တစ္ႀကိမ္စစ္ပါက အမ်ားဆုံး ၅ ေဒၚလာသာက်သင့္မည့္ COVID-19 စမ္းသပ္ပစၥည္းေဒၚလာသန္း ၁၂၀ ဖိုး ဆင္းရဲေသာႏိုင္ငံမ်ားအတြက္ရႏိုင္မည္ဟု WHO ေျပာ

0
22
တစ်ကြိမ်စစ်ပါက အများဆုံး ၅ ဒေါ်လာသာကျသင့်မည့် COVID-19 စမ်းသပ်ပစ္စည်းဒေါ်လာသန်း ၁၂၀ ဖိုး ဆင်းရဲသောနိုင်ငံများအတွက်ရနိုင်မည်ဟု WHO ပြော
 
ဂျီနီဗာ၊ စက်တင်ဘာ ၂၉
 
တစ်ခုလျှင်အများဆုံး ၅ ဒေါ်လာသာကျသင့်မည့်ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ပစ္စည်းဒေါ်လာသန်း ၁၂၀ ဖိုးကို ဝင်ငွေနည်း သို့ အလယ်အလတ်ရှိနိုင်ငံများအတွက် ပြုလုပ်ပေးထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O က တနင်္လာနေ့တွင်ပြောသည်။
 
မြန်ဆန်၊ စိတ်ချရပြီး ဈေးသက်သာသည့်စမ်းသပ်မှုကျယ်ကျယ်ပြန့်ပြန့်ရရှိပါက နိုင်ငံ ၁၃၃ နိုင်ငံသည် ချမ်းသာသောနိုင်ငံများနှင့်ကွာဟချက်ကျဉ်းမြောင်းပြီး ရောဂါခြေရာခံမှုနှင့်ပျံ့နှံ့မှုထိန်းချုပ်ရာတွင် အကူအညီဖြစ်မည်ဟုလည်းပြောသည်။
 
အက်ဘော့နှင့် အက်စ်ဒီဘိုင်အိုဆန်ဆာ ကုမ္ပဏီ ၂ ခုက ဘီလ်နှင့်မီလန်ဒါဂိတ်ဖောင်ဒေးရှင်းနှင့်ပူးပေါင်းပြီး ၆ လ အတွင်း စမ်းသပ်ပစ္စည်းဒေါ်လာသန်း ၁၂၀ ဖိုးထုတ်လုပ်ပေးရန် သဘောတူထားသည်ဟု WHO ညွှန်ကြားရေးမှူး တက်ဒရို့စ် အက်ဟာနွန် ဂီဘရီးယီဆပ်ကပြောသည်။
 
လက်ရှိတွင် စမ်းသပ်ပစ္စည်းတစ်ခုကို ၅ ဒေါ်လာခန့်ရှိပြီး ပိုဈေးသက်သာလာနိုင်ကြောင်းလည်းပြောသည်။
 
ကိုယ်ခံအားစနစ်ကိုစမ်းသပ်စစ်ဆေးမှုသည် ဓာတ်ခွဲခန်းမလိုအပ်ဘဲ ၁၅ မိနစ်အတွင်း ယုံကြည်စိတ်ချရသောစမ်းသပ်မှုများပြုလုပ်နိုင်မည်ဖြစ်သည်။
 
Source – Reuters
#ဥက္ကာ
#TheFifthWaveNews
Photo – Xinhua
(Zawgyi)
 
 
ဂ်ီနီဗာ၊ စက္တင္ဘာ ၂၉
 
တစ္ခုလွ်င္အမ်ားဆုံး ၅ ေဒၚလာသာက်သင့္မည့္ကို႐ိုနာဗိုင္းရပ္စ္စမ္းသပ္ပစၥည္းေဒၚလာသန္း ၁၂၀ ဖိုးကို ဝင္ေငြနည္း သို႔ အလယ္အလတ္ရွိႏိုင္ငံမ်ားအတြက္ ျပဳလုပ္ေပးထားေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ W.H.O က တနလၤာေန႔တြင္ေျပာသည္။
 
ျမန္ဆန္၊ စိတ္ခ်ရၿပီး ေဈးသက္သာသည့္စမ္းသပ္မႈက်ယ္က်ယ္ျပန႔္ျပန႔္ရရွိပါက ႏိုင္ငံ ၁၃၃ ႏိုင္ငံသည္ ခ်မ္းသာေသာႏိုင္ငံမ်ားႏွင့္ကြာဟခ်က္က်ဥ္းေျမာင္းၿပီး ေရာဂါေျခရာခံမႈႏွင့္ပ်ံ႕ႏွံ႔မႈထိန္းခ်ဳပ္ရာတြင္ အကူအညီျဖစ္မည္ဟုလည္းေျပာသည္။
 
အက္ေဘာ့ႏွင့္ အက္စ္ဒီဘိုင္အိုဆန္ဆာ ကုမၸဏီ ၂ ခုက ဘီလ္ႏွင့္မီလန္ဒါဂိတ္ေဖာင္ေဒးရွင္းႏွင့္ပူးေပါင္းၿပီး ၆ လ အတြင္း စမ္းသပ္ပစၥည္းေဒၚလာသန္း ၁၂၀ ဖိုးထုတ္လုပ္ေပးရန္ သေဘာတူထားသည္ဟု WHO ၫႊန္ၾကားေရးမႉး တက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီးယီဆပ္ကေျပာသည္။
 
လက္ရွိတြင္ စမ္းသပ္ပစၥည္းတစ္ခုကို ၅ ေဒၚလာခန႔္ရွိၿပီး ပိုေဈးသက္သာလာႏိုင္ေၾကာင္းလည္းေျပာသည္။
 
ကိုယ္ခံအားစနစ္ကိုစမ္းသပ္စစ္ေဆးမႈသည္ ဓာတ္ခြဲခန္းမလိုအပ္ဘဲ ၁၅ မိနစ္အတြင္း ယုံၾကည္စိတ္ခ်ရေသာစမ္းသပ္မႈမ်ားျပဳလုပ္ႏိုင္မည္ျဖစ္သည္။
 
Source – Reuters
#ဥကၠာ
#TheFifthWaveNews
Photo – Xinhua

Leave a Reply