ရန္ကုန္တိုင္းအတြင္းCovid-19 ျဖစ္ပြားမႈ ႏွစ္ပတ္အတြင္းထိန္းခ်ဳပ္မည္ဟု ေဒါက္တာေဇာ္ေဝစိုးေျပာ

0
29

ရန်ကုန်တိုင်းအတွင်းCovid-19 ဖြစ်ပွားမှု နှစ်ပတ်အတွင်းထိန်းချုပ်မည်ဟု ဒေါက်တာဇော်ဝေစိုးပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ရောဂါကို နှစ်ပတ်အတွင်းထိန်းချုပ်သွားမည်ဖြစ်ပြီး နောက်ဆုံးတိုက်ပွဲဆင်နွှဲသွားမည်ဖြစ်ကြောင်း ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ကိုဗစ်ဓာတ်ခွဲနမူနာ စမ်းသပ်ကိရိယာ ၄၅၀၀၀ မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂၈ ရက်တွင်ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၂၉ ရက်မှစတင်စစ်ဆေးသွားမည်ဖြစ်ကာ လူထောင်နှင့်ချီတွေ့နိုင်သည့်အတွက် နောက်ဆုံးတိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ Medical Team ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတယ်။ အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်သမျှ နှစ်ပတ်အတွင်း အင်နဲ့အားနဲ့ဆောင်ရွက်သွားမယ်။ မိနစ် ၂၀ အတွင်းအဖြေသိနိုင်တဲ့ Antigen test kit နဲ့စစ်ရင် ထောင်ချီပြီးထွက်လာနိုင်တယ်။ အတတ်နိုင်ဆုံးထိန်းချုပ်နိုင်သမျှ နောက်ဆုံးတိုက်ပွဲတိုက်ဖို့ ပြင်နေတယ်။ လူနာတွေကိုလည်း အတတ်နိုင်ဆုံးထိန်းချုပ်မယ်။ ပြည်သူတွေလည်း ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို စနစ်တကျလိုက်နာမယ်။ Home Stay အစီအမံတွေကိုလည်း ကြပ်ကြပ်မတ်မတ်နဲ့လုပ်ဆောင်မယ်ဆိုရင် နောက်ဆုံးတိုက်ပွဲကို တိုက်နိုင်မယ်လို့ ထင်ပါတယ်”ဟုဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောသည်။
လက်ရှိတွင် အောင်မြင့်မိုရိအိမ်ရာတွင် ကုတင် (၅၀၀) နှင့် ရိုးမအိမ်ရာ (၂) တို့တွင်လူနာများလက်ခံကုသနိုင်ရန်ပြင်ဆင်နေပြီး ယဉ်ကျေးမှုတက္ကသိုလ်၊ ရန်ကင်းပညာရေးကောလိပ်နှင့်နယ်စပ်စည်ပင်ဧည့်ရိပ်သာ၊ YCC ၊ Fotune Plaza တို့ကို ကြိုတင်ပြင်ဆင်ထားကာ လူအင်အားအလုံးနှင့်အရင်းနှင့်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ ၁၁၆၃၁ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူဦးရေ ၃၀၇၃ ဦးနှင့် သေဆုံးသူ ၂၅၆ ဦးအထိရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWave

 

(Zawgyi)

ရန္ကုန္တိုင္းေဒသႀကီးအတြင္း Covid-19 ေရာဂါကို ႏွစ္ပတ္အတြင္းထိန္းခ်ဳပ္သြားမည္ျဖစ္ၿပီး ေနာက္ဆံုးတိုက္ပြဲဆင္ႏႊဲသြားမည္ျဖစ္ေၾကာင္း ေဆးတကၠသိုလ္(၁) ပါေမာကၡခ်ဳပ္ေဒါက္တာေဇာ္ေဝစိုးက ေျပာသည္။

ကိုဗစ္ဓာတ္ခြဲနမူနာ စမ္းသပ္ကိရိယာ ၄၅၀၀၀ ျမန္မာႏိုင္ငံသို႔ စက္တင္ဘာ ၂၈ ရက္တြင္ေရာက္ရွိခဲ့ၿပီး စက္တင္ဘာ ၂၉ ရက္မွစတင္စစ္ေဆးသြားမည္ျဖစ္ကာ လူေထာင္ႏွင့္ခ်ီေတြ႔ႏိုင္သည့္အတြက္ ေနာက္ဆံုးတိုက္ပြဲဝင္ရမည္ျဖစ္ေၾကာင္း ၄င္းကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကြ်န္ေတာ္တို႔ Medical Team ကိုလည္း က်န္းမာေရးဝန္ႀကီးဌာနက ဖြဲ႔စည္းထားတယ္။ အတတ္ႏိုင္ဆံုး ထိန္းခ်ဳပ္ႏိုင္သမွ် ႏွစ္ပတ္အတြင္း အင္နဲ႔အားနဲ႔ေဆာင္ရြက္သြားမယ္။ မိနစ္ ၂၀ အတြင္းအေျဖသိႏိုင္တဲ့ Antigen test kit နဲ႔စစ္ရင္ ေထာင္ခ်ီၿပီးထြက္လာႏိုင္တယ္။ အတတ္ႏိုင္ဆံုးထိန္းခ်ဳပ္ႏိုင္သမွ် ေနာက္ဆံုးတိုက္ပြဲတိုက္ဖို႔ ျပင္ေနတယ္။ လူနာေတြကိုလည္း အတတ္ႏိုင္ဆံုးထိန္းခ်ဳပ္မယ္။ ျပည္သူေတြလည္း ထုတ္ျပန္ထားတဲ့စည္းကမ္းခ်က္ေတြကို စနစ္တက်လိုက္နာမယ္။ Home Stay အစီအမံေတြကိုလည္း ၾကပ္ၾကပ္မတ္မတ္နဲ႔လုပ္ေဆာင္မယ္ဆိုရင္ ေနာက္ဆံုးတိုက္ပြဲကို တိုက္ႏိုင္မယ္လို႔ ထင္ပါတယ္”ဟုေဆးတကၠသိုလ္(၁) ပါေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုးက ေျပာသည္။
လက္ရွိတြင္ ေအာင္ျမင့္မိုရိအိမ္ရာတြင္ ကုတင္ (၅၀၀) ႏွင့္ ရိုးမအိမ္ရာ (၂) တို႔တြင္လူနာမ်ားလက္ခံကုသႏိုင္ရန္ျပင္ဆင္ေနၿပီး ယဥ္ေက်းမႈတကၠသိုလ္၊ ရန္ကင္းပညာေရးေကာလိပ္ႏွင့္နယ္စပ္စည္ပင္ဧည့္ရိပ္သာ၊ YCC ၊ Fotune Plaza တို႔ကို ႀကိဳတင္ျပင္ဆင္ထားကာ လူအင္အားအလံုးႏွင့္အရင္းႏွင့္ေဆာင္ရြက္မည္ျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံတြင္ Covid-19 အတည္ျပဳလူနာ ၁၁၆၃၁ ဦးရွိၿပီး ေဆးရံုဆင္းခြင့္ရရွိသူဦးေရ ၃၀၇၃ ဦးႏွင့္ ေသဆံုးသူ ၂၅၆ ဦးအထိရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWave

Leave a Reply