
0
18

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်ခံရသူ သုံးသိန်းကျော်သွားပြီ

အရှေ့တောင်အာရှဒေသအတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်ခံရသူ အများဆုံးနီုင်ငံလည်းဖြစ်၍ ခရီးအ သွားအလာတင်းကျပ်ကန့်သတ်မှု (lockdown) ပြုလုပ်ခြင်း ရှစ်လနီးပါးဖြင့် ကမ္ဘာ ပေါ်တွင် အရှည်ကြာ ဆုံးနိုင်ငံလည်းဖြစ်သောဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာလ ၂၆ ရက်က ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၃၀၁,၂၅၆ ဦးအထိရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်အမျိုးသမီးတစ်ဦးမှစတင်၍ ကိုဗစ်-၁၉ ဗိုင်းရပ်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် lockdown ကာလ ရှစ်လနီးပါးရှိလာပြီဖြစ်သော်လည်း ကိုဗစ်-၁၉ ဗိုင်းရပ်နေ့စဉ်ကူးစက်မှု နေ့စဉ်အသစ်တွေ့ရှိသူဦးရေမှာ သိသိသာသာ ကျမသွားခဲ့ဘဲ ရှိနေ ဆဲ ဖြစ်သည်။

စက်တင်ဘာလ ၂၆ ရက်က ကိုဗစ်-၁၉ ဗိုင်းရပ် အသစ်ကူးစက်ပြန့်နှံ့သူ ၂,၇၄၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အနောက်ပစိဖိတ်ဒေသရှိ အဖွဲ့ဝင်နိုင်ငံ ၂၂ နိုင်ငံအနက် ဖိလစ် ပိုင်တစ်နိုင်ငံတည်းသာနေ့စဉ် ကိုဗစ်-၁၉ ဗိုင်းရပ် အသစ်ကူးစက်ပြန့်နှံ့သူ နှုန်း ထောင်ချီ၍ရှိနေကြောင်း ပြောကြားခဲ့သည်။ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ဦးရေ စုစုပေါင်းမှာလည်း စက်တင် ဘာလ ၂၆ ရက်တွင် ၅,၂၈၄ ဦး ရှိသွားပြီဖြစ်ကာ အရှေ့တောင်အာရှဒေသအတွင်း အင်ဒိုနီးရှားနိုင်ငံပြီး လျှင် ရောဂါကြောင့်သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံလည်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသို့ မတ်လဆန်းပိုင်းကလာရောက်လည်ပတ်သော တရုတ်နိုင်ငံ ဝူဟန်မြို့မှ တရုတ်လူမျိုး သုံးဦး အနက် တစ်ဦးတွင် ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး စတင်တွေ့ရှိခဲ့သည်ဟု ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန က မတ်လ ၇ ရက်တွင်စတင်ကြေညာခဲ့ပြီး ၎င်းတို့သုံးဦးနှင့်ထိတွေ့ခဲ့သူ ၁,၁၉၅ ဦးအနက် ထက်ဝက်ခန့် ကိုလည်း ခြေရာခံရှာဖွေမှုမပြုနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကပြောကြားခဲ့သည်။ မတ်လကုန် တွင် ဖိလစ်ပိုင်၌ ပိုးတွေ့ရှိသူ ၂,၀၈၄ ဦးရှိလာပြီး သြဂုတ်လ ၂ ရက်တွင် တစ်သိန်း၊သြဂုတ်လ ၂၆ ရက် တွင် နှစ်သိန်းရှိလာကာ ၎င်းမှတစ်လအကြာ စက်တင်ဘာလ ၂၆ ရက်တွင် သုံးသိန်းရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

Ref——- Inquirer.net
Translated by Htwe Ko Tun
#TheFifthWaveNews

မနီလာမြို့တွင် ရှစ်လနီးပါးကြာပြီဖြစ်သော lockdown ကြောင့် ဝင်ငွေမရှိဖြစ်နေ ကြရသော Jeepney သယ်ယူပို့ဆောင်ရေးယာဉ်မောင်းများ လမ်းဘေးတွင် ဟင်းသီးဟင်းရွက်သီးနှံများ ရောင်း၍ ဝင်ငွေရှာနေကြရစဉ်။(photo—— Inquirer.net)

(zawgyi)

Leave a Reply