မႏၲေလးခရိုင္အတြင္းရွိ လူအမ်ားႏွင့္ တိုက္ရိုက္ထိေတြ႕ေသာ ဆိုင္မ်ား ပိတ္သိမ္းထားရမည္ ၊ မပိတ္သိမ္းပါက အေရးယူမည္ဟု သိရ

0
26

မန္တလေးခရိုင်အတွင်းရှိ လူအများနှင့် တိုက်ရိုက်ထိတွေ့သော ဆိုင်များ ပိတ်သိမ်းထားရမည် ၊ မပိတ်သိမ်းပါက အရေးယူမည်ဟု သိရ

မန္တလေးခရိုင်အတွင်းရှိ လူအများနှင့်တိုက်ရိုက်ထိတွေ့သောဆိုင်များကို ယာယီရပ်နားထားရမည်ဖြစ်ပြီး မပိတ်သိမ်းပါက အရေးယူမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

လူအများနှင့် ထိတွေ့ဆက်ဆံရသော လုပ်ငန်းများဖြစ်သည့် အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ လက်သည်းခြေသည်းလုပ်ငန်းများအပြင် အခြားသောလုပ်ငန်းများကို ယာယီပိတ်သိမ်းသွားရန် စည်ပင်သာယာရေး ကော်မတီက ညွှန်ကြားထားကြောင်းသိရသည်။

” လူချင်း တော်တော်ကို နီးနီးကပ်ကပ်လုပ်ကိုင်နေတဲ့လုပ်ငန်းတွေကို ယာယီပိတ်ခိုင်းထားတယ် ။ မတော်တဆ တစ်ဦးတစ်ဦးနဲ့ ထိတွေ့ပိုးကူးခဲ့မယ်ဆိုရင် များသွားနိုင်လို့ ပိတ်ခိုင်းထားတာပါ ။ မနေ့ကစပြီး သူမြို့နယ်အလိုက် သက်ဆိုင်ရာအဖွဲ့တွေနဲ့ လိုက်ပြီးသိပေးနေတယ် ” ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးကျော်ဆန်းမြင့် ကပြောသည်။

အဆိုပါ လုပ်ငန်းဆိုင်များ ပိတ်သိမ်းခြင်းကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်ထားရမည်ဖြစ်ကာ ရောဂါကူးစက်မှုပြန့့်ပွားမှုအား ထိန်းသိမ်းနိုင်သည့်အချိန်တွင် ပြန်လည်လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်းသိရသည် ။

” ညွှန်ကြားချက်ကို လိုက်နာမှုမရှိတဲ့ဆိုင်တွေကို သက်ဆိုင်ရာမြို့နယ်တွေအလိုက် စစ်ဆေးတာတွေ ပြုလုပ်နေတယ် တွေ့ရှိရင်တော့ စည်ပင်သာယာရေး ဥပဒေနဲ့ အရေးယူခံရမယ် “ဟု ၎င်းကဆက်ပြောသည် ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ယခုလ ၂၅ ရက်က မန္တလေးတိုင်းအတွင်းရှိ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ် သုံးခုအတွင်း အနေထိုင်သည့်ပြည်သူများအနေဖြင့် နေအိမ်အတွင်းနေထိုင်ရေး ( Stay at Home ) အစီအစဉ်တွင် ပါဝင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယင်းမြို့နယ်များတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြူလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင် မရှိသည့် အပြင် ဓာတ်ခွဲအတည်ပြု လူနာနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများ တွေ့ရှိရမှု အချိန်တိုကာလတွင်း များပြားလာသည့်အတွက် ရောဂါကူးစက်မှုများအား ပိုမို ထိရောက်စွာ ထိန်းချူပ်ရန်အတွက် ပြည်သူများ မိမိနေအိမ်အတွင်းနေထိုင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

Stay at Home အစီအစဉ်တွင် ပါဝင်သော မြို့နယ်များတွင် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ နေအိမ်တွင်သာ လုပ်ငန်းများဆောင်ရွက်ရန်၊ ဆေးရုံ၊ ဆေးခန်းသွားရန်နှင့် မဖြစ်မနေ ဈေးဝယ်ထွက်လျှင်တစ်ဦးသာသွားရန် ၊ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန် မလိုအပ်ဘဲ ရပ်ကွက်အတွင်း သတ်မှတ်ထားသည့် လူများမှ အပ ဝင်ထွက် သွားလာခွင့်များ ခွင့်မပြုရန် လုပ်ဆောင်ရမည်ဖြစ်သည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၲေလးခရိုင္အတြင္းရွိ လူအမ်ားႏွင့္ တိုက္ရိုက္ထိေတြ႕ေသာ ဆိုင္မ်ား ပိတ္သိမ္းထားရမည္ ၊ မပိတ္သိမ္းပါက အေရးယူမည္ဟု သိရ

မႏၲေလးခရိုင္အတြင္းရွိ လူအမ်ားႏွင့္တိုက္ရိုက္ထိေတြ႕ေသာဆိုင္မ်ားကို ယာယီရပ္နားထားရမည္ျဖစ္ျပီး မပိတ္သိမ္းပါက အေရးယူမည္ျဖစ္ေၾကာင္း ၿမိဳ့ေတာ္စည္ပင္သာယာေရး ေကာ္မတီမွ သိရသည္။

