မႏၲေလးတြင္ ကိုဗစ္ကာလအတြင္း ရဲအင္အား ႏွစ္ရာ ေက်ာ္ျဖင့္ လုံျခဳံေရးေဆာင္ရြက္မည္

0
24

မန္တလေးတွင် ကိုဗစ်ကာလအတွင်း ရဲအင်အား နှစ်ရာ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်မည်

မန္တလေးတွင် ကိုဗစ်ကာလအတွင်း ရဲအင်အား နှစ်ရာ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဒုတိုင်းတပ်ဖွဲ့မှူ း ရဲမှူးကြီး မောင်မောင်အေးထံက သိရသည် ။

မန္တလေး ခရိုင်အတွင်းရှိ ချမ်းအေးသာစံမြို့နယ် ၊ မဟာအောင်မြေမြို့နယ် နှင့် အမရပူရမြို့နယ်တို့ကို Stay at Home ပြုလုပ်ထားသည့်အတွက် ယင်းနေရာများကို လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို ပြည်သူများလိုက်နာစေရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည် ။

Stay at Home အစီအစဉ်တွင် ပါဝင်သော မြို့နယ်များတွင် မဖြစ်မနေ အပြင်ထွက်ပါက တစ်ဦးသာသွားရန်နှင့် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန် ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိပါက သဘာဝဘေးဖြင့်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည် ။

” သဘာဝဘေးနဲ့ အရေးယူမှာ ။ နိုင်ငံတော်က ညွှန်ကြားချက်အပေါ်မှာ သုံးမြို့နယ်ကို ရပ်ကွက်တွေကနေ တစ်အိမ်တစ်ယောက် ဈေးဝယ်ထွက်ရမယ် ။ ရန်ကုန်ပုံစံမျိုးပေါ့။ ဈေးဖွင့်ရမယ့် အချိန်၊ ကုန်စည်သွားလာရယ့် အနေအထားတွေကို သီးခြားညွှန်ကြားချက် ဆက်ထုတ်ပါမယ် ။ ရောင်းတဲ့ ဈေးသည်တွေ မတ်တပ်ရမယ်၊ လက်အိတ်စွပ်ရမယ်၊ ဖေ့ရှီး တပ်ရမယ် မလိုက်နာရင် ရဲ၊ စည်ပင်၊ ထွေအုပ် ပူးပေါင်းပြီး သဘာဝေဘေးနဲ့ အရေးယူဖို့ရှိပါတယ် ” ဟု မန္တလေးတိုင်းဒေသကြီး ဒုတိုင်းတပ်ဖွဲ့မှူ း ရဲမှူးကြီး မောင်မောင်အေး ကပြောသည် ။

Stay at Home တွင်ပါဝင်သော ပြည်သူများအနေဖြင့် စည်းကမ်းလိုက်နာဖို့ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များလိုက်နာပေးရန် လိုအပ်ကြောင်း ရဲမှူးကြီးမောင်မောင်အေးကပြောသည် ။

” ၂၄ နာရီ လုပ်နေပါတယ် ။ ရှိတဲ့လူ အကုန်လုပ်နေတယ် ။လိုအပ်တဲ့နေရာတွေမှာ ယာဉ်လှည့်ကင်းနဲ့ ခိုး၊ ဆိုး၊ နှိုက် ပပျောက်အောင် ဝိုင်းကူပေးနေတာရှိတယ် ။ နယ်ရဲတပ်ဖွဲ့ဝင်တွေလည်း နေ့ရော၊ ညရောဆိုတော့ ပင်ပန်းနေပြီ ” ဟု ၎င်းကပြောသည် ။

Stay at Home ပြုလုပ်ထားသော မြို့နယ်များတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြူလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင် မရှိသည့် အပြင် ဓာတ်ခွဲအတည်ပြု လူနာနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများ တွေ့ရှိရမှု အချိန်တိုကာလတွင်း များပြားလာသည့်အတွက် ရောဂါကူးစက်မှုများအား ပိုမို ထိရောက်စွာ ထိန်းချူပ်ရန်အတွက် ပြည်သူများ မိမိနေအိမ်အတွင်းနေထိုင်ရေးလိုအပ်ကြောင်း ထုတ်ပြန်ထားသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၲေလးတြင္ ကိုဗစ္ကာလအတြင္း ရဲအင္အား ႏွစ္ရာ ေက်ာ္ျဖင့္ လုံျခဳံေရးေဆာင္ရြက္မည္

မႏၲေလးတြင္ ကိုဗစ္ကာလအတြင္း ရဲအင္အား ႏွစ္ရာ ေက်ာ္ျဖင့္ လံုျခံဳေရးေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း မႏၱေလးတိုင္းေဒသၾကီး ဒုတိုင္းတပ္ဖြဲ႕မွဴ း ရဲမွဴးႀကီး ေမာင္ေမာင္ေအးထံက သိရသည္ ။

မႏၱေလး ခရိုင္အတြင္းရွိ ခ်မ္းေအးသာစံျမိဳ႕နယ္ ၊ မဟာေအာင္ေျမျမိဳ႕နယ္ ႏွင့္ အမရပူရၿမိဳ့နယ္တို႔ကို Stay at Home ျပဳလုပ္ထားသည့္အတြက္ ယင္းေနရာမ်ားကို လုံျခဳံေရးနဲ႔ တရားဥပေဒစိုးမိုးေရးအပါအဝင္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန မွထုတ္ျပန္ထားသည့္ ထုတ္ျပန္ခ်က္မ်ားကို ျပည္သူမ်ားလိုက္နာေစရန္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းသိရသည္ ။

Stay at Home အစီအစဥ္တြင္ ပါ၀င္ေသာ ၿမိဳ့နယ္မ်ားတြင္ မျဖစ္မေန အျပင္ထြက္ပါက တစ္ဦးသာသြားရန္ႏွင့္ ႏွာေခါင္းစည္းမ်ား မျဖစ္မေနတပ္ဆင္ရန္ ထုတ္ျပန္ထားျပီး လိုက္နာမွဳမရွိပါက သဘာဝေဘးျဖင့္အေရးယူသြားမည္ျဖစ္ေၾကာင္းသိရသည္ ။

” သဘာဝေဘးနဲ႔ အေရးယူမွာ ။ ႏိုင္ငံေတာ္က ၫႊန္ၾကားခ်က္အေပၚမွာ သုံးၿမိဳ႕နယ္ကို ရပ္ကြက္ေတြကေန တစ္အိမ္တစ္ေယာက္ ေစ်းဝယ္ထြက္ရမယ္ ။ ရန္ကုန္ပုံစံမ်ဳိးေပါ႕။ ေစ်းဖြင့္ရမယ့္ အခ်ိန္၊ ကုန္စည္သြားလာရယ့္ အေနအထားေတြကို သီးျခားၫႊန္ၾကားခ်က္ ဆက္ထုတ္ပါမယ္ ။ ေရာင္းတဲ႔ ေစ်းသည္ေတြ မတ္တပ္ရမယ္၊ လက္အိတ္စြပ္ရမယ္၊ ေဖ႔ရွီး တပ္ရမယ္ မလိုက္နာရင္ ရဲ၊ စည္ပင္၊ ေထြအုပ္ ပူးေပါင္းၿပီး သဘာေဝေဘးနဲ႔ အေရးယူဖို႔ရွိပါတယ္ ” ဟု မႏၱေလးတိုင္းေဒသၾကီး ဒုတိုင္းတပ္ဖြဲ႕မွဴ း ရဲမွဴးႀကီး ေမာင္ေမာင္ေအး ကေျပာသည္ ။

Stay at Home တြင္ပါဝင္ေသာ ျပည္သူမ်ားအေနျဖင့္ စည္းကမ္းလိုက္နာဖို႔ ႏွင့္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန မွထုတ္ျပန္ထားသည့္ ထုတ္ျပန္ခ်က္မ်ားလိုက္နာေပးရန္ လိုအပ္ေၾကာင္း ရဲမွဴးၾကီးေမာင္ေမာင္ေအးကေျပာသည္ ။

” ၂၄ နာရီ လုပ္ေနပါတယ္ ။ ရွိတဲ႔လူ အကုန္လုပ္ေနတယ္ ။လိုအပ္တဲ႔ေနရာေတြမွာ ယာဥ္လွည့္ကင္းနဲ႔ ခိုး၊ ဆိုး၊ ႏႈိက္ ပေပ်ာက္ေအာင္ ဝိုင္းကူေပးေနတာရွိတယ္ ။ နယ္ရဲတပ္ဖြဲ႔ဝင္ေတြလည္း ေန႔ေရာ၊ ညေရာဆိုေတာ့ ပင္ပန္းေနၿပီ ” ဟု ၎ကေျပာသည္ ။

Stay at Home ျပဳလုပ္ထားေသာ ၿမိဳ့နယ္မ်ားတြင္ ကိုဗစ္-၁၉ ဓာတ္ခြဲအတည္ျပဴလူနာမ်ား ထပ္မံေတြ႕ရွိရမွု၊ ခရီးသြားရာဇ၀င္ မရွိသည့္ အျပင္ ဓာတ္ခြဲအတည္ျပဳ လူနာႏွင့္လည္း ထိေတြ႕ျခင္းမရွိခဲ့သည့္ လူနာမ်ား ေတြ႕ရွိရမွု အခ်ိန္တိုကာလတြင္း မ်ားျပားလာသည့္အတြက္ ေရာဂါကူးစက္မွုမ်ားအား ပိုမို ထိေရာက္စြာ ထိန္းခ်ဴပ္ရန္အတြက္ ျပည္သူမ်ား မိမိေနအိမ္အတြင္းေနထိုင္ေရးလိုအပ္ေၾကာင္း ထုတ္ျပန္ထားသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply