ဖိလစ္ပိုင္ႏိုင္ငံ၌ လြန္ခဲ့ေသာသံုးလအတြင္း မိသားစု ၇ ဒသမ ၆ သန္း ခန္႔ အစာေရစာ ငတ္မြတ္ခ်ိဳ႕တဲ့မႈ ႏွင့္ၾကံဳေတြ႕ လ်က္ရွိ

0
14
ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သောသုံးလအတွင်း မိသားစု ၇ ဒသမ ၆ သန်း ခန့် အစာရေစာ ငတ်မွတ်ချို့တဲ့မှု နှင့်ကြုံတွေ့ လျက်ရှိ
 
ဖိလစ်ပိုင်နိုင်ငံ၏ လူမှုရေးဆိုင်ရာသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော Social Weather Station (SWS) က ပြုလုပ်ခဲ့သည့် သုတေသနလေ့လာချက်တစ်ခုအရ ဖိလစ်ပိုင်ပြည်သူ မိသားစု ၇ ဒသမ ၆ သန်းခန့်မှာ လွန်ခဲ့သောသုံးလတာကာလအတွင်း အစာရေစာ ငတ်မွတ်ချို့တဲ့မှုနှင့်ကြုံတွေ့နေကြရပြီး ၂၀၁၄ ခုနှစ်မှစ၍ နိုင်ငံအတွင်းအမြင့်မားဆုံးသော စံချိန်လည်းဖြစ်ကြောင်း စက်တင်ဘာလ ၂၇ ရက်က SWS ၏ကြေညာချက်တွင်ဖေါ်ပြခဲ့သည်။
 
ထိုလေ့လာမှုကို SWS အဖွဲ့က မိုဘိုင်းလက်ကိုင်ဖုန်းနှင့် ကွန်ပျူတာအထောက်အကူပြုတယ်လီဖုန်းစနစ် တို့ဖြင့် အရွယ်ရောက်ပြီးသော ဖိလစ်ပိုင်နိုင်ငံသား ၁,၂၄၉ ဦး ကိုဆက်သွယ်မေးမြန်းကာပြုလုပ်ခဲ့ခြင်းဖြစ် သည်။လူနေထူထပ်မှုအရမက်ထရိုမနီလာမြို့တွင် ၃၀၉ ဦး၊ မက်ထရိုမနီလာမြို့ပြင်ပ လူဇုန်ကျွန်းအတွင်း နယ်မြေများ၌ ၃၂၈ ဦး၊ ဗီဆာရာ့စ် ကျွန်းဒေသ၌ ၃၀၀ ဦးနှင့် မင်ဒါနာအိုကျွန်း၌ ၃၁၂ ဦး စသည်ဖြင့်ခွဲခြား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
 
စက်တင်ဘာလ ၁၇ ရက်မှ ၂၀ ရက်ထိပြုလုပ်ခဲ့သောထိုလေ့လာမှုတွင် ဖြေကြားသူ ၃၀ ဒသမ ၇ ရာ ခိုင်နှုန်းက ၎င်းတို့မှာအစာရေစာချို့တဲ့မှုကြောင့် ဆာလောင်ငတ်မွတ်မှုနှင့်ကြုံတွေ့နေရကြောင်းဖြေကြား ခဲ့ကြသည်။
 
ဇူလိုင်လအတွင်းကပြုလုပ်ခဲ့သော အလားတူလေ့လာမှုတွင် ထိုသို့ဖြေကြားသူ ၂၀ ဒသမ ၉ ရာခိုင်နှုန်းသာရှိခဲ့သေးသည်။ ၂၀၁၂ ခုနှစ် မတ်လအတွင်းကပြုလုပ်ခဲ့သောလေ့လာမှုတစ်ရပ်တွင် ထိုကဲ့ သို့ အစာရေစာချို့တဲ့ငတ်မွတ်မှုနှင့်ကြုံတွေ့နေရသူ ၂၃ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး အမြင့်ဆုံးစံချိန်တင်ခဲ့ သေးကြောင်းလည်း SWS အဖွဲ့ကပြောခဲ့သည်။ထိုသို့အစာရေစာ ချို့တဲ့ငတ်မွတ်မှုနှင့်ကြုံတွေ့နေရ ကြောင်းဖြေကြားခဲ့သည့် ရာခိုင်နှုန်းက မိသားစု ၇ ဒသမ ၆ သန်းခန့်ကို ကိုယ်စားပြုနေကြောင်းလည်းလေ့ လာမှုတွင်ဖေါ်ပြခဲ့သည်။
 
