အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၅၀၀၀ နီးပါး ဖန္တီးေပးႏိုင္မည့္ လုပ္ငန္းမ်ား MIC ခြင့္ျပဳ

0
14

အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀၀ နီးပါး ဖန်တီးပေးနိုင်မည့် လုပ်ငန်းများ MIC ခွင့်ပြု

ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀၀ နီးပါး ဖန်တီးပေးနိုင်မည့် လုပ်ငန်းများကိုစက်တင်ဘာလ ၂၉ ရက်က Video Conferencing စနစ်ဖြင့် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည်။

ယင်းအစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၄) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦ ကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းအသစ် (၇) ခုကို ခွင့်ပြု ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃၄၇ ဒသမ ၈၅) သန်းနှင့် ကျပ် (၂၃,၄၁၁ ဒသမ ၂၅၅) သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း (၄,၉၁၅) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့်
နိုင်ငံ/ဒေသပေါင်း (၅၁) ခုမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိသော ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၃၂ ရာခိူင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၂၃ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၁ ရာခိုင်နှုန်း ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံ ထားသည်။

၂၀၂၀ ပြည့်နှစ် ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ျပည္တြင္း အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၅၀၀၀ နီးပါး ဖန္တီးေပးႏိုင္မည့္ လုပ္ငန္းမ်ားကိုစက္တင္ဘာလ ၂၉ ရက္က Video Conferencing စနစ္ျဖင့္ ျပဳလုပ္သည့္ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္၏ (၁၃/၂၀၂၀) ႀကိမ္ေျမာက္ အစည္းအေဝးတြင္ ခြင့္ျပဳခဲ့သည္။

ယင္းအစည္းအေဝးတြင္ ေဆာင္႐ြက္ဆဲလုပ္ငန္း (၄) ခုမွ မတည္ေငြရင္း တိုးျမႇင့္ျခင္း အပါအဝင္ ကုန္ထုတ္လုပ္မႈက႑၊ အိမ္ရာအေဆာက္အဦ က႑၊ ဟိုတယ္ႏွင့္ခရီးသြားက႑ႏွင့္ ဝန္ေဆာင္မႈ က႑တို႔မွ လုပ္ငန္းအသစ္ (၇) ခုကို ခြင့္ျပဳ ခဲ့ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ (၃၄၇ ဒသမ ၈၅) သန္းႏွင့္ က်ပ္ (၂၃,၄၁၁ ဒသမ ၂၅၅) သန္းရွိၿပီး ျပည္တြင္း လုပ္သားမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္း ေပါင္း (၄,၉၁၅) ေနရာကို ဖန္တီးေပးႏိုင္မည္ ျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္သည့္
ႏိုင္ငံ/ေဒသေပါင္း (၅၁) ခုမွ စီးပြားေရးက႑ (၁၂) ခုတြင္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားရွိေသာ က႑မ်ားမွာ လွ်ပ္စစ္က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၆ ဒသမ ၃၂ ရာခိူင္ႏႈန္းျဖင့္ လည္းေကာင္း၊ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕ က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၆ ဒသမ ၂၃ ရာခိုင္ႏႈန္း ျဖင့္လည္းေကာင္း၊ ကုန္ထုတ္လုပ္မႈ က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၁၄ ဒသမ ၃၁ ရာခိုင္ႏႈန္း ျဖင့္ လည္းေကာင္း ရင္းႏွီးျမႇဳပ္ႏွံ ထားသည္။

၂၀၂၀ ျပည့္ႏွစ္ ဩဂုတ္လကုန္အထိ ျမန္မာႏိုင္ငံအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံး ျပဳလုပ္ေသာ ႏိုင္ငံမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္သည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

 

Leave a Reply