အသင်းဟောင်းဘရိုက်တန်ကို အငှာပြန်လာခဲ့တဲ့ လက်စတာတိုက်စစ်မှူး

0
191

ဇန်န၀ါရီ ၃၀၊ ၂၀၁၈

ဘရိုက်တန်အသင်းဟာ လက်စတာအသင်းရဲ့ တိုက်စစ်မှူး အူလိုအာကို ယခုနှစ် ဘောလုံးရာသီအကုန်အထိ အငှားခေါ်ယူခဲ့ပါတယ်။

အူလိုအာဟာ ဘရိုက်တန်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာတဲ့အတွက် ဘရိုက်တန်အသင်းဟာ တောက်ပလာလိမ့်မယ်လို့ နည်းပြ Chris Hughton က ဆိုပါတယ်။

“သူက ပရီးမီးယားလိဂ်မှာ ထိပ်တန်းဂိုးသွင်းနိုင်သူပါ။ သူရောက်ရှိလာတဲ့ အတွက် အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ပုံဖော်နိုင်မှာဖြစ်ပါတယ်”လို့ ဘရိုက်တန်နည်းပြ Chris Hughton ကဆက်ပြောသည်။

အူလိုအာသည် ဘရိုက်တန်အသင်းမှ လက်စတာအသင်းထံသို့ ပြောင်းရွှေ့ခဲ့ပြီး လက်စတာအသင်းနှင့်အတူ အင်္ဂလန်ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ဆွတ်ခူးထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် အူလိုအာဟာ ကြံ့ခိုင်မှုကို အသားပေးပြီး တွန်းတွန်းတိုက်တိုက် ကစားတတ်သူဖြစ်တဲ့ အတွက် ဘရိုက်တန်ပရိသတ်တွေအနေနဲ့ ယခုအပြောင်းအရွှေ့အပေါ် ကျေနပ်ကြလိမ့်မယ်လို့ Chris Hughtonက ဆိုသည်။

အူလိုအာဟာ အပြောင်းအရွှေ့ဈေးကွက်မှာ စပိန်ကလပ် လီဂါနက်စ် ၊ အင်္ဂလန်ကလပ် အက်စတွန်ဗီလာ ၊ခရစ္စတယ်ပဲလေ့စ်စသော အသင်းများရဲ့ စိတ်ဝင်စားခြင်းကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။

NN

Leave a Reply