ပညာ​ရေးအသုံးစရိတ်​တိုးမြှင့်​​ပေးရန်​ တောင်းဆိုသည့်အတွက် ပညာသင်ကြားခွင့်ရပ်စဲခံရသည့် ကျောင်းသား/သူ (၄၈) ဦးထိရှိလာ

0
203

မန္တလေး၊ ဇန်နဝါရီ ၃၀၊ ၂၀၁၈

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ပညာ​ရေးအသုံးစရိတ်​တိုးမြှင့်​​ပေးရန်​ တောင်းဆိုသည့်အတွက် ပညာသင်ကြားခွင့်ရပ်စဲခံရသည့် ကျောင်းသား/သူ (၄၈) ဦးထိပြီဖြစ်ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်မှ (၁၂) ဦး ၊ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ (၁၁) ဦး ၊ မိတ္ထီလာနည်းပညာတက္ကသိုလ်မှ (၁) ဦး ၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ် မှ (၆)ဦး၊ မိုးညှင်းဒီဂရီကောလိပ်မှ (၄) ဦး ၊ စစ်ကိုင်းပညာရေး ကောလိပ် မှ (၃) ဦး နှင့် မိတ္ထီလာတက္ကသိုလ် မှ (၉) ဦး အပြင် ရတနာပုံတက္ကသိုလ်မှ ကျောင်းမအပ်ရသေးသည့် ကျောင်းသား/သူ(၂) ဦးကိုလည်း ပညာသင်ကြားခွင့်ရပ်စဲခဲ့သောကြောင့် စုစုပေါင်း (၄၈) ဦး ကို ပညာသင်ခွင့်ရပ်စဲခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး အတွက် ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်တောင်းဆိုခဲ့ပြီး ထိုသို့တောင်းဆို သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များ၏ သပိတ်စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်က ဖြိုခွင်းခံခဲ့ရသည်။

ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေးအတွက် မြန်မာတစ်နိုင်ငံရှိတက္ကသိုလ် ကောလိပ် အသီးသီးတွင် ကျောင်းတွင်းလှုပ်ရှားမှုများဖြင့်သာ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး တိုက်ပွဲ ကော်မတီ က သိရသည် ။

နိုင်လင်းဦး

Leave a Reply