လူအမ်ားႏွင့္ ထိေတြ႕ဆက္ဆံရေသာ လုပ္ငန္းမ်ားျဖစ္သည့္ အလွျပင္ဆိုင္၊ ဆံပင္ညႇပ္ဆိုင္၊ လက္သည္းေျခသည္းလုပ္ငန္းမ်ားအျပင္ အျခားေသာလုပ္ငန္းမ်ားကို ယာယီပိတ္သိမ္းသြားရန္ စည္ပင္သာယာေရး ေကာ္မတီက ညႊန္ၾကားထားေၾကာင္းသိရသည္။

” လူခ်င္း ေတာ္ေတာ္ကို နီးနီးကပ္ကပ္လုပ္ကိုင္ေနတဲ့လုပ္ငန္းေတြကို ယာယီပိတ္ခိုင္းထားတယ္ ။ မေတာ္တဆ တစ္ဦးတစ္ဦးနဲ႔ ထိေတြ႕ပိုးကူးခဲ့မယ္ဆိုရင္ မ်ားသြားနိုင္လို႔ ပိတ္ခိုင္းထားတာပါ ။ မေန႔ကစျပီး သူၿမိဳ့နယ္အလိုက္ သက္ဆိုင္ရာအဖြဲ႕ေတြနဲ႔ လိုက္ျပီးသိေပးေနတယ္ ” ဟု ၿမိဳ့ေတာ္စည္ပင္သာယာေရး ေကာ္မတီအဖြဲ႕၀င္ ဦးေက်ာ္ဆန္းျမင့္ ကေျပာသည္။

အဆိုပါ လုပ္ငန္းဆိုင္မ်ား ပိတ္သိမ္းျခင္းကို အခ်ိန္အကန္႔အသတ္မရွိ ပိတ္ပင္ထားရမည္ျဖစ္ကာ ေရာဂါကူးစက္မွုျပန္႔့ပြားမွုအား ထိန္းသိမ္းနိုင္သည့္အခ်ိန္တြင္ ျပန္လည္လုပ္ကိုင္ခြင့္ရမည္ျဖစ္ေၾကာင္းသိရသည္ ။

” ညႊန္ၾကားခ်က္ကို လိုက္နာမွဳမရွိတဲ႔ဆိုင္ေတြကို သက္ဆိုင္ရာၿမိဳ့နယ္ေတြအလိုက္ စစ္ေဆးတာေတြ ျပဳလုပ္ေနတယ္ ေတြ႕ရွိရင္ေတာ့ စည္ပင္သာယာေရး ဥပေဒနဲ႔ အေရးယူခံရမယ္ “ဟု ၎ကဆက္ေျပာသည္ ။

က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနကလည္း ယခုလ ၂၅ ရက္က မႏၲေလးတိုင္းအတြင္းရွိ မဟာေအာင္ေျမၿမိဳ့နယ္၊ ခ်မ္းေအးသာစံၿမိဳ့နယ္၊ အမရပူရၿမိဳ့နယ္ သုံးခုအတြင္း အေနထိုင္သည့္ျပည္သူမ်ားအေနျဖင့္ ေနအိမ္အတြင္းေနထိုင္ေရး ( Stay at Home ) အစီအစဥ္တြင္ ပါ၀င္ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။

ယင္းၿမိဳ့နယ္မ်ားတြင္ ကိုဗစ္-၁၉ ဓာတ္ခြဲအတည္ျပဴလူနာမ်ား ထပ္မံေတြ႕ရွိရမွု၊ ခရီးသြားရာဇ၀င္ မရွိသည့္ အျပင္ ဓာတ္ခြဲအတည္ျပဳ လူနာႏွင့္လည္း ထိေတြ႕ျခင္းမရွိခဲ့သည့္ လူနာမ်ား ေတြ႕ရွိရမွု အခ်ိန္တိုကာလတြင္း မ်ားျပားလာသည့္အတြက္ ေရာဂါကူးစက္မွုမ်ားအား ပိုမို ထိေရာက္စြာ ထိန္းခ်ဴပ္ရန္အတြက္ ျပည္သူမ်ား မိမိေနအိမ္အတြင္းေနထိုင္ရန္ လိုအပ္ေၾကာင္း ထုတ္ျပန္ထားျခင္းျဖစ္သည္။

Stay at Home အစီအစဥ္တြင္ ပါ၀င္ေသာ ၿမိဳ့နယ္မ်ားတြင္ ကုမၸဏီမ်ားႏွင့္ အဖြဲ႕အစည္းမ်ား ေနအိမ္တြင္သာ လုပ္ငန္းမ်ားေဆာင္ရြက္ရန္၊ ေဆး႐ုံ၊ ေဆးခန္းသြားရန္ႏွင့္ မျဖစ္မေန ေစ်း၀ယ္ထြက္လၽွင္တစ္ဦးသာသြားရန္ ၊ ႏွာေခါင္းစည္းမ်ား မျဖစ္မေနတပ္ဆင္ရန္ မလိုအပ္ဘဲ ရပ္ကြက္အတြင္း သတ္မွတ္ထားသည့္ လူမ်ားမွ အပ ၀င္ထြက္ သြားလာခြင့္မ်ား ခြင့္မျပဳရန္ လုပ္ေဆာင္ရမည္ျဖစ္သည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply