ေမာ္ေတာ္ယဥ္ အေရာင္းျပခန္း သြင္းကုန္လိုင္စင္မ်ားကို အြန္လိုင္းစနစ္ျဖင့္ ခြင့္ျပဳမည္

0
19

မော်တော်ယဉ် အရောင်းပြခန်း သွင်းကုန်လိုင်စင်များကို အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုမည်

မော်တော်ယာဉ်အရောင်းပြခန်း (Showroom) များအတွက် သွင်းကုန်လိုင်စင် လျောက်ထား မှုအား အောက်တိုဘာ ၁ရက်မှစ၍ Fully Online စနစ်ဖြင့် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပထမအဆင့် အနေဖြင့် အရောင်းပြခန်းများ၏ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှု များကို Fully Online System ဖြင့် စတင် စမ်းသပ် ဆောင်ရွက်သွားမည်ဖြစ်ကာ မော်တော်ယာဉ် တင်သွင်းခွင့်လိုင်စင်ကို Online စနစ်ဖြင့် စမ်းသပ်ဆောင်ရွက် စဉ်ကာလအတွင်း ဝယ်ယူခွင့်ပါမစ်များကို Manual စနစ်ဖြင့် ခွင့်ပြုထားပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့် အနေဖြင့် အရောင်းစင်တာများမှ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများ၊ ဝယ်ယူခွင့် ပါမစ်များကို Fully Online စနစ်ဖြင့် လိုင်စင် ထုတ်ပေးနိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်း နှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီ၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

” ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနဲ့ Covid-19 ရောဂါဖြစ်ပွားနေတဲ့ အရေးပေါ် ကာလအတွင်း ကုန်သွယ်မှု လုပ်ငန်းတွေ အရှိန်မပျက် ဆောင်ရွက်နိုင် စေဖို့အတွက် မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှု များကို Fully Online စနစ်နဲ့ ခွင့်ပြုပေးနိုင်ရေး စီစစ်ဆောင်ရွက်နေပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ (Showroom) များတွင် လျောက်ထား နိုင်သည့် HS Code line (၇၀၀) ကျော်အား ထပ်မံခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပြီး
လျှောက်ထားရန်လိုအပ်သည့် အချက်အလက် များနှင့် လုပ်ငန်း အစီအစဉ်များကို ထပ်မံ အသိပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မော်တော်ယာဉ်တင်သွင်း ခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ အရောင်းစင်တာ (၁၄၃) ခုနှင့် အရောင်းပြခန်း (၆၂) ခုတို့ကို ဖွင့်လှစ်ခွင့်ပြုပြီး ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကော်မတီအနေဖြင့် ၂၀၂၁ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းတွင် ထုတ်လုပ်ခုနှစ် (Model Year) သတ်မှတ်ချက်ကို ကော်မတီဝင်များ၏ သဘော ထားမှတ်ချက်များ ရယူ၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၁ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပြည်ပ မော်တော်ယာဉ် တင်သွင်းခြင်းတွင် ထုတ်လုပ် ခုနှစ်သတ်မှတ်ချက်မှာ တစ်ဦးချင်းအစီအစဉ်ဖြင့် တင်သွင်းခြင်း ဖြစ်စေ၊ ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်ဖြင့် တင်သွင်းခြင်းဖြစ်စေ၊ လှူဒါန်းခြင်း ဖြစ်စေ၊ လူစီးယာဉ် တင်သွင်းခြင်း တွင် (၃) နှစ်အတွင်း ထုတ်လုပ်သည့် မော်တော်ယာဉ်၊ လုပ်ငန်းသုံးယာဉ် တင်သွင်းခြင်းတွင် ငါး နှစ်အတွင်း ထုတ်လုပ်သည့် မော်တော်ယာဉ်များကို တင်သွင်းရန် သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ေမာ္ေတာ္ယာဥ္အေရာင္းျပခန္း (Showroom) မ်ားအတြက္ သြင္းကုန္လိုင္စင္ ေလ်ာက္ထား မႈအား ေအာက္တိုဘာ ၁ရက္မွစ၍ Fully Online စနစ္ျဖင့္ လက္ခံေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

