ကိုဗစ္ ၁၉ ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးႏွင့္ထာဝရၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္မွ အပစ္ရပ္ သက္တမ္းတိုးျမႇင့္

0
14

ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်မှ အပစ်ရပ် သက်တမ်းတိုးမြှင့်-

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင်အပစ်ရပ် ကို ထပ်မံ၍ တိုးမြှင့်လိုက်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ကြေညာလိုက်သည်။

အပစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၃၁) ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟုသတ်မှတ်ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၃၀)ရက်အထိ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုတိုးမြှင့်ရပ်စဲထားကြောင်း သိရသည်။

ထို့အတူ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ၏ Appeal for Global Ceasefire ကို ထောက်ခံသောအားဖြင့်လည်းကောင်း သက်တမ်း တိုးမြှင့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ပါရှိသည်။

ယခု ထပ်မံ၍ ကိုဗစ် ၁၉ ဒုတိယ လှိုင်းဖြစ်ပွားမှုကြောင့် နိုင်ငံ့အနှံ့အပြားတွင် ကူးစက်မှုနှုန်းမြင့်မားနေပြီး သေဆုံးမှုများပြားနေခြင်းကြောင့်မြန်မာ့တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်နှင့်အမျိုးသားအကျိုးစီးပွားအတွက် အင်တိုက်အားတိုက်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပါရှိသည်။

တပ်မတော် အနေဖြင့် ထာဝရငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကို စစ်တိုင်း ၅ တိုင်းတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ မှ ၄ လ ကြာ အပစ်ရပ်ကြောင်း ပထမ အကြိမ်ကြေညာခဲ့ပြီး နောက်ထပ် ထပ်မံ၍ နှစ်လ တစ်ခါ သက်တမ်းကို သုံးကြိမ် ထပ်မံ တိုးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ယဉ်ကေနွယ်
#TheFifthWave

(Zawgyi)
 
ကိုဗစ္ ၁၉ ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးႏွင့္ထာဝရၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္မွ အပစ္ရပ္ သက္တမ္းတိုးျမႇင့္-
 
COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ႏိုင္ေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ရာတြင္ ထိေရာက္ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ေရးတို႔အတြက္ ႏိုင္ငံေတာ္မွ အၾကမ္းဖက္ဟု သတ္မွတ္ေၾကညာထားသည့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ေနရာမ်ားမွအပ က်န္နယ္ေျမမ်ားတြင္အပစ္ရပ္ ကို ထပ္မံ၍ တိုးျမႇင့္လိုက္ေၾကာင္း စက္တင္ဘာလ ၂၉ ရက္ေန႔က တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ က ထုတ္ျပန္ေၾကညာလိုက္သည္။
 
အပစ္ရပ္ကို ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၁)ရက္မွ (၃၁) ရက္အထိ ထပ္မံတိုးျမႇင့္ရပ္ဆိုင္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။
 
တပ္မေတာ္အေနျဖင့္ COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ႏိုင္ေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ရာတြင္ ထိေရာက္ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ေရးတို႔အတြက္ ႏိုင္ငံေတာ္မွ အၾကမ္းဖက္ဟုသတ္မွတ္ေၾကညာထားသည့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ေနရာမ်ားမွအပ က်န္နယ္ေျမမ်ားတြင္ ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ (၁)ရက္မွ (၃၀)ရက္အထိ တပ္မေတာ္အေနျဖင့္ ပစ္ခတ္တိုက္ခိုက္မႈတိုးျမႇင့္ရပ္စဲထားေၾကာင္း သိရသည္။
 
ထို႔အတူ ကုလသမဂၢအေထြေထြ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ၏ Appeal for Global Ceasefire ကို ေထာက္ခံေသာအားျဖင့္လည္းေကာင္း သက္တမ္း တိုးျမႇင့္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခ်က္တြင္ပါရွိသည္။
 
ယခု ထပ္မံ၍ ကိုဗစ္ ၁၉ ဒုတိယ လႈိင္းျဖစ္ပြားမႈေၾကာင့္ ႏိုင္ငံ့အႏွံ႔အျပားတြင္ ကူးစက္မႈႏႈန္းျမင့္မားေနၿပီး ေသဆုံးမႈမ်ားျပားေနျခင္းေၾကာင့္ျမန္မာ့တပ္မေတာ္အေနျဖင့္လည္း ႏိုင္ငံေတာ္ႏွင့္အမ်ိဳးသားအက်ိဳးစီးပြားအတြက္ အင္တိုက္အားတိုက္တက္ႂကြစြာ ပူးေပါင္းပါဝင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ပါရွိသည္။
 
တပ္မေတာ္ အေနျဖင့္ ထာဝရၿငိမ္းခ်မ္းေရးႏွင့္ အပစ္အခတ္ရပ္စဲေရးကို စစ္တိုင္း ၅ တိုင္းတြင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေန႔ မွ ၄ လ ၾကာ အပစ္ရပ္ေၾကာင္း ပထမ အႀကိမ္ေၾကညာခဲ့ၿပီး ေနာက္ထပ္ ထပ္မံ၍ ႏွစ္လ တစ္ခါ သက္တမ္းကို သုံးႀကိမ္ ထပ္မံ တိုးျမႇင့္ေပးခဲ့ေၾကာင္းသိရသည္။
 
ယဥ္ေကႏြယ္
#TheFifthWave

Leave a Reply