လက္နက္ကိုင္စြဲကာ ေဆြးေႏြးေနသည့္ ကာလပတ္လံုး ယံုၾကည္မႈ ရနိုင္မည္မဟုတ္ဟု တပ္မေတာ္ ေျပာ

0
22

လက်နက်ကိုင်စွဲကာ ဆွေးနွေးနေသည့် ကာလပတ်လုံး ယုံကြည်မှု ရနိုင်မည်မဟုတ်ဟု တပ်မတော် ပြော

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ရာတွင် ယုံကြည်မှုသည် အဓိက အရေးကြီးသည့် အတွက် လက်နက်ကိုင်စွဲပြီးဆွေးနွေးနေသည့် ကာလ ပတ်လုံး ယုံကြည်မှုရနိုင်မည်မဟုတ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောကြားလိုက်သည်။

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးပြီး တစ်ဆို့နေမှု သည် ပြည်သူ မှ အပ ကျန်သည့် အစိုးရ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင်များတွင်သာ တာဝန်ရှိကြောင်း လည်း ပြောခဲ့သည်။

“ ငြိမ်းချမ်းရေး ဆွေးနွေးမှုတိုင်းမှာ ယုံကြည်မှု အရေးကြီးတယ်။ ကျွန်တော်တို့ ခဏခဏ ပြောနေတဲ့ အတိုင်းပဲ သေနတ် ၊ လက်နက်ကိုင်စွဲပြီးတော့ ဆွေးနွေး သမျှ ကာလ ပတ်လုံးမှာတော့ ယုံကြည်မှု တည်ဆောက်မှု ဆိုတာကတော့ ဖြစ်နိုင် စရာ အကြောင်း မရှိဘူးလို့ မြင်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။

လက်နက်ကိုင်စွဲပြီးဆွေးနွေးမှုများတွင် တစုံတရာ ပြသနာဖြစ်လာပါက လက်နက်ကိုင် လမ်းစဉ်ကိုသာ ပြန်လည် ဦးတည်သွားနိုင်ကြောင်း နှင့် တပ်မတော် အနေဖြင့် NCA လမ်းကြောင်း အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ထားကြောင်း ပြောကြားခဲ့သည်။

တိုင်းရင်းသားလူမျိုးများ အများစု ပြောနေသည့် တိုင်းရင်းသားဒေသ များတွင် အစိုးရ ဖွဲ့စ
ည်းရေး၊ဝန်ကြီးချုပ် များ ခန့် အပ်ရရှိရေးတို့ကို တပ်မတော်ကသာ ဦးဆောင် အဆို ပြုခဲ့ ခြင်း ဖြစ်သည့် အတွက် တပ်မတော် အနေဖြင့် NCA စာချုပ် ထဲတွင် ပါရှိသည့် အတိုင်းသာ ဖက်ဒရာယ် နှင့် ပတ်သက်ပြီး လုပ်ဆောင်နေကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။

ယဉ်ကေနွယ်
#TheFifthWaveNews

(zawgyi)

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ မ်ားႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ရာတြင္ ယံုၾကည္မႈသည္ အဓိက အေရးႀကီးသည့္ အတြက္ လက္နက္ကိုင္စြဲၿပီးေဆြးေႏြးေနသည့္ ကာလ ပတ္လံုး ယံုၾကည္မႈရနိုင္မည္မဟုတ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႔မွ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း ကေျပာၾကားလိုက္သည္။

လက္ရွိ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား ေနွးေကြးၿပီး တစ္ဆို႔ေနမႈ သည္ ျပည္သူ မွ အပ က်န္သည့္ အစိုးရ၊ တပ္မေတာ္ ၊ တိုင္းရင္းသား လက္နက္ကိုင္မ်ားတြင္သာ တာ၀န္ရွိေၾကာင္း လည္း ေျပာခဲ့သည္။

“ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈတိုင္းမွာ ယံုၾကည္မႈ အေရးႀကီးတယ္။ ကၽြန္ေတာ္တို႔ ခဏခဏ ေျပာေနတဲ့ အတိုင္းပဲ ေသနတ္ ၊ လက္နက္ကိုင္စြဲၿပီးေတာ့ ေဆြးေႏြး သမွ် ကာလ ပတ္လံုးမွာေတာ့ ယံုၾကည္မႈ တည္ေဆာက္မႈ ဆိုတာကေတာ့ ျဖစ္နိုင္ စရာ အေၾကာင္း မရွိဘူးလို႔ ျမင္တယ္”ဟု ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း ကေျပာသည္။

လက္နက္ကိုင္စြဲၿပီးေဆြးေႏြးမႈမ်ားတြင္ တစံုတရာ ျပသနာျဖစ္လာပါက လက္နက္ကိုင္ လမ္းစဥ္ကိုသာ ျပန္လည္ ဦးတည္သြားနိဳင္ေၾကာင္း ႏွင္႔ တပ္မေတာ္ အေနျဖင့္ NCA လမ္းေၾကာင္း အေပၚတြင္သာ ခိုင္ခိုင္မာမာ ရပ္တည္ထားေၾကာင္း ေျပာၾကားခဲ့သည္။

တိုင္းရင္းသားလူမ်ိဳးမ်ား အမ်ားစု ေျပာေနသည့္ တိုင္းရင္းသားေဒသ မ်ားတြင္ အစိုးရ ဖြဲ႔စ
ည္းေရး၊၀န္ႀကီးခ်ဳပ္ မ်ား ခန္႔ အပ္ရရွိေရးတို႔ကို တပ္မေတာ္ကသာ ဦးေဆာင္ အဆို ျပဳခဲ့ ျခင္း ျဖစ္သည့္ အတြက္ တပ္မေတာ္ အေနျဖင့္ NCA စာခ်ဳပ္ ထဲတြင္ ပါရွိသည့္ အတိုင္းသာ ဖက္ဒရာယ္ ႏွင့္ ပတ္သက္ၿပီး လုပ္ေဆာင္ေနေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြနး္က ေျပာခဲ့သည္။

ယဥ္ေကႏြယ္
#TheFifthWaveNews

Leave a Reply