COVID ကင္းစင္ေၾကာင္းေထာက္ခံစာျဖင့္ကုန္တင္ယာဥ္မ်ားအား ဝင္ထြက္ခြင့္ျပဳမည္

0
20

COVID ကင်းစင်ကြောင်းထောက်ခံစာဖြင့်ကုန်တင်ယာဉ်များအား ဝင်ထွက်ခွင့်ပြုမည်

ရခိုင်ပြည်နယ်နှင့်ရန်ကုန်တိုင်းဒေသကြီးမှလာသော ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက်များတွင် COVID ကင်းစင်ကြောင်းထောက်ခံစာဖြင့် မောင်းနှင်ခွင့်ကို အောက်တိုဘာလ ၁ရက်မှ စတင်ဝင်ထွက်ခွင့်ပြုမည် ဖြစ်ကြောင်းရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးထံမှသိရသည် ။

မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်များမှတဆင့် COVID-19ရောဂါကူးစက်မှုမရှိစေရေးအတွက် ရမည်းသင်းမြို့စစ်ဆေးရေးဂိတ်တွင်စက်တင်ဘာလ ၁၂ ရက်နေ့တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်လဲလှယ်မောင်းနှင်စေရန် တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည် ။

” ညွှန်ကြားချက်အရဆိုရင် ရမည်းသင်းမှာရှိနေတဲ့အကြပ်အတည်းကတော့ ပြေလျော့သွားမယ်လို့ထင်ပါတယ် ။ ယာဉ်မောင်းတွေအနေနဲ့လည်း အများကျန်းမာရေးအတွက် ကိုယ့်လုပ်ငန်းလည်းမပျက်အောင်COVID-19 ရောဂါကင်းရှင်း(Negative)ကြောင်း စစ်ဆေးသင့်ပါတယ် ။ ဒီစနစ်ကလိုက်နာသင့်တဲ့စနစ်လို့ထင်ပါတယ် ” ဟုမြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးကျော်သူရက ပြောသည်။

COVID-19ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အာလုံးအတွက် စက်တင်ဘာလ ၂၀ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် ကုန်တင်ယာဉ်များသွားလာမှုနှင့်စပ်လျဉ်း၍ စံသတ်မှတ်ချက်(Standard Operating Procedure-SOP)အားလိုက်နာဆောင်ရွက်ရေးညွှန်ကြားချက်အရ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကုန်တင်ယာဉ်မောင်းနှင်သည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နှစ်ပတ်အတွင်းထုတ်ပေးထားသည့် COVID-19ရောဂါကင်းရှင်း(Negative)ကြောင်းထောက်ခံချက်ဖြင့်ဝင်ထွက်ခွင့်ပြုရန်စက်တင်ဘာလအတွင်း ညွှန်ကြားချက်ထုတ်ပြန်ခဲ့သညါ ။

” ဒါရိုင်ဘာ စပါယ်ယာတွေအနေနဲ့ ကြိုတင်ပြီးတော့ ကုန်ကားထွက်မယ့်နေရာက ကျန်းမာ ရေးဌာနကနေ နှစ်ပတ်အတွင်းစစ်ထားတဲ့ ကိုဗစ်ရောဂါကင်းရှင်းကြောင်းထောက်ခံစာစစ်လာခဲ့ရမယ် ။ မှတ်ပုံတင် နေထိုင်ကြောင်းထောက်ခံစာ ကုန်ပို့ပြေစာကတော့ပါရမယ် ။ ဖုန်းနံပါတ်ယူထားမယ်။ အခုလိုက ပိုကောင်းသွားပြီ။ ဒါရိုင်ဘာ စပါယ်ယာတွေချိန်းစရာမလိုတော့ဘူး ။ လာမယ့်အောက်တိုဘာလ တစ်ရက်နေ့စစစ်မယ် ။ ဂိတ်မှာလည်းဒါကို ဗီနိုင်းတွေပိုစတာတွေထောင်ထားပါပြီ ” ဟုရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးဦးဇော်မင်းဟန်ကပြောသည် ။

လက်ရှိ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)စာရင်းအရ တရားဝင်ရန်ကုန်-မန္တလေး ကုန်တင်ယာဉ်လိုင်းဂိတ်ပေါင်း ၈၀ခန့်ရှိပြီး တရားဝင်ဂိတ်မဟုတ်ဘဲ ပြင်ပကုန်တင်ယာဉ်ဝန်ဆောင်မှုလုပ်နေသည့်လုပ်ငန်းများပါဝင်ပါက ဂိတ်ပေါင်း ၁၀၀ကျော်ခန့်ရှိကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

ရခိုင္ျပည္နယ္ႏွင့္ရန္ကုန္တိုင္းေဒသႀကီးမွလာေသာ ကုန္တင္ယာဥ္ေမာင္း ယာဥ္ေနာက္လိုက္မ်ားတြင္ COVID ကင္းစင္ေၾကာင္းေထာက္ခံစာျဖင့္ ေမာင္းႏွင္ခြင့္ကို ေအာက္တိုဘာလ ၁ရက္မွ စတင္ဝင္ထြက္ခြင့္ျပဳမည္ ျဖစ္ေၾကာင္းရမည္းသင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႈးထံမွသိရသည္ ။

