အမျိုးသမီးနဲ့ ကလေးတွေအတွက် ကာကွယ်ပေးနိုင်တဲ့ တိကျပြီး ပြင်းထန်တဲ့ ဥပဒေမျိုးကိုတော့ လိုချင်တယ်လို့ ဆိုလာတဲ့ သရုပ်ဆောင် အေးမြတ်သူ

0
174

ရန်ကုန် ၊ ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈

ရုပ်ရှင် ဗီဒီယိုနဲ့ မော်ဒယ်သရုပ်ဆောင် အေးမြတ်သူက အမျိုးသမီးနဲ့ ကလေးတွေအတွက် ကာကွယ်ပေးနိုင်တဲ့ တိကျပြီး ပြင်းထန်တဲ့ ဥပဒေမျိုးကိုတော့ လိုချင်တယ်လို့ ဆိုပါတယ်။

အဌားယာဉ်မောင်းတစ်ဦး အနိုင်ကျင့်လို့သေဆုံးခဲ့ရတဲ့ မရွှေရည်ဝင်း သေဆုံး မှုနဲ့ပတ်သတ်ပြီးတော့ အမျိုးသမီးတွေကို အကာအကွယ် ရစေမယ့်ဥပဒေပြုတဲ့ဥပဒေတစ်ခုပေါ်ပေါက်လာစေဖို့ အေးမြတ်သူက ယခုလိုမှတ်ချက်ပြုပါတယ်။

“လူတိုင်းမှာ လူဆိုးလူကောင်းရှိတယ်။ တက္ကစီသမားတိုင်း ဆိုးတယ် မဟုတ်ဘူး။ ပြောချင်တာက နယ်ပယ်အသီးသီးတိုင်းမှာ လူဆိုးလူကောင်းဆိုတာရှိပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် safeဖြစ်ဖို့လိုတယ်။ အမျိုးသမီးတွေမကြောက်ပါနဲ့။ အစွန်းရောက် ပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် overconfidence ကြီးမဖြစ်ပါနဲ့။ သတိနဲ့နေပေါ့နော်။ ဟိုဟာဆောင် ဒီဟာဆောင်လို့တော့ မပြောချင်ဘူး။ ဥပဒေနဲ့ ကင်းလားမကင်းလားလည်းမသိဘူးလေ။ ကိုယ်လည်း သိပ်မသိတော့လေ။ အဓိကကတော့ အားလုံးခြုံလိုက်ရင် အမျိုးသမီးတွေ ကိုကာကွယ်ပေးနိုင်တဲ့ ဥပဒေကောင်းကောင်းတော့လိုချင်တာပေါ့။ ဒါပဲအဓိကပေါ့လေ။ ဥပဒေ မကာကွယ်တော့ ကိုယ့်ဘာသာ ကာကွယ် နေရတာပေါ့လေ။ ပြောချင်တာကတော့ အမျိုးသမီးနဲ့ ကလေးတွေ အတွက် ကာကွယ်ပေးနိုင်တဲ့ တိကျပြီး ပြင်းထန်တဲ့ ဥပဒေမျိုးကိုတော့ လိုချင်တယ်။ အဲဒါမှ လုံခြုံမှာ။ အရမ်းရှေးကျတဲ့ ဥပဒေတွေကို ခေတ်နဲ့လျော်ညီအောင်ပြင်ဆင်ပေးစေချင်တယ်။ ခေတ်ကမတူတော့ ဘူးလေ၊ ထပ်တိုးဖို့ထက် ခေတ်နဲ့လျော်ညီအောင် ရှိတဲ့ဟာလေးကို ပဲပြင်ဆင်ပေးစေချင်ပါတယ်” လို့အေးမြတ်သူကပြော ပါတယ်။

ဒါ့အပြင် အေးမြတ်သူအနေနဲ့ ကြောက်တက်တဲ့စိတ်မရှိပေမယ့် အရူးရယ် ၊ အမူးသမားရယ်တော့ ကြောက်တယ်လို့ ဆိုပါတယ်။

“အေးမြတ်သူမှာ ကြောက်တဲ့စိတ်မရှိဘူး၊ အေးမြတ်သူမှာ ဘာကိုကြောက်လဲမေးရင်အရူးရယ်၊ မူးနေတဲ့လူပဲကြောက်တယ်။ အဲဒါကြောက်စရာအကောင်းဆုံးပဲ။ဘာဖြစ်လို့လဲဆိုတော့ ရူးနေတဲ့လူက သူ့စိတ်ကအစိုးမရဘူး။ ဘာလုပ်မယ် ဆိုတာမသိနိုင်ဘူး။ မူးနေတဲ့ လူလည်း အတူတူပဲ။သူမူးနေတာလေ။ သူ့မှာ အသိစိတ်ဆိုတာမရှိဘူး။ အသိစိတ်ကင်းမဲ့တဲ့ အရာကိုပဲကြောက်တယ်။ တော်ရုံသိပ် မကြောက်တတ် ဘူးရှင့်”လို့အေးမြတ်သူကပြောပါတယ်။

သရုပ်ဆောင် အေးမြတ်သူဟာ အမျိုးသမီးတစ်ယောက်ထဲ ခရီးသွား အစီအစဉ်ကို Solo Burma အမည်နဲ့ ပရိုဂရမ်တစ်ခု ကိုမကြာခင်မှာ ရိုက်ကူးသွားဖို့ ပြင်ဆင်နေပါတယ်။ မြန်မာအမျိုးသမီးတွေ စိတ်ဓာတ် တက်ကြွစေဖို့အတွက်နဲ့ အရာရာကို ရဲရဲဝံ၀ံသွားလာနိုင် ဖို့ရည်ညွှန်းပြီး ရိုက်ကူးမှာဖြစ်တယ်လို့ ဆိုပါတယ်။

“Solo Burma ဆိုတဲ့ ပရိုဂရမ်လေးရှိပါတယ်။ အဲဒါလေးကို ထပ်ပြီး ကြိုးစားပါမယ်။ အရင်ပရိုဂရမ်ကတော့ အဖွဲ့နဲ့သွားတာပေါ့နော်။ အခုဟာက နောက်ထပ်အသစ်ပေါ့။ အသစ်ဆိုပေမယ့် ဒီ Crewတွေပဲ။ နာမည်လေးပဲပြောင်းသွားတာ။ အဲဒါလေးကိုစပြီးတော့ ကြိုးစားနေတယ်။ လောလောဆယ်တော့ ကြိုးစားဆဲအဆင့်ပေါ့ On Airမှာပြဖို့ရော စပွန်ဆာကိစ္စတွေရောပေါ့နော်။ သူတို့လည်းကြော်ငြာလေးတွေ ရအောင် ပေါ့နော်။ ဒီ Solo Burma က မိန်းမတစ်ယောက်တည်းခရီးသွားတာရှင့်။ ရည်ရွယ်ချက်ကဘာလဲဆိုတော့ မြန်မာပြည်မှာ အမျိုးသမီးတွေ အခုဆိုရင် တော်တော်များများလည်းသိပါတယ်။ အမျိုးသမီးတွေက ကြောက်ရွံ့နေရတာ ဒီဘက်ခေတ်မှာပိုကြောက်ရွံ့နေရတယ်။ ညဘက်အပြင်မထွက်ရဲတာ။ မလုံခြုံဘူးလို့ခံစားနေကြရတယ်။ နဂိုကတည်းကမှ စိတ်ကကြောက်လို့ မသွားရဲကြရတဲ့ကြားထဲ အခုဆိုပိုဆိုးနေပြီ။ အဲဒီလိုမဖြစ်စေချင်ဘူး”လို့ အေးမြတ်သူက ဆိုပါတယ်။

ဒါ့အပြင် တစ်ဖက်ကလည်း အမျိုးသမီးထုကိုကာကွယ်ရမှာ ဖြစ်သလို တစ်ဖက်ကလည်းအမျိုးသမီးတွေက ကိုယ်ကိုယ်တိုင်စွမ်း ဆောင်နိုင် တယ် ဆိုတာမျိုးတွေကို ပြသနိုင်ဖို့ ကြိုးစားသင့်တယ်လို့ ပြောပါတယ်။

“ကြောက်ရင်ပိုဆိုးတယ်၊ အဲဒီတော့ ကြောက်စိတ်မရှိစေချင်ဘူးပေါ့။ အရာရာကိုရဲဝံ့စေချင်တယ်။ အဓိကအကြောင်းအရင်းက မြန်မာ အမျိုးသမီးတွေက ဥပမာ ခရီးသွားမယ်ဆိုလည်း ရည်းစားက ဦးဆောင်ရတယ်။ ကိုယ်ကသိပ်ဦးဆောင်စရာမလိုဘူး။ နောက်ကလိုက်ရုံ ပဲပေါ့၊ အဲလိုမဟုတ်ဘဲ အမျိုးသမီးတွေက ကိုယ်ကိုယ်တိုင် ဦးဆောင်နိုင် တယ်။ ကိုယ့်ရဲ့မိသားစုကိုကိုယ်တိုင်ဆွဲခေါ်နိုင်တဲ့ အမျိုးသမီးတွေဖြစ်ရ မယ်။ ခရီးတစ်ခုသွားမယ်ဆိုရင် ကိုယ်သွားတတ်တယ်ဆိုရင် ကိုယ့် မိသားစုကို ခေါ်သွားလို့ရတယ်။ အဓိကကတော့ မြန်မာအမျိုးသမီးတွေ စိတ်ဓာတ်ကြံ့ခိုင်စေဖို့အတွက်ရယ်၊အရာရာကိုရဲရဲဝံ့ဝံ့သွားလာနိုင်ဖို့ ခရီးတွေသွားနိုင်ဖို့၊ တစ်ယောက်တည်းသွားနိုင်ဖို့ ၊အဲဒီလိုတွေ ရည်ညွှန်းပြီးတော့ ဒီ ဆိုလိုဘားမားဆိုတဲ့ ခရီးသွားပရိုဂရမ် အစီအစဉ်လေးစပြီးတည်ဖြစ်ပါတယ်။ အေးမြတ်သူအဲဒီဟာကို သွားပါမယ်ရှင့်၊ သွားမယ့်နေရာတွေကိုတော့ လောလောဆယ် ကြိုမပြောချင်သေးဘူး။ သွားတာတော့သွားမှာ၊ နေရာလည်းရှိပြီးသား။ လုပ်ငန်းလေးအကောင်အထည်ပေါ်တဲ့အခါ တရားဝင် အသိပေးသွား မှာပါ။ အဓိကရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေဟာ ကိုယ့်ဒူးကိုယ် ချွန်ပြီးတော့ လုပ်နိုင်တယ်။ သွားနိုင်တယ်ဆိုတာကို အဓိက Hightlight ပြချင်တာပါ” လို့အေးမြတ်သူကဆိုပါတယ်။

ထို့အပြင် သူရိုက်ကူးခဲ့တဲ့ခရီးသွားပရိုဂရမ် EXPEDITION MYANMAR အစီအစဉ်ကို အားပေးတဲ့ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်တယ် လို့ပြောဆိုပါတယ်။

ကိုဥာဏ်

ဓာတ်ပုံ – Myat Lay ML. Facebook

Leave a Reply