ရန္ကုန္ၿမိဳ႕တြင္း အစိုးရပိုင္ယာဥ္လိုင္းမ်ား ဆက္လက္ေျပးဆြဲမည္

0
18

ရန်ကုန်မြို့တွင်း အစိုးရပိုင်ယာဉ်လိုင်းများ ဆက်လက်ပြေးဆွဲမည်

ရန်ကုန်တိုင်းဒေသကြီးကို ကိုဗစ်စည်းကမ်းများပိုမိုတင်းကျပ်လာသည့်တိုင် သယ်ယူပို့ဆောင်ရေးအဆင်ပြေစေရန်အတွက် အစိးရပိုင်ယာဉ်လိုင်းများဆက်လက်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

စက်တင်ဘာ ၃၀ ရက်က မီဒီယာများနှင့်အွန်လိုင်းဆွေးနွေးပွဲအစီအစဉ်တွင် မီဒီယာများ၏မေးမြန်းချက်ကို ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“Covid-19 ကာလမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍကရပ်မှာမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးပြောကြားထားတာလည်း ရှိပါတယ်။ ဖြစပေါ်လာတဲ့အနေအထားပေါ်မူတည်ပြီး ဆောင်ရွက်မယ်။ ရန်ကုန်မြို့ကိုလော့ဒေါင်းချခဲ့မယ်ဆိုရင် စီးမယ့်ခရီးသည်တွေမရှိတော့ ပုဂ္ဂလိကပိုင်ယာဉ်တွေက ရပ်ရင်ရပ်သွားနိုင်တယ်။ ဒါပေမဲ့ အစိုးရပိုင်ယာဉ်လိုင်းတွေကတော့ ရပ်နားမှာမဟုတ်ပါဘူး၊ ပြေးဆွဲပေးမှာပါ၊ အမိန့်ညွှန်ကြားချက်နဲ့အညီဆောင်ရွက်သွားမယ်”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ကိုဗစ်-၁၉ ကြောင့် မြို့တွင်းဘတ်စ်ကားစီးနင်းသူခရီးသည်ဦးရေမှာ ကျဆင်းလာပြီး ယာဉ်လိုင်းပိုင်ရှင်များအနေဖြင့် အရှုံးခံပြေးဆွဲပေးနေရကြောင်း၊ လက်ရှိတွင်ဘတ်စ်ကားစီးနင်းသူခရီးသည်ဦးရေမှာ ၇၀၀၀၀ ဝန်းကျင်သာရှိပြီး ဝင်ငွေအားဖြင့် သောင်းဂဏန်းသာရရှိကြောင်း ယာဉ်လိုင်းပိုင်ရှင်များ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်ထိ မြို့တွင်းဘတ်စ်ကားယာဉ်လိုင်းများတွင် မောင်းနှင်နေသည့်ယာဉ်မောင်းများထံတွင် ကိုဗစ်-၁၉ သံသယလူနာနှင့် အတည်ပြုလူနာမတွေ့ရှိသေးကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

ရန္ကုန္တိုင္းေဒသႀကီးကို ကိုဗစ္စည္းကမ္းမ်ားပိုမိုတင္းက်ပ္လာသည့္တိုင္ သယ္ယူပို႔ေဆာင္ေရးအဆင္ေျပေစရန္အတြက္ အစိးရပိုင္ယာဥ္လိုင္းမ်ားဆက္လက္ေျပးဆြဲမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕မွ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာသည္။

စက္တင္ဘာ ၃၀ ရက္က မီဒီယာမ်ားႏွင့္အြန္လိုင္းေဆြးေႏြးပြဲအစီအစဥ္တြင္ မီဒီယာမ်ား၏ေမးျမန္းခ်က္ကို ၄င္းကအထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“Covid-19 ကာလမွာ သယ္ယူပို႔ေဆာင္ေရးက႑ကရပ္မွာမဟုတ္ဘူးလို႔ ျပည္ေထာင္စုဝန္ႀကီးေျပာၾကားထားတာလည္း ရွိပါတယ္။ ျဖစေပၚလာတဲ့အေနအထားေပၚမူတည္ၿပီး ေဆာင္႐ြက္မယ္။ ရန္ကုန္ၿမိဳ႕ကိုေလာ့ေဒါင္းခ်ခဲ့မယ္ဆိုရင္ စီးမယ့္ခရီးသည္ေတြမရွိေတာ့ ပုဂၢလိကပိုင္ယာဥ္ေတြက ရပ္ရင္ရပ္သြားႏိုင္တယ္။ ဒါေပမဲ့ အစိုးရပိုင္ယာဥ္လိုင္းေတြကေတာ့ ရပ္နားမွာမဟုတ္ပါဘူး၊ ေျပးဆြဲေပးမွာပါ၊ အမိန္႔ၫႊန္ၾကားခ်က္နဲ႔အညီေဆာင္႐ြက္သြားမယ္”ဟု ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕မွ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာသည္။

ကိုဗစ္-၁၉ ေၾကာင့္ ၿမိဳ႕တြင္းဘတ္စ္ကားစီးနင္းသူခရီးသည္ဦးေရမွာ က်ဆင္းလာၿပီး ယာဥ္လိုင္းပိုင္ရွင္မ်ားအေနျဖင့္ အရႈံးခံေျပးဆြဲေပးေနရေၾကာင္း၊ လက္ရွိတြင္ဘတ္စ္ကားစီးနင္းသူခရီးသည္ဦးေရမွာ ၇၀၀၀၀ ဝန္းက်င္သာရွိၿပီး ဝင္ေငြအားျဖင့္ ေသာင္းဂဏန္းသာရရွိေၾကာင္း ယာဥ္လိုင္းပိုင္ရွင္မ်ား၏ ေျပာၾကားခ်က္အရ သိရသည္။

လက္ရွိအခ်ိန္ထိ ၿမိဳ႕တြင္းဘတ္စ္ကားယာဥ္လိုင္းမ်ားတြင္ ေမာင္းႏွင္ေနသည့္ယာဥ္ေမာင္းမ်ားထံတြင္ ကိုဗစ္-၁၉ သံသယလူနာႏွင့္ အတည္ျပဳလူနာမေတြ႕ရွိေသးေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply