နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ ညဈေးများကို နှစ်ပတ်ကြာ ယာယီပိတ်
0
23
နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ ညစျေးများကို နှစ်ပတ်ကြာ ယာယီပိတ်
နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ ကုန်စိမ်း စျေးများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ နေ့လည် ၁၂နာရီ ထိသာရောင်းချခွင့်ပြုပြီး ညစျေးများကို နှစ်ပတ်ကြာ ယာယီပိတ်လိုက်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ အဖွဲ့၀င် ဦးမင်းသူက အတည်ပြုပြောကြားသည်။
စျေးအတွင်းရှိ လူသုံးကုန် ပစ္စည်းများ၊ အထည်လိပ်ဆိုင် အစရှိ သည့် ဆိုင်များကိုတော့ ပုံမှန်အတိုင်း ​ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
“စျေးတွေ ပိတ်တာတော့ မဟုတ်ဘူး။ ရောင်းချချိန် ကန့်သတ်တာပါ။ ညစျေးပေါ့လေ။ အဲ့ဒါကတော့ ၂ ပတ်လောက် ပိတ်တာပေါ့။ စျေးတွေ ဆိုတာ ကုန်စိမ်း စျေးတွေ ကိုက မနက်ပိုင်း ထွက်ရတယ်။ မနက်ပိုင်း ၁၀ နာရီ နောက်ပိုင်း ကျရင် လူတွေက ကျဲသွားတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မလိုအပ်တဲ့ လူစု လူဝေး မဖြစ်အောင် ကုန်၀ယ်ခြမ်း ပြီဒသွားတဲ့ အချိန်ကို ၁၂ နာရီ သတ်မှတ်တာ ဖြစ်တယ်။ ဒါကလည်း အဓိက အားဖြင့် ကိုဗစ် ကာကွယ်ရေး အတွက် လိုအပ်တဲ့ လူစုလူဝေးတွေ မဖြစ်အောင် အတွက် ကို စီစဉ်တာပါ” ဟု ဦးမင်းသူ ကပြောသည်။
‌စျေးရောင်းသူများ အနေဖြင့် mask အား တပ်ဆင်ခြင်းမရှိပါက စျေးရောင်းချခွင့် သုံးရက် ပိတ်မည်ဟု အမိန့် ထုတ်ပြန်ထားပြီး စျေး၀ယ်လာသူများ အနေဖြင့် လည်း mask တပ်ဆင်ခြင်း မရှိခြင်း ၊ကွမ်းယာဆိုင်များ ၊စျေးဆိုင်များတွင် mask တပ်ဆင်ခြင်းမရှိပဲ ၀ယ်ယူခြင်း ၊ လူစု လူဝေးများပြုလုပ်ပါက ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ ဒဏ်ရိုက် မည်ဖြစ်ကြောင်း သိရသည်။
ညစျေးများကို နှစ်ပိတ်ကြာ ပိတ်ရခြင်းသည် ညစျေးများတွင် ပါဆယ် စနစ်သာ ရောင်းချ ခွင့်ပြုထားသော်လည်း စျေး၀ယ်ရာတွင် စောင့်ဆိုင်းနေရသည့် အတွက် လူစုလူဝေး များဖြစ်ပေါ်နေသည့် အတွက် ထိုသို့ ပိတ်ရခြင်း ဖြစ်ကြောင်း ဦးမင်းသူ ကပြောသည်။
“စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စားခွင့် မပြုပဲ ပါဆယ် စနစ်နဲ့ ဒါ ရောင်းချရမယ်ဆိုပြီးမှ ဒါပြီးခဲ့တဲ့ ရက်ပိုင်းက အမိန့်ထုတ်ထားတယ်။ အမိန့် ထုတ်ထားတဲ့ အတွက် စားသောက်ဆိုင်တွေ မှာတော့ လူတွေ မရှိတော့ဘူး။ သို့သော်လည်း အခုလိုမျိုး ညစျေးတွေမှာတော့ စောင့်တာတို့ ဘာတို့ လူတွေ နည်းနည်း လူစု လူဝေးတွေ ဖြစ်နေတဲ့ အတွက် ကိုဗစ်ရောဂါ ပျံ့နှံ့နေတာကို ကာကွယ်ဖို့ ထိန်းချုပ်ဖို့အတွက် စျေးတွေကို အချိန်တစ်ခု အနေနဲ့ ည စျေးပေါ့လေ။ ညစျေးတွေကို ပိတ်ခိုင်းထားပါတယ်။ ဆိုင်ခင်းရောင်းချနေတဲ့ စျေးတွေ ပေါ့လေ”ဟု၎င်း ကပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ တွင် ညစျေးသည် မြို့မစျေး၊ သပြေကုန်း စျေးနှင့် ပုပ္ဗသီရီ ညစျေးစသည့် ညစျေး သုံး သာရှိကြောင်း သိရသည်။
နေပြည်တော် ကောင်စီနယ်မြေတွင် လက်ရှိ တွင် ကိုဗစ် ၁၉ ဖြစ်ပွားသူ ၁၃၀ ဦးရှိပြီး သေဆုံး သူသုံး ဦးရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ယဥ်ကေနွယ်
#TheFifthWaveNews
(zawgyi)
နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ ညဈေးများကို နှစ်ပတ်ကြာ ယာယီပိတ်
နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ ကုန်စိမ်း ဈေးများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ နေ့လည် ၁၂နာရီ ထိသာရောင်းချခွင့်ပြုပြီး ညဈေးများကို နှစ်ပတ်ကြာ ယာယီပိတ်လိုက်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးမင်းသူက အတည်ပြုပြောကြားသည်။
ဈေးအတွင်းရှိ လူသုံးကုန် ပစ္စည်းများ၊ အထည်လိပ်ဆိုင် အစရှိ သည့် ဆိုင်များကိုတော့ ပုံမှန်အတိုင်း ​ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
‌ဈေးရောင်းသူများ အနေဖြင့် mask အား တပ်ဆင်ခြင်းမရှိပါက ဈေးရောင်းချခွင့် သုံးရက် ပိတ်မည်ဟု အမိန့် ထုတ်ပြန်ထားပြီး ဈေးဝယ်လာသူများ အနေဖြင့် လည်း mask တပ်ဆင်ခြင်း မရှိခြင်း ၊ကွမ်းယာဆိုင်များ ၊ဈေးဆိုင်များတွင် mask တပ်ဆင်ခြင်းမရှိပဲ ၀ယ်ယူခြင်း ၊ လူစု လူဝေးများပြုလုပ်ပါက ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ ဒဏ်ရိုက် မည်ဖြစ်ကြောင်း သိရသည်။
ညဈေးများကို နှစ်ပိတ်ကြာ ပိတ်ရခြင်းသည် ညဈေးများတွင် ပါဆယ် စနစ်သာ ရောင်းချ ခွင့်ပြုထားသော်လည်း ဈေးဝယ်ရာတွင် စောင့်ဆိုင်းနေရသည့် အတွက် လူစုလူဝေး များဖြစ်ပေါ်နေသည့် အတွက် ထိုသို့ ပိတ်ရခြင်း ဖြစ်ကြောင်း ဦးမင်းသူ ကပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ တွင် ညဈေးသည် မြို့မဈေး၊ သပြေကုန်း ဈေးနှင့် ပုပ္ဗသီရီ ညဈေးစသည့် ညဈေး သုံး သာရှိကြောင်း သိရသည်။
ယဉ်ကေနွယ်
#TheFifthWaveNews
Leave a Reply