ေ႐ြးေကာက္ပြဲေနာက္မဆုတ္ဘဲ က်င္းပပါက လြတ္လပ္ၿပီးတရားမွ်တသည့္ေ႐ြးေကာက္ပြဲျဖစ္မလာႏိုင္ဟု ဦးေက်ာ္ေဇယ်ေျပာ

0
29

ရွေးကောက်ပွဲနောက်မဆုတ်ဘဲ ကျင်းပပါက လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဖြစ်မလာနိုင်ဟု ဦးကျော်ဇေယျပြော

နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို နောက်မဆုတ်ဘဲကျင်းပပါက လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မလာနိုင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတိမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။

Covid-19 ကပ်ရောဂါကိုထိန်းချုပ်ရန်အတွက် ကိုကိုးကျွန်းမှအပ ကျန်မြို့နယ်အားလုံးကို Stay at Home သတ်မှတ်ထားသည့်အတွက် ပါတီများအနေဖြင့် Covid-19 ညွှန်ကြားချက်ကြောင့် မဲဆွယ်စည်းရုံးလို့မရကြောင်း၊ ယင်းကြောင့်ရွေးကောက်ပွဲနောက်ဆုတ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အိတ်ဖွင့်ပေးစာပေးပို့ထားကြောင်း သိရသည်။

“ဒီဇင်ဘာနောက်ဆုံးပတ်ထိ ရွေးကောက်ပွဲကိုရွှေ့လို့ရတယ်ဆိုတာ တင်ပြထားတယ်။ ရန်ကုန်တိုင်းဆိုရင် ရှေ့လကုန်ထိ သက်တမ်းတိုးမြှင့်ထားတာတွေ့ရတယ်။ ရွေးကောက်ပွဲကလည်း နောက်မဆုတ်ဘူးဆိုရင် တစ်ပါတ်လောက်နဲ့ ဘာမှလုပ်လို့မရဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို UEC အနေနဲ့စဉ်းစားသုံးသပ်ပြီးတော့ စံပြရွေးကောက်ပွဲဖြစ်အောင် ပြည်သူ့အသံကိုနားထောင်သင့်တယ်။ အာဏာရပါတီတစ်ခုတည်းရဲ့အသံကိုနားထောင်ပြီးတော့ လုပ်ရင် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မလာဘူး”ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို Covid-19 ကပ်ရောဂါအကြောင်းပြချက်တစ်ခုတည်းနှင့် ရွေးကောက်ပွဲကိုလုံးဝနောက်ဆုတ်မည်မဟုတ်ကြောင်း၊ ယင်းအပြင် Covid-19 ကပ်ရောဂါကာလအတွင်းကျင်းပမည့် ရွေးကောက်ပွဲဖြစ်သောကြောင့် မဲပေးသည့်နေ့တွင် ပြည်သူများအန္တရာယ်ကင်းစွာ မဲပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

UEC အနေဖြင့်ရွေးကောက်ပွဲကို နောက်မဆုတ်ဘဲကျင်းပခဲ့ပါက အစိုးရတစ်ရပ်ဖွဲ့နိုင်သည့် အင်အားကြီးပါတီများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ပြီး PPP ပါတီအနေဖြင့်လည်း အမှန်တရားဘက်ကရပ်တည်သွားမည်ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

ေ႐ြးေကာက္ပြဲေနာက္မဆုတ္ဘဲ က်င္းပပါက လြတ္လပ္ၿပီးတရားမွ်တသည့္ေ႐ြးေကာက္ပြဲျဖစ္မလာႏိုင္ဟု ဦးေက်ာ္ေဇယ်ေျပာ

ႏိုဝင္ဘာလ ၈ ရက္တြင္က်င္းပမည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ေနာက္မဆုတ္ဘဲက်င္းပပါက လြတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္မလာႏိုင္ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတိမွ ဒုတိယဥကၠ႒ ဦးေက်ာ္ေဇယ်က ေျပာသည္။

Covid-19 ကပ္ေရာဂါကိုထိန္းခ်ဳပ္ရန္အတြက္ ကိုကိုးကြၽန္းမွအပ က်န္ၿမိဳ႕နယ္အားလုံးကို Stay at Home သတ္မွတ္ထားသည့္အတြက္ ပါတီမ်ားအေနျဖင့္ Covid-19 ၫႊန္ၾကားခ်က္ေၾကာင့္ မဲဆြယ္စည္း႐ုံးလို႔မရေၾကာင္း၊ ယင္းေၾကာင့္ေ႐ြးေကာက္ပြဲေနာက္ဆုတ္ေပးရန္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ အိတ္ဖြင့္ေပးစာေပးပို႔ထားေၾကာင္း သိရသည္။

“ဒီဇင္ဘာေနာက္ဆုံးပတ္ထိ ေ႐ြးေကာက္ပြဲကိုေ႐ႊ႕လို႔ရတယ္ဆိုတာ တင္ျပထားတယ္။ ရန္ကုန္တိုင္းဆိုရင္ ေရွ႕လကုန္ထိ သက္တမ္းတိုးျမႇင့္ထားတာေတြ႕ရတယ္။ ေ႐ြးေကာက္ပြဲကလည္း ေနာက္မဆုတ္ဘူးဆိုရင္ တစ္ပါတ္ေလာက္နဲ႔ ဘာမွလုပ္လို႔မရဘူး။ ျဖစ္သင့္ျဖစ္ထိုက္တာကို UEC အေနနဲ႔စဥ္းစားသုံးသပ္ၿပီးေတာ့ စံျပေ႐ြးေကာက္ပြဲျဖစ္ေအာင္ ျပည္သူ႔အသံကိုနားေထာင္သင့္တယ္။ အာဏာရပါတီတစ္ခုတည္းရဲ႕အသံကိုနားေထာင္ၿပီးေတာ့ လုပ္ရင္ လြတ္လပ္ၿပီးတရားမွ်တတဲ့ေ႐ြးေကာက္ပြဲျဖစ္မလာဘူး”ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ဒုတိယဥကၠ႒ ဦးေက်ာ္ေဇယ်က ေျပာသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္တြင္က်င္းပမည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို Covid-19 ကပ္ေရာဂါအေၾကာင္းျပခ်က္တစ္ခုတည္းႏွင့္ ေ႐ြးေကာက္ပြဲကိုလုံးဝေနာက္ဆုတ္မည္မဟုတ္ေၾကာင္း၊ ယင္းအျပင္ Covid-19 ကပ္ေရာဂါကာလအတြင္းက်င္းပမည့္ ေ႐ြးေကာက္ပြဲျဖစ္ေသာေၾကာင့္ မဲေပးသည့္ေန႔တြင္ ျပည္သူမ်ားအႏၲရာယ္ကင္းစြာ မဲေပးႏိုင္ရန္အတြက္ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

UEC အေနျဖင့္ေ႐ြးေကာက္ပြဲကို ေနာက္မဆုတ္ဘဲက်င္းပခဲ့ပါက အစိုးရတစ္ရပ္ဖြဲ႕ႏိုင္သည့္ အင္အားႀကီးပါတီမ်ားႏွင့္ ထိပ္တိုက္ရင္ဆိုင္ရမည္ျဖစ္ၿပီး PPP ပါတီအေနျဖင့္လည္း အမွန္တရားဘက္ကရပ္တည္သြားမည္ဟု ၄င္းကဆက္လက္ေျပာၾကားခဲ့သည္။

ဆုသက္ႏွင္း
#TheFifthWaveNews

 

Leave a Reply