ဗဟိုဘဏ္က သုံးရက္အတြင္း ကန္ေဒၚလာ ၈သန္း ေက်ာ္ ဝယ္ယူထားေသာ္လည္း ေဒၚလာေဈး ဆက္လက္က်ဆင္း

0
28
ဗဟိုဘဏ်က သုံးရက်အတွင်း ကန်ဒေါ်လာ ၈သန်း ကျော် ဝယ်ယူထားသော်လည်း ဒေါ်လာဈေး ဆက်လက်ကျဆင်း
 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြား ငွေဈေးပြိုင်လေလံစနစ်ဖြင့် သုံးရက်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒဿမ ၉ သန်း ဝယ်ယူထားသော်လည်း ဒေါ်လာဈေးများ ဆက်လက်ကျဆင်းလျက်ရှိသည်။
 
ဗဟိုဘဏ်သည် နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်က အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ သန်း၊
စက်တင်ဘာလ ၂၂ ရက်က အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃ သန်းနှင့် စက်တင်ဘာလ ၂၃ ရက်က အမေရိကန်ဒေါ်လာ ၃ ဒဿမ ၈ သန်း ဝယ်ယူခဲ့ပြီး နိုင်ငံခြားငွေ ဈေးပြိုင် လေလံဖြင့် စက်တင်ဘာလ ၁ ရက်မှ ၂၄ ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၇ ဒဿမ ၁ သန်း ဝယ်ယူခဲ့သည်။
 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သုံးပတ်ကျော် အတွင်း နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာ ၂၇ ဒသမ ၁ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၂၃ ရက်အထိ ဒေါ်လာ ၂၄၁ ဒသမ ၆ သန်း ဝယ်ယူထားသည်။
 
ထိုသို့ ဝယ်ယူခဲ့သော်လည်း စက်တင်ဘာလ ၂၄ ရက်က ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၁၂ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။
 
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ဈေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်း စေရန်နှင့် နိုင်ငံခြားသုံး သီးသန့်အရန်ငွေ ဖြည့်တင်းရန်အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်က ထုတ်ပြန်ထားသည်။
 
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖွင့်လှစ် ဆောင်ရွက် နေသည့် နိုင်ငံခြားငွေ ဈေးပြိုင်လေလံသည် ငွေလဲနှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း အသိပေး ကြေညာထားသည်။
 
ပြည်တွင်းငွေကြေးဈေးကွက်၌ ယခုနှစ် လ အလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီလတွင် ၁၄၆၅ ကျပ်မှ ၁၄၉၃ ကျပ်၊ ဖေဖော်ဝါရီလတွင် ၁၄၃၆ ကျပ် မှ ၁၄၆၅ ကျပ်၊ မတ်လတွင် ၁၃၂၀ ကျပ်မှ ၁၄၄၅ ကျပ်၊ ဧပြီလတွင် ၁၃၉၅ ကျပ်မှ ၁၄၄၀ ကျပ်၊
မေလတွင် ၁၄၀၆ ကျပ်မှ ၁၄၂၆ ကျပ်၊
ဇွန်လတွင် ၁၄၁၂ ကျပ်မှ ၁၃၈၅ ကျပ်၊
ဇူလိုင်လတွင် ၁၄၁၀ ကျပ်မှ ၁၃၆၇ ကျပ်နှင့် ဩဂုတ်လတွင် ၁၃၉၇ ကျပ်မှ -၁၃၃၈ ကျပ် ဖြစ်သည်။
 
ဝေဝေဖြိုး
#TheFifthWave
(Zawgyi)
 
 
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ႏိုင္ငံျခား ေငြေဈးၿပိဳင္ေလလံစနစ္ျဖင့္ သုံးရက္အတြင္း အေမရိကန္ေဒၚလာ ၈ ဒႆမ ၉ သန္း ဝယ္ယူထားေသာ္လည္း ေဒၚလာေဈးမ်ား ဆက္လက္က်ဆင္းလ်က္ရွိသည္။
 
