The Journey Rock Show ကျင်းပမည်

0
212

မန္တလေး၊ ဇန်နဝါရီ ၂၉၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၈လမ်း၊ ခင်စောမူကွေ့အနီးရှိ Golden City Event Park တွင် အဆိုတော် ဇော်ဝင်းထွဋ်၏ တစ်ကိုယ်တော် The Journey Rock Show ကို ၂၀၁၈ခုနှစ် ဖေဖဝါရီလ ၁၂ရက်နေ့ (ပြည်ထောင်စုနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းရှိုးပွဲသည် အဆိုတော်ဇော်ဝင်းထွဋ်၏ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့သည့် The Journey တေးစီးရီး အမှတ်တရအဖြစ် ကျင်းပခြင်းဖြစ်ပြီး The Journey အမည်ဖြင့် တေးစီးရီးများ ထပ်မံထွက်ဖို့ရှိကြောင်း သိရသည် ။

လက်မှတ်များကို The Tiger , 501 Fashion Shop, လှိုင်းတေးသံ သွင်း၊ TEXAS Studio တို့တွင် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ကာ တစ်စောင်လျှင် ၉၀၀၀ ကျော်နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်သည်။

The Journey Rock Show တွင် Reign of Blood နှင့် The Reason Band တို့မှ ကနဦးဖျော်ဖြေမှုများပြုလုပ်သွားမည်ပြီး အဆိုတော် ဇော်ဝင်းထွဋ် အနေဖြင့် Emperor Band ဖြင့် သီချင်းအပုဒ်ရေ (၃၀) ကျော် သီဆိုဖျော်ဖြေမည် ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း ဇော်ဝင်းထွဋ် ၏ ရှိုးပွဲကို မန္တလေးမြို့တွင် ပထမဆုံး ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဟသာင်္တ၊ ပြည်၊ မကွေး၊ ပခုက္ကူနှင့် အခြားမြို့ကြီးများ တွင် လှည့်လည်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply