ကိုဗစ္ကာကြယ္ေဆးအတြက္ ျမန္မာႏိုင္ငံကို ကူညီမည့္ႏိုင္ငံအမ်ားအျပားရွိဟုဆို

0
39

ကိုဗစ်ကာကွယ်ဆေးအတွက် မြန်မာနိုင်ငံကို ကူညီမည့်နိုင်ငံအများအပြားရှိဟုဆို

ရုရှားနိုင်ငံမှာ ဖော်ထုတ်ထားသည့် Covid-19 ကာကွယ်ဆေးကိုWHOမှအသိအမှတ်မပြုသေးသော်လည်းအသိအမှတ်ပြုပြီးပါကမြန်မာနိုင်ငံကိုကာကွယ်ဆေးအတွက် ကူညီထောက်ပံ့မည် နိုင်ငံ အများအပြားရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ရုရှားနိုင်ငံမှ Covid-19 ကာကွယ်ဆေးကို အိန္ဒိယမှ မှာယူထားပြီး မြန်မာနိုင်ငံမှလည်း ကာကွယ်ဆေးဝယ်ယူရန် ရှိမရှိမေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
“ကာကွယ်ဆေးက ရမှာပါ၊ ရုရှားဆေးကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အသိအမှတ်မပြုသေးဘူး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ ဆေးတွေရရင် ကျွန်တော်တို့နိုင်ငံကို ကူညီမယ့်၊ ထောက်ပံ့မယ့် မိတ်ဆွေနိုင်ငံတွေ အများကြီးရှိပါတယ်။ စိတ်ပူစရာမလိုပါဘူး၊ အဓိကအိမ်မှာနေပါ၊ အပြင်ထွက်ရင် Mask တပ်ပါ၊ အိမ်မှာနေရင်ကူးစက်နိုင်တဲ့ဟာက သုညပေါ့၊ အပြင်ထွက်တဲ့လူက ကူးစက်တာနဲ့ကြုံရနိုင်တယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

သြဂုတ်လ ၁၆ ရက်နောက်ပိုင်းမှ ပြည်တွင်းကူးစက်မှုပိုမိုမြန်ဆန်လာပြီး ရန်ကုန်တွင် ကူးစက်မှုအများဆုံးဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ Covid-19 အတည်ပြုလူနာပေါင်း ၉၉၉၁ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူဦးရေမှာ ၂၆၈၁ ဦးနှင့် သေဆုံးသူ ၁၉၈ ဦးရှိကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(Zawgyi)

ကိုဗစ္ကာကြယ္ေဆးအတြက္ ျမန္မာႏိုင္ငံကို ကူညီမည့္ႏိုင္ငံအမ်ားအျပားရွိဟုဆို

ရုရွားႏိုင္ငံမွာ ေဖာ္ထုတ္ထားသည့္ Covid-19 ကာကြယ္ေဆးကိုWHOမွအသိအမွတ္မျပဳေသးေသာ္လည္းအသိအမွတ္ျပဳၿပီးပါကျမန္မာႏိုင္ငံကိုကာကြယ္ေဆးအတြက္ ကူညီေထာက္ပံ့မည္ ႏိုင္ငံ အမ်ားအျပားရွိေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။

ရုရွားႏိုင္ငံမွ Covid-19 ကာကြယ္ေဆးကို အိႏၵိယမွ မွာယူထားၿပီး ျမန္မာႏိုင္ငံမွလည္း ကာကြယ္ေဆးဝယ္ယူရန္ ရွိမရွိေမးျမန္းရာတြင္ ၄င္းကအထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့သည္။
“ကာကြယ္ေဆးက ရမွာပါ၊ ရုရွားေဆးကေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႔ကေတာ့ အသိအမွတ္မျပဳေသးဘူး၊ ကမာၻ႔က်န္းမာေရးအဖြဲ႔က အသိအမွတ္ျပဳထားတဲ့ ေဆးေတြရရင္ ကြ်န္ေတာ္တို႔ႏိုင္ငံကို ကူညီမယ့္၊ ေထာက္ပံ့မယ့္ မိတ္ေဆြႏိုင္ငံေတြ အမ်ားႀကီးရွိပါတယ္။ စိတ္ပူစရာမလိုပါဘူး၊ အဓိကအိမ္မွာေနပါ၊ အျပင္ထြက္ရင္ Mask တပ္ပါ၊ အိမ္မွာေနရင္ကူးစက္ႏိုင္တဲ့ဟာက သုညေပါ့၊ အျပင္ထြက္တဲ့လူက ကူးစက္တာနဲ႔ၾကံဳရႏိုင္တယ္”ဟု က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။

ၾသဂုတ္လ ၁၆ ရက္ေနာက္ပိုင္းမွ ျပည္တြင္းကူးစက္မႈပိုမိုျမန္ဆန္လာၿပီး ရန္ကုန္တြင္ ကူးစက္မႈအမ်ားဆံုးျဖစ္ေနေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ လက္ရွိအခ်ိန္ထိ Covid-19 အတည္ျပဳလူနာေပါင္း ၉၉၉၁ ဦးရွိၿပီး ေဆးရံုမွဆင္းခြင့္ရရွိသူဦးေရမွာ ၂၆၈၁ ဦးႏွင့္ ေသဆံုးသူ ၁၉၈ ဦးရွိေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply