အစၥလာမ္ဘာသာဝင္ျဖစ္ေသာ္လည္း ပါတီ၏စံႏႈန္းႏွင့္ကိုက္ညီသည့္အတြက္ ေရြးခ်ယ္ျခင္းျဖစ္သည္ဟု ဦးေက်ာ္ေဇယ်ေျပာ

0
42

အစ္စလာမ်ဘာသာဝင်ဖြစ်သော်လည်း ပါတီ၏စံနှုန်းနှင့်ကိုက်ညီသည့်အတွက် ရွေးချယ်ခြင်းဖြစ်သည်ဟု ဦးကျော်ဇေယျပြော

မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် အစ္စလာမ်ဘာသာဝင်ဖြစ်သော်လည်း ပါတီ၏စံနှုန်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့်အတွက် ရွေးချယ်ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။
အဆိုပါမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းသည် ဘာသာခြားဖြစ်သည့်အတွက် လူမှုကွန်ရက်တွင် ဝေဖန်မှုမြင့်တက်နေသည့်အပေါ် ဆက်သွယ်မေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

“ကိုယ်စားလှယ်လောင်းလျှောက်လွှာမှာတုန်းက ပါတီမူဝါဒက ကိုးကွယ်တဲ့ဘာသာကိုမထည့်ဘူး၊ ပညာအရည်အချင်းပဲ သတ်မှတ်ထားတယ်။ သူကမြန်မာလူမျိုးစစ်စစ်၊ မြန်မာလူမျိုးကို အစ္စလာမ်ဘာသာ ကိုးကွယ်တာ။ ယုံကြည်သက်ဝင်နေတာ။ အဲဒီလိုဖြစ်သွားတာ။ ပါတီမူဝါဒမှာလည်း မတူကွဲပြားတာတွေလည်းလုပ်မှာဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တခြားမြို့နယ် အန်ကယ်ရဲ့အမျိုးသားလွှတ်တော်ပြိုင်မှာက ခုနှစ်မြို့နယ်ရှိတယ်။ အစ္စလာမ်ဘာသာဝင်ဆိုတာကလည်း ကုလားပုံပေါက်နေတာပေါ့၊ ရိုးရိုးပါတီဝင်တွေအနေနဲ့ လက်ခံတယ်။ သူတို့က ကိုယ်စားလှယ်လောင်းလည်းလုပ်ချင်တယ်။ အန်ကယ်တို့ကလည်း လိမ္မာပါးနပ်စွာနဲ့ စံနဲ့မကိုက်ညီဘူး၊ ကျောက်တံတားနဲ့ ပန်းဘဲတန်းကို ပါကိုမပါဘူး။ မင်္ဂလာတောင်ညွန့်ကျတော့ ပုံစံကလည်းဗမာ အစ္စလာမ်ဘာသာ ကိုးကွယ်တယ်။ သူ့ရဲ့အရည်အချင်းတွေကလည်း စံနဲ့ကိုက်ညီတယ့်အတွက် ရွေးချယ်လိုက်တယ်လို့ ပြောရမှာဘဲ”ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီရုံးခန်းမဖွင့်လှစ်နိုင်သေးသော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်မှအပ ကျန်တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ကိုယ်စားလှယ်လောင်း ၂၃၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လူငယ်ကိုယ်စားလှယ်လောင်းအများဆုံး ပါဝင်ကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWave

(zawgyi)

မဂၤလာေတာင္ညြန္႔မဲဆႏၵနယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းသည္ အစၥလာမ္ဘာသာဝင္ျဖစ္ေသာ္လည္း ပါတီ၏စံႏႈန္းသတ္မွတ္ခ်က္ႏွင့္ ကိုက္ညီသည့္အတြက္ ေရြးခ်ယ္ျခင္းျဖစ္ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ဒုတိယဥကၠ႒ ဦးေက်ာ္ေဇယ်က ေျပာသည္။
အဆိုပါမဲဆႏၵနယ္မွ ကိုယ္စားလွယ္ေလာင္းသည္ ဘာသာျခားျဖစ္သည့္အတြက္ လူမႈကြန္ရက္တြင္ ေဝဖန္မႈျမင့္တက္ေနသည့္အေပၚ ဆက္သြယ္ေမးျမန္းရာတြင္ ၄င္းကအထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့သည္။

“ကိုယ္စားလွယ္ေလာင္းေလွ်ာက္လႊာမွာတုန္းက ပါတီမူဝါဒက ကိုးကြယ္တဲ့ဘာသာကိုမထည့္ဘူး၊ ပညာအရည္အခ်င္းပဲ သတ္မွတ္ထားတယ္။ သူကျမန္မာလူမ်ိဳးစစ္စစ္၊ ျမန္မာလူမ်ိဳးကို အစၥလာမ္ဘာသာ ကိုးကြယ္တာ။ ယံုၾကည္သက္ဝင္ေနတာ။ အဲဒီလိုျဖစ္သြားတာ။ ပါတီမူဝါဒမွာလည္း မတူကြဲျပားတာေတြလည္းလုပ္မွာဆိုေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ တျခားၿမိဳ႕နယ္ အန္ကယ္ရဲ႕အမ်ိဳးသားလႊတ္ေတာ္ၿပိဳင္မွာက ခုႏွစ္ၿမိဳ႕နယ္ရွိတယ္။ အစၥလာမ္ဘာသာဝင္ဆိုတာကလည္း ကုလားပံုေပါက္ေနတာေပါ့၊ ရိုးရိုးပါတီဝင္ေတြအေနနဲ႔ လက္ခံတယ္။ သူတို႔က ကိုယ္စားလွယ္ေလာင္းလည္းလုပ္ခ်င္တယ္။ အန္ကယ္တို႔ကလည္း လိမၼာပါးနပ္စြာနဲ႔ စံနဲ႔မကိုက္ညီဘူး၊ ေက်ာက္တံတားနဲ႔ ပန္းဘဲတန္းကို ပါကိုမပါဘူး။ မဂၤလာေတာင္ညြန္႔က်ေတာ့ ပံုစံကလည္းဗမာ အစၥလာမ္ဘာသာ ကိုးကြယ္တယ္။ သူ႔ရဲ႕အရည္အခ်င္းေတြကလည္း စံနဲ႔ကိုက္ညီတယ့္အတြက္ ေရြးခ်ယ္လိုက္တယ္လို႔ ေျပာရမွာဘဲ”ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ဒုတိယဥကၠ႒ ဦးေက်ာ္ေဇယ်က ေျပာသည္။

ျပည္သူ႔ေရွ႕ေဆာင္ပါတီသည္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ပါတီရံုးခန္းမဖြင့္လွစ္ႏိုင္ေသးေသာ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္မွအပ က်န္တိုင္းႏွင့္ျပည္နယ္ ၁၁ ခုတြင္ ကိုယ္စားလွယ္ေလာင္း ၂၃၀ ေက်ာ္ျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး လူငယ္ကိုယ္စားလွယ္ေလာင္းအမ်ားဆံုး ပါဝင္ေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWave

Leave a Reply