အဆိုပါ အစာရေစာချို့တဲ့ငတ်မွတ်မှုနှင့်ကြုံတွေ့နေရသည့် မိသားစုများအနက် မိသားစု ၅ ဒသမ ၅ သန်း ခန့်မှာ လွန်ခဲ့သောသုံးလအတွင်း ၎င်းတို့မှာ အစာရေစာပြတ်လပ်မှု အနည်းဆုံးတစ်ကြိမ်(သို့မဟုတ်)ထို့ ထက်ပို၍ ကြုံတွေ့ခဲ့ရကြောင်း၊ မိသားစု ၂ ဒသမ ၂ သန်းနီးပါး မှာမူ မကြာခဏ(သို့မဟုတ်) အမြဲတမ်းဆို သလို အစာရေစာပြတ်လပ်မှု နှင့်ကြုံတွေ့နေရသည်ဟုလည်း ခန့်မှန်းသိရှိရကြောင်း လေ့လာမှုကဖေါ်ပြ ခဲ့သည်။
 
ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကို တိုက်ဖျက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံတွင် လူ့အဖွဲ့အစည်းအတွင်းသီးသန့် ခွဲခြားစောင့်ကြည့်မှု(Community Quarantine) ကိုစတင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများရပ်ဆိုင်း၍ ပြည်သူ တို့၏ သွားလာမှုကိုကန့်သတ်ခဲ့သည်မှာ ခုနှစ်လနီးပါးကြာမြင့်ပြီဖြစ်သောကာလတွင် ထိုလေ့လာမှုကိုပြု လုပ်ခဲ့ခြင်းလည်းဖြစ်သည်။
 
အဆိုပါလေ့လာမှုပြုလုပ်ပြီးနောက် ၎င်း၏ရလဒ်များအရ နိုင်ငံစီးပွားရေးပြန်လည်ဖွင့်လှစ်ပေးရေးနှင့်ဖိ လစ်ပိုင်ပြည်သူများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်တို့၏ အရေးကြီးမှုအပေါ် ဖိလစ်ပိုင်သမ္မတရုံးက လည်း အလေးထားလာခဲ့ကြောင်း သတင်းများ က ဆိုသည်။
 
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဟာရီရို့ က ဖိလစ်ပိုင်ရုပ်မြင်သံကြားလိုင်းတစ်ခုဖြစ်သော Teleradyo နှင့်တွေ့ဆုံမေးမြန်းမှုတစ်ရပ်၌ SWS လေ့လာ မှုရလဒ်များအရသိရှိရသည်မှာ များစွာစိတ်မကောင်းဖွယ်ဖြစ်ကြောင်း၊၎င်းက ကပ်ရောဂါဆိုးကြောင့်နိုင်ငံ စီးပွားရေးရပ်ဆိုင်းခဲ့ရခြင်းကြောင့်လည်းဖြစ်ကြောင်း၊ထိုသို့ အစားအစာချို့တဲ့ပြတ်လပ်မှုကိုလျော့ကျရေး အတွက်တစ်ခုတည်းသောအာမခံချက်မှာ ဖိလစ်ပိုင်ပြည်သူအများအပြား လုပ်ငန်းခွင်ပြန်ဝင်ကာ ဝင်ငွေ ပြန်လည်ရရှိနိုင်ရေးဖြစ်ကြောင်း၊ယခုကဲ့သို့ကြုံတွေ့မှုကလည်းယာယီသာ ဖြစ်မည်ဟုယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ ၎င်းကပြည်သူများအား အထောက်အပံ့ပေးရေးအစီအစဉ်များကိုလည်း အစိုးရက တိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
 
ဖိလစ်ပိုင်နိုင်ငံ တွင် စက်တင်ဘာလ ၂၇ ရက်အထိကိုဗစ်-၁၉ ဗိုင်းရပ် ကူးစက်ခံရသူ ဦးရေ ၃၀၄,၂၂၆ ဦး ရှိလာပြီဖြစ်ပြီးရောဂါကြောင့်သေဆုံးသူ ၅,၃၄၄ ဦးရှိကာကျန်းမာရေးကောင်းမွန်၍ဆေးရုံမှပြန်လည်ဆင်း သက်သွားသူ ၂၅၂,၂၁၀ ရှိကြောင်းသိရသည်။
 
Ref—— Inquirer.net
Translated by Htwe Ko Tun
 
မက်ထရိုမနီလာမြို့အတွင်း အစာရေစာချို့တဲ့မှုကြောင့် အစားအသောက်များ ဝေဌစားသုံးနေရသော က လေးငယ်များကိုတွေ့ရစဉ်။(photo—-Inquirer.net)
 
ဖိလစ်ပိုင်တပ်မတော်က မက်ထရိုမနီလာမြို့၏ ဆင်းရဲသားရပ်ကွက်တစ်ခုအနီး၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးကြောင့် lockdown ပြုလုပ်မှုကာလအတွင်း အစားအစာများကို ရွှေ့ပြောင်းမီးဖိုချောင်ယာဉ် တစ်စီးဖြင့် ပြည်သူများအား လိုက်လံဝေပေးနေစဉ်။
(photo—-licas.news)
 
 
ဖိလစ္ပိုင္ႏိုင္ငံ၏ လူမႈေရးဆိုင္ရာသုေတသနအဖဲြ႕အစည္းတစ္ခုျဖစ္ေသာ Social Weather Station (SWS) က ျပဳလုပ္ခဲ့သည့္ သုေတသနေလ့လာခ်က္တစ္ခုအရ ဖိလစ္ပိုင္ျပည္သူ မိသားစု ၇ ဒသမ ၆ သန္းခန္႔မွာ လြန္ခဲ့ေသာသံုးလတာကာလအတြင္း အစာေရစာ ငတ္မြတ္ခ်ိဳ႕တဲ့မႈႏွင့္ၾကံဳေတြ႕ေနၾကရၿပီး ၂၀၁၄ ခုႏွစ္မွစ၍ ႏိုင္ငံအတြင္းအျမင့္မားဆံုးေသာ စံခ်ိန္လည္းျဖစ္ေၾကာင္း စက္တင္ဘာလ ၂၇ ရက္က SWS ၏ေၾကညာခ်က္တြင္ေဖၚျပခဲ့သည္။
 
ထိုေလ့လာမႈကို SWS အဖဲြ႕က မိုဘိုင္းလက္ကိုင္ဖုန္းႏွင့္ ကြန္ပ်ဴတာအေထာက္အကူျပဳတယ္လီဖုန္းစနစ္ တို႔ျဖင့္ အရြယ္ေရာက္ၿပီးေသာ ဖိလစ္ပိုင္ႏိုင္ငံသား ၁,၂၄၉ ဦး ကိုဆက္သြယ္ေမးျမန္းကာျပဳလုပ္ခဲ့ျခင္းျဖစ္ သည္။လူေနထူထပ္မႈအရမက္ထ႐ိုမနီလာၿမိဳ႕တြင္ ၃၀၉ ဦး၊ မက္ထ႐ိုမနီလာၿမိဳ႕ျပင္ပ လူဇုန္ကၽြန္းအတြင္း နယ္ေျမမ်ား၌ ၃၂၈ ဦး၊ ဗီဆာရာ့စ္ ကၽြန္းေဒသ၌ ၃၀၀ ဦးႏွင့္ မင္ဒါနာအိုကၽြန္း၌ ၃၁၂ ဦး စသည္ျဖင့္ခဲြျခား ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
 
စက္တင္ဘာလ ၁၇ ရက္မွ ၂၀ ရက္ထိျပဳလုပ္ခဲ့ေသာထိုေလ့လာမႈတြင္ ေျဖၾကားသူ ၃၀ ဒသမ ၇ ရာ ခိုင္ႏႈန္းက ၎တို႔မွာအစာေရစာခ်ိဳ႕တဲ့မႈေၾကာင့္ ဆာေလာင္ငတ္မြတ္မႈႏွင့္ၾကံဳေတြ႕ေနရေၾကာင္းေျဖၾကား ခဲ့ၾကသည္။
 
ဇူလိုင္လအတြင္းကျပဳလုပ္ခဲ့ေသာ အလားတူေလ့လာမႈတြင္ ထိုသို႔ေျဖၾကားသူ ၂၀ ဒသမ ၉ ရာခိုင္ႏႈန္းသာရွိခဲ့ေသးသည္။ ၂၀၁၂ ခုႏွစ္ မတ္လအတြင္းကျပဳလုပ္ခဲ့ေသာေလ့လာမႈတစ္ရပ္တြင္ ထိုကဲ့ သို႔ အစာေရစာခ်ိဳ႕တဲ့ငတ္မြတ္မႈႏွင့္ၾကံဳေတြ႕ေနရသူ ၂၃ ဒသမ ၈ ရာခိုင္ႏႈန္းရွိခဲ့ၿပီး အျမင့္ဆံုးစံခ်ိန္တင္ခဲ့ ေသးေၾကာင္းလည္း SWS အဖဲြ႕ကေျပာခဲ့သည္။ထိုသို႕အစာေရစာ ခ်ိဳ႕တဲ့ငတ္မြတ္မႈႏွင့္ၾကံဳေတြ႕ေနရ ေၾကာင္းေျဖၾကားခဲ့သည့္ ရာခိုင္ႏႈန္းက မိသားစု ၇ ဒသမ ၆ သန္းခန္႔ကို ကိုယ္စားျပဳေနေၾကာင္းလည္းေလ့ လာမႈတြင္ေဖၚျပခဲ့သည္။
 
အဆိုပါ အစာေရစာခ်ိဳ႕တဲ့ငတ္မြတ္မႈႏွင့္ၾကံဳေတြ႕ေနရသည့္ မိသားစုမ်ားအနက္ မိသားစု ၅ ဒသမ ၅ သန္း ခန္႔မွာ လြန္ခဲ့ေသာသံုးလအတြင္း ၎တို႔မွာ အစာေရစာျပတ္လပ္မႈ အနည္းဆံုးတစ္ႀကိမ္(သို႔မဟုတ္)ထို႔ ထက္ပို၍ ၾကံဳေတြ႕ခဲ့ရေၾကာင္း၊ မိသားစု ၂ ဒသမ ၂ သန္းနီးပါး မွာမူ မၾကာခဏ(သို႔မဟုတ္) အၿမဲတမ္းဆို သလို အစာေရစာျပတ္လပ္မႈ ႏွင့္ၾကံဳေတြ႕ေနရသည္ဟုလည္း ခန္႔မွန္းသိရွိရေၾကာင္း ေလ့လာမႈကေဖၚျပ ခဲ့သည္။
 
ကိုဗစ္-၁၉ ကပ္ေရာဂါဆိုးကို တိုက္ဖ်က္ရန္အတြက္ ဖိလစ္ပိုင္ႏိုင္ငံတြင္ လူ႕အဖဲြ႕အစည္းအတြင္းသီးသန္႔ ခဲြျခားေစာင့္ၾကည့္မႈ(Community Quarantine) ကိုစတင္ခဲ့ၿပီး စီးပြားေရးလုပ္ငန္းမ်ားရပ္ဆိုင္း၍ ျပည္သူ တို႔၏ သြားလာမႈကိုကန္႔သတ္ခဲ့သည္မွာ ခုႏွစ္လနီးပါးၾကာျမင့္ၿပီျဖစ္ေသာကာလတြင္ ထိုေလ့လာမႈကိုျပဳ လုပ္ခဲ့ျခင္းလည္းျဖစ္သည္။
 
အဆိုပါေလ့လာမႈျပဳလုပ္ၿပီးေနာက္ ၎၏ရလဒ္မ်ားအရ ႏိုင္ငံစီးပြားေရးျပန္လည္ဖြင့္လွစ္ေပးေရးႏွင့္ဖိ လစ္ပိုင္ျပည္သူမ်ား လုပ္ငန္းခြင္ျပန္လည္ဝင္ေရာက္ႏိုင္တို႔၏ အေရးႀကီးမႈအေပၚ ဖိလစ္ပိုင္သမၼတရံုးက လည္း အေလးထားလာခဲ့ေၾကာင္း သတင္းမ်ား က ဆိုသည္။
 
သမၼတရံုး ေျပာေရးဆိုခြင့္ရွိသူ ဟာရီ႐ို႕ က ဖိလစ္ပိုင္႐ုပ္ျမင္သံၾကားလိုင္းတစ္ခုျဖစ္ေသာ Teleradyo ႏွင့္ေတြ႕ဆံုေမးျမန္းမႈတစ္ရပ္၌ SWS ေလ့လာ မႈရလဒ္မ်ားအရသိရွိရသည္မွာ မ်ားစြာစိတ္မေကာင္းဖြယ္ျဖစ္ေၾကာင္း၊၎က ကပ္ေရာဂါဆိုးေၾကာင့္ႏိုင္ငံ စီးပြားေရးရပ္ဆိုင္းခဲ့ရျခင္းေၾကာင့္လည္းျဖစ္ေၾကာင္း၊ထိုသို႔ အစားအစာခ်ိဳ႕တဲ့ျပတ္လပ္မႈကိုေလ်ာ့က်ေရး အတြက္တစ္ခုတည္းေသာအာမခံခ်က္မွာ ဖိလစ္ပိုင္ျပည္သူအမ်ားအျပား လုပ္ငန္းခြင္ျပန္ဝင္ကာ ဝင္ေငြ ျပန္လည္ရရွိႏိုင္ေရးျဖစ္ေၾကာင္း၊ယခုကဲ့သို႔ၾကံဳေတြ႕မႈကလည္းယာယီသာ ျဖစ္မည္ဟုယံုၾကည္ပါေၾကာင္း ေျပာၾကားခဲ့သည္။ ၎ကျပည္သူမ်ားအား အေထာက္အပံ့ေပးေရးအစီအစဥ္မ်ားကိုလည္း အစိုးရက တိုးခ်ဲ႕ေဆာင္ ရြက္သြားမည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။
 
ဖိလစ္ပိုင္ႏိုင္ငံ တြင္ စက္တင္ဘာလ ၂၇ ၇က္အထိကိုဗစ္-၁၉ ဗိုင္းရပ္ ကူးစက္ခံရသူ ဦးေရ ၃၀၄,၂၂၆ ဦး ရွိလာၿပီျဖစ္ၿပီးေရာဂါေၾကာင့္ေသဆံုးသူ ၅,၃၄၄ ဦးရွိကာက်န္းမာေရးေကာင္းမြန္၍ေဆးရံုမွျပန္လည္ဆင္း သက္သြားသူ ၂၅၂,၂၁၀ ရွိေၾကာင္းသိရသည္။
 
Ref—— Inquirer.net
Translated by Htwe Ko Tun
 
မက္ထ႐ိုမနီလာၿမိဳ႕အတြင္း အစာေရစာခ်ိဳ႕တဲ့မႈေၾကာင့္ အစားအေသာက္မ်ား ေဝဌစားသံုးေနရေသာ က ေလးငယ္မ်ားကိုေတြ႕ရစဥ္။(photo—-Inquirer.net)
 
ဖိလစ္ပိုင္တပ္မေတာ္က မက္ထ႐ိုမနီလာၿမိဳ႕၏ ဆင္းရဲသားရပ္ကြက္တစ္ခုအနီး၌ ကိုဗစ္-၁၉ ကပ္ေရာဂါ ဆိုးေၾကာင့္ lockdown ျပဳလုပ္မႈကာလအတြင္း အစားအစာမ်ားကို ေရႊ႕ေျပာင္းမီးဖိုေခ်ာင္ယာဥ္ တစ္စီးျဖင့္ ျပည္သူမ်ားအား လိုက္လံေဝေပးေနစဥ္။
(photo—-licas.news)

Leave a Reply