ဗဟိုဘဏ္သည္ ႏိုင္ငံျခားေငြ ေဈးၿပိဳင္ေလလံျဖင့္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၁ ရက္က အေမရိကန္ေဒၚလာ ၁ ဒႆမ ၈ သန္း၊
စက္တင္ဘာလ ၂၂ ရက္က အေမရိကန္ေဒၚလာ ၃ ဒႆမ ၃ သန္းႏွင့္ စက္တင္ဘာလ ၂၃ ရက္က အေမရိကန္ေဒၚလာ ၃ ဒႆမ ၈ သန္း ဝယ္ယူခဲ့ၿပီး ႏိုင္ငံျခားေငြ ေဈးၿပိဳင္ ေလလံျဖင့္ စက္တင္ဘာလ ၁ ရက္မွ ၂၄ ရက္အတြင္း အေမရိကန္ေဒၚလာ ၂၇ ဒႆမ ၁ သန္း ဝယ္ယူခဲ့သည္။
 
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က သုံးပတ္ေက်ာ္ အတြင္း ႏိုင္ငံျခားေငြေဈးၿပိဳင္ေလလံျဖင့္ ေဒၚလာ ၂၇ ဒသမ ၁ သန္း ဝယ္ယူခဲ့ၿပီး ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလမွ စက္တင္ဘာလ ၂၃ ရက္အထိ ေဒၚလာ ၂၄၁ ဒသမ ၆ သန္း ဝယ္ယူထားသည္။
 
ထိုသို႔ ဝယ္ယူခဲ့ေသာ္လည္း စက္တင္ဘာလ ၂၄ ရက္က ေငြလဲလွယ္ႏႈန္းမွာ တစ္ေဒၚလာလွ်င္ ၁၃၁၂ က်ပ္ျဖင့္ ေဈးဖြင့္ခဲ့သည္။
 
ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြ ေဈးၿပိဳင္ေလလံ ဖြင့္လွစ္ေဆာင္႐ြက္ေနျခင္းမွာ ကာလတိုအတြင္း ႏိုင္ငံျခားေငြလဲလွယ္ႏႈန္း အတက္၊ အက် ႀကီးမားျခင္းကို ေလ်ာ့နည္း ေစရန္ႏွင့္ ႏိုင္ငံျခားသုံး သီးသန႔္အရန္ေငြ ျဖည့္တင္းရန္အတြက္ ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ဇူလိုင္လ ၂၄ ရက္က ထုတ္ျပန္ထားသည္။
 
ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ဖြင့္လွစ္ ေဆာင္႐ြက္ ေနသည့္ ႏိုင္ငံျခားေငြ ေဈးၿပိဳင္ေလလံသည္ ေငြလဲႏႈန္းကို ႏႈန္းထားတစ္ရပ္တြင္ ရွိေနေစရန္ျဖစ္ေစ၊ ျမန္မာက်ပ္ေငြတန္ဖိုး ျမင့္တက္ေစရန္ျဖစ္ေစ သို႔မဟုတ္ က်ဆင္းေစရန္ျဖစ္ေစ ရည္႐ြယ္ ေဆာင္႐ြက္ျခင္း မဟုတ္ေၾကာင္း အသိေပး ေၾကညာထားသည္။
 
ျပည္တြင္းေငြေၾကးေဈးကြက္၌ ယခုႏွစ္ လ အလိုက္ ျဖစ္ေပၚေသာ ႏိုင္ငံျခားေငြလဲႏႈန္း အနိမ့္ဆုံးႏွင့္ အျမင့္ဆုံးႏႈန္းမ်ားမွာ ဇန္နဝါရီလတြင္ ၁၄၆၅ က်ပ္မွ ၁၄၉၃ က်ပ္၊ ေဖေဖာ္ဝါရီလတြင္ ၁၄၃၆ က်ပ္ မွ ၁၄၆၅ က်ပ္၊ မတ္လတြင္ ၁၃၂၀ က်ပ္မွ ၁၄၄၅ က်ပ္၊ ဧၿပီလတြင္ ၁၃၉၅ က်ပ္မွ ၁၄၄၀ က်ပ္၊
ေမလတြင္ ၁၄၀၆ က်ပ္မွ ၁၄၂၆ က်ပ္၊
ဇြန္လတြင္ ၁၄၁၂ က်ပ္မွ ၁၃၈၅ က်ပ္၊
ဇူလိုင္လတြင္ ၁၄၁၀ က်ပ္မွ ၁၃၆၇ က်ပ္ႏွင့္ ဩဂုတ္လတြင္ ၁၃၉၇ က်ပ္မွ -၁၃၃၈ က်ပ္ ျဖစ္သည္။
 
ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply