ရာသီအကုန်အထိ ၀က်စ်ဘရွန်းမှာ အငှားကစားမယ့် စတာရစ်ခ်ျ

0
166

ဇန်န၀ါရီ ၃၀ ၊ ၂၀၁၈

လီဗာပူးရဲ့ အင်္ဂလန်တောင်ပံကစားသမား စတာရစ်ခ်ျဟာ ၀က်စ်ဘရွန်းအသင်းကို ယခုနှစ်ဘောလုံး ရာသီအကုန်အထိ အငှားပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

စတာရစ်ခ်ျဟာ အင်တာမီလန် ၊ နယူးကာဆယ် တို့နဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မိသားစု ကိစ္စတချို့ကြောင့်သာ ၀က်စ်ဘရွန်းကို ပြောင်းဖို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။သူဟာ လီဗာပူးလ်အသင်းရဲ့ အရန်ကစားသမားအဖြစ်သာ ရှိနေခဲ့ပြီး လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့အတွက် အိပ်မက်လည်းဖြစ်နေပါတယ်။ ဒါကြောင့် ပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့် အသင်းတစ်ခုကို ရှာဖွေပြီး လီဗာပူးလ်ကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ စတာရစ်ခ်ျဟာ လီဗာပူးလ်အတွက် ၉၈ ပွဲ ကစားပေးထားခဲ့ပြီး ၄၈ ဂိုးအထိ သွင်းယူပေးထားခဲ့သူ ဖြစ်ပါတယ်။ လီဗာပူးလ်နဲ့အတူ ဘောလုံးရာသီ လေးခုလောက်ကို ဖြတ်သန်းခဲ့ပေမယ့် မကြာခဏ ဒဏ်ရာရရှိမှုဟာ သူ့အတွက် ပုံမှန်ပွဲထွက်ခွင့်ကို ဆုံးရှုံးစေခဲ့ပါတယ်။

စတာရစ်ခ်ျအနေနဲ့ ၀က်စ်ဘရွန်းကို ရောက်ရှိလာမှုဟာ အသင်းမတွက် အကောင်းဆုံး အခြေအနေတစ်ခုကို ပိုင်ဆိုင်တော့မှာဖြစ်ကြောင်း ၊ ပရိသတ်တွေအနေနဲ့လည်း ယခုအပြောင်းအရွှေ့ကို ကျေနပ်နိုင်ကြလိမ့်မယ်လို့ ထင်မြင်ကြောင်း ၀က်စ်ဘရွန်းအနေနဲ့ ပရီးမီးယားလိဂ် ကလပ်တွေကို အကောင်းဆုံး စိန်ခေါ်နိုင်တော့မှာ ဖြစ်ကြောင်း ၀က်စ်ဘရွန်းနည်းပြ အလန်ပါကျူးက ဆိုပါတယ်။

NN

Leave a Reply