မႏၲေလးတိုင္းေဒသႀကီးအတြင္း ကုန္တင္ယာဥ္မ်ားမွတဆင့္ COVID-19ေရာဂါကူးစက္မႈမရွိေစေရးအတြက္ ရမည္းသင္းၿမိဳ႕စစ္ေဆးေရးဂိတ္တြင္စက္တင္ဘာလ ၁၂ ရက္ေန႔တြင္ ယာဥ္ေမာင္းႏွင့္ယာဥ္ေနာက္လိုက္လဲလွယ္ေမာင္းႏွင္ေစရန္ တိုင္းအစိုးရအဖြဲ႕မွ ၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့သည္ ။

” ၫႊန္ၾကားခ်က္အရဆိုရင္ ရမည္းသင္းမွာရွိေနတဲ့အၾကပ္အတည္းကေတာ့ ေျပေလ်ာ့သြားမယ္လို႔ထင္ပါတယ္ ။ ယာဥ္ေမာင္းေတြအေနနဲ႔လည္း အမ်ားက်န္းမာေရးအတြက္ ကိုယ့္လုပ္ငန္းလည္းမပ်က္ေအာင္COVID-19 ေရာဂါကင္းရွင္း(Negative)ေၾကာင္း စစ္ေဆးသင့္ပါတယ္ ။ ဒီစနစ္ကလိုက္နာသင့္တဲ့စနစ္လို႔ထင္ပါတယ္ ” ဟုျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း(မႏၲေလးတိုင္းေဒသႀကီး)ဥကၠ႒ ဦးေက်ာ္သူရက ေျပာသည္။

COVID-19ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီမွ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕အာလုံးအတြက္ စက္တင္ဘာလ ၂၀ရက္ေန႔တြင္ထုတ္ျပန္ခဲ့သည့္ ကုန္တင္ယာဥ္မ်ားသြားလာမႈႏွင့္စပ္လ်ဥ္း၍ စံသတ္မွတ္ခ်က္(Standard Operating Procedure-SOP)အားလိုက္နာေဆာင္႐ြက္ေရးၫႊန္ၾကားခ်က္အရ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ကုန္တင္ယာဥ္ေမာင္းႏွင္သည့္ ယာဥ္ေမာင္းႏွင့္ယာဥ္ေနာက္လိုက္မ်ားတြင္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ႏွစ္ပတ္အတြင္းထုတ္ေပးထားသည့္ COVID-19ေရာဂါကင္းရွင္း(Negative)ေၾကာင္းေထာက္ခံခ်က္ျဖင့္ဝင္ထြက္ခြင့္ျပဳရန္စက္တင္ဘာလအတြင္း ၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့သညါ ။

” ဒါ႐ိုင္ဘာ စပါယ္ယာေတြအေနနဲ႔ ႀကိဳတင္ၿပီးေတာ့ ကုန္ကားထြက္မယ့္ေနရာက က်န္းမာ ေရးဌာနကေန ႏွစ္ပတ္အတြင္းစစ္ထားတဲ့ ကိုဗစ္ေရာဂါကင္းရွင္းေၾကာင္းေထာက္ခံစာစစ္လာခဲ့ရမယ္ ။ မွတ္ပုံတင္ ေနထိုင္ေၾကာင္းေထာက္ခံစာ ကုန္ပို႔ေျပစာကေတာ့ပါရမယ္ ။ ဖုန္းနံပါတ္ယူထားမယ္။ အခုလိုက ပိုေကာင္းသြားၿပီ။ ဒါ႐ိုင္ဘာ စပါယ္ယာေတြခ်ိန္းစရာမလိုေတာ့ဘူး ။ လာမယ့္ေအာက္တိုဘာလ တစ္ရက္ေန႔စစစ္မယ္ ။ ဂိတ္မွာလည္းဒါကို ဗီႏိုင္းေတြပိုစတာေတြေထာင္ထားပါၿပီ ” ဟုရမည္းသင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႈးဦးေဇာ္မင္းဟန္ကေျပာသည္ ။

လက္ရွိ ျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း(မႏၲေလးတိုင္းေဒသႀကီး)စာရင္းအရ တရားဝင္ရန္ကုန္-မႏၲေလး ကုန္တင္ယာဥ္လိုင္းဂိတ္ေပါင္း ၈၀ခန္႔ရွိၿပီး တရားဝင္ဂိတ္မဟုတ္ဘဲ ျပင္ပကုန္တင္ယာဥ္ဝန္ေဆာင္မႈလုပ္ေနသည့္လုပ္ငန္းမ်ားပါဝင္ပါက ဂိတ္ေပါင္း ၁၀၀ေက်ာ္ခန္႔ရွိေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply