အီတလီကိုပြန်မယ့်PSG ကစားသမား ဂျာဗီယာ ပတ်စတို

0
182

ဇန်န၀ါရီ ၃၀ ၊ ၂၀၁၈

PSG နည်းပြ အူနိုင်း အမ်မရီက ဂျာဗီယာ ပတ်စတိုဟာ PSG ကထွက်ဖို့ ပြင်ဆင်နေပြီး အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ သူ့ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ပတ်စတိုဟာ အာဂျင်တီးနား နိုင်ငံသား တစ်ဦးဖြစ်ပြီး သူ့အနေနဲ့ အသင်းပြောင်းခဲ့မယ်ဆိုရင် အီတလီကလပ်တွေကိုသာ ရွေးချယ်ဖွယ် ရှိတယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ကြပါတယ် ။သူဟာ ပါလာမို မှာ နှစ်ရာသီကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပြီး PSG ကို ရောက်ရှိလာသူ ဖြစ်ပါတယ်။

“တကယ်လို့ ထွက်ဖြစ်မယ်ဆိုရင် ကျွန်တော်ချစ်တဲ့ အီတလီမြေကိုပဲ ပြန်ဖြစ်မှာပါ။အီတလီ စီးရီးအေမှာ ကစားရတာ အရမ်းကောင်းမွန်ပါတယ်”လို့ ပတ်စတိုက ပြောပါတယ်။

PSG နည်းပြ အမ်မရီအနေနဲ့