ပထမအဆင့္ အေနျဖင့္ အေရာင္းျပခန္းမ်ား၏ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ ေလွ်ာက္ထားမႈ မ်ားကို Fully Online System ျဖင့္ စတင္ စမ္းသပ္ ေဆာင္႐ြက္သြားမည္ျဖစ္ကာ ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္လိုင္စင္ကို Online စနစ္ျဖင့္ စမ္းသပ္ေဆာင္႐ြက္ စဥ္ကာလအတြင္း ဝယ္ယူခြင့္ပါမစ္မ်ားကို Manual စနစ္ျဖင့္ ခြင့္ျပဳထားေပးသြားမည္ျဖစ္ၿပီး ဒုတိယအဆင့္ အေနျဖင့္ အေရာင္းစင္တာမ်ားမွ ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ ေလွ်ာက္ထားမႈမ်ား၊ ဝယ္ယူခြင့္ ပါမစ္မ်ားကို Fully Online စနစ္ျဖင့္ လိုင္စင္ ထုတ္ေပးႏိုင္ေရး ဆက္လက္ ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ေမာ္ေတာ္ယာဥ္ တင္သြင္းျခင္း ႏွင့္သက္ဆိုင္ေသာ လုပ္ငန္းမ်ားႀကီးၾကပ္ေရး ေကာ္မတီ၏ (၃/၂၀၂၀) ႀကိမ္ေျမာက္ အစည္းအေဝးတြင္ စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာၾကားသည္။

” ကုန္သြယ္မႈလ်င္ျမန္ေခ်ာေမြ႕ေစေရးနဲ႔ Covid-19 ေရာဂါျဖစ္ပြားေနတဲ့ အေရးေပၚ ကာလအတြင္း ကုန္သြယ္မႈ လုပ္ငန္းေတြ အရွိန္မပ်က္ ေဆာင္႐ြက္ႏိုင္ ေစဖို႔အတြက္ ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ ေလွ်ာက္ထားမႈ မ်ားကို Fully Online စနစ္နဲ႔ ခြင့္ျပဳေပးႏိုင္ေရး စီစစ္ေဆာင္႐ြက္ေနပါတယ္” ဟု ၎ကေျပာသည္။

အဆိုပါ (Showroom) မ်ားတြင္ ေလ်ာက္ထား ႏိုင္သည့္ HS Code line (၇၀၀) ေက်ာ္အား ထပ္မံခြင့္ျပဳထုတ္ေပးသြားမည္ျဖစ္ၿပီး
ေလွ်ာက္ထားရန္လိုအပ္သည့္ အခ်က္အလက္ မ်ားႏွင့္ လုပ္ငန္း အစီအစဥ္မ်ားကို ထပ္မံ အသိေပးသြားမည္ ျဖစ္ေၾကာင္းသိရသည္။

ေမာ္ေတာ္ယာဥ္တင္သြင္း ျခင္းႏွင့္သက္ဆိုင္ေသာ လုပ္ငန္းမ်ားႀကီးၾကပ္ေရးေကာ္မတီအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ ဩဂုတ္လအထိ အေရာင္းစင္တာ (၁၄၃) ခုႏွင့္ အေရာင္းျပခန္း (၆၂) ခုတို႔ကို ဖြင့္လွစ္ခြင့္ျပဳၿပီး ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ေကာ္မတီအေနျဖင့္ ၂၀၂၁ ခုႏွစ္အတြက္ ျပည္ပမွ ေမာ္ေတာ္ယာဥ္ တင္သြင္းျခင္းတြင္ ထုတ္လုပ္ခုႏွစ္ (Model Year) သတ္မွတ္ခ်က္ကို ေကာ္မတီဝင္မ်ား၏ သေဘာ ထားမွတ္ခ်က္မ်ား ရယူ၍ ၂၀၂၀ ျပည့္ႏွစ္၊ ဩဂုတ္လ ၃၁ ရက္တြင္ အမိန႔္ေၾကာ္ျငာစာ အမွတ္ (၁/၂၀၂၀) ျဖင့္ ထုတ္ျပန္ခဲ့ၿပီး ၂၀၂၁ ခုႏွစ္တြင္ ျပည္ပ ေမာ္ေတာ္ယာဥ္ တင္သြင္းျခင္းတြင္ ထုတ္လုပ္ ခုႏွစ္သတ္မွတ္ခ်က္မွာ တစ္ဦးခ်င္းအစီအစဥ္ျဖင့္ တင္သြင္းျခင္း ျဖစ္ေစ၊ ယာဥ္အိုယာဥ္ေဟာင္း အစီအစဥ္ျဖင့္ တင္သြင္းျခင္းျဖစ္ေစ၊ လႉဒါန္းျခင္း ျဖစ္ေစ၊ လူစီးယာဥ္ တင္သြင္းျခင္း တြင္ (၃) ႏွစ္အတြင္း ထုတ္လုပ္သည့္ ေမာ္ေတာ္ယာဥ္၊ လုပ္ငန္းသုံးယာဥ္ တင္သြင္းျခင္းတြင္ ငါး ႏွစ္အတြင္း ထုတ္လုပ္သည့္ ေမာ္ေတာ္ယာဥ္မ်ားကို တင္သြင္းရန္ သတ္မွတ္ထုတ္ျပန္ခဲ့ၿပီး ျဖစ္ေၾကာင္းသိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply