ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီဥကၠ႒ဖမ္းဆီးထိန္းသိမ္းခံရ

0
39

ညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဖမ်းဆီးထိန်းသိမ်းခံရ

ညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးကျော်မြင့်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းတိုင်းရဲတပ်ဖွဲ့၏အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောသည်။

ဦးကျော်မြင့်ကိုယခင်ပြစ်မှုဟောင်းများဖြင့်ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“ဖမ်းဆီးထိန်းသိမ်းလိုက်တာမှန်ပါတယ်ဗျသတင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တာပါ”ဟုရဲအရာရှိတစ်ဦးကပြောသည်။

သတင်းဖော်ပြချက်များအရ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဦးကျော်မြင့်ကို ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့ပြီးတစ်နှစ်အကြာ ၁၉၉၉ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အကျဉ်းသားအဖြစ် ဆေးကုသရန် ရောက်ရှိနေစဉ် တာဝန်ကျ ရဲဒုတပ်ကြပ် လူမော်ဆိုသူနှင့်အတူ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ယင်းနောက်ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ခိုလှုံနေထိုင်ခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တည်ထောင်ခွင့်လျှောက်ထားခဲ့သည်။

နှင်းဆီပါတီခေါ် UDP ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မေလ ၂၆ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ခွင့်ပြုပါတီအမှတ်စဉ် ၁၆ ဖြစ်သည်။

ဦးကျော်မြင့်က ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

၎င်း၏ နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

HM
#TheFifthWaveNews

(zawgyi)

ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီဥကၠ႒ဦးေက်ာ္ျမင့္ကိုရဲတပ္ဖြဲ႕ကဖမ္းဆီးထိန္းသိမ္းလိုက္ေၾကာင္းတိုင္းရဲတပ္ဖြဲ႕၏အမည္မေဖာ္လိုသူအရာရွိတစ္ဦးကေျပာသည္။

ဦးေက်ာ္ျမင့္ကိုယခင္ျပစ္မႈေဟာင္းမ်ားျဖင့္ဖမ္းဆီးထိန္းသိမ္းလိုက္ျခင္းျဖစ္ေၾကာင္းသိရသည္။

“ဖမ္းဆီးထိန္းသိမ္းလိုက္တာမွန္ပါတယ္ဗ်သတင္းရဲတပ္ဖြဲ႕ကဖမ္းဆီးလိုက္တာပါ”ဟုရဲအရာရွိတစ္ဦးကေျပာသည္။

သတင္းေဖာ္ျပခ်က္မ်ားအရ၁၉၉၈ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔တြင္ ဦးေက်ာ္ျမင့္ကို ပုဒ္မ ၂ ခုျဖင့္ ေထာင္ဒဏ္ ၉ ႏွစ္ခ်မွတ္ခဲ့ၿပီးတစ္ႏွစ္အၾကာ ၁၉၉၉ ဇန္နဝါရီလ ၁၉ ရက္ေန႔တြင္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးတြင္ အက်ဥ္းသားအျဖစ္ ေဆးကုသရန္ ေရာက္ရွိေနစဥ္ တာဝန္က် ရဲဒုတပ္ၾကပ္ လူေမာ္ဆိုသူႏွင့္အတူ ထြက္ေျပးလြတ္ေျမာက္ခဲ့သည္။

ယင္းေနာက္ဦးေက်ာ္ျမင့္သည္ မႏၲေလးအိုးဘိုေထာင္မွ ထြက္ေျပးလြတ္ေျမာက္ၿပီးေနာက္ အေမရိကန္ႏွင့္ ကေနဒါႏိုင္ငံမ်ားတြင္ ခိုလႈံေနထိုင္ခဲ့သည္။ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ (UDP) ကို ကေနဒါႏိုင္ငံ၌ ၂၀၀၇ ခုႏွစ္တြင္ ထူေထာင္ခဲ့ၿပီး ၂၀၁၀ ေ႐ြးေကာက္ပြဲမတိုင္မီ ႏိုင္ငံေရးပါတီအျဖစ္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ တည္ေထာင္ခြင့္ေလွ်ာက္ထားခဲ့သည္။

ႏွင္းဆီပါတီေခၚ UDP ပါတီကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၁၀ ေ႐ြးေကာက္ပြဲမတိုင္မီ ေမလ ၂၆ ရက္တြင္ ပါတီမွတ္ပုံတင္ခြင့္ျပဳၿပီး ခြင့္ျပဳပါတီအမွတ္စဥ္ ၁၆ ျဖစ္သည္။

ဦးေက်ာ္ျမင့္က ၂၀၁၃ ခုႏွစ္တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာကာ ပါတီဥကၠ႒အျဖစ္ ဆက္လက္ရပ္တည္ခဲ့သည္။

၎၏ ႏွင္းဆီပါတီမွာ ၂၀၁၀ ႏွင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

HM
#TheFifthWaveNews

Leave a Reply