိုပြဲ အခမ္းအနားအၿပီးတြင္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္သည္ ႏိုင္ငံ ေတာ္သမၼတအိမ္ေတာ္ ဧည့္သည္ေတာ္မွတ္တမ္း၌ လက္မွတ္ေရးထုိးသည္။

ထို႔ေနာက္ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ႏွင့္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္တို႔ သည္ မွတ္တမ္းတင္ဓာတ္ပုံရုိက္သည္။

ယင္းေနာက္ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ႏွင့္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ တုိ႔သည္ ႏုိင္ငံေတာ္သမၼတအိမ္ေတာ္ သံတမန္ေဆာင္ဧည့္ခန္းမ၌ ေတြ႕ဆံုၾကသည္။

(Zawgyi Version)

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

နေပြည်တော် နိုဝင်ဘာ ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆိုသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ရင်းရင်းနှီးနှီး ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုကြိုဆိုပွဲသို့တက်ရောက်လာကြသည့် အဖွဲ့ဝင်များအား အပြန်အလှန် မိတ်ဆက်ပေးကြသည်။

ဂုဏ်ပြုကြိုဆိုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးကျော်ဝင်း၊ ဦးကျော်တင်၊ ဗာတီကန်မြို့ပြနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစံလွင်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြ သည်။

ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုင်ငံ တော်သမ္မတ အိမ်တော် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

(Unicode Version)

Leave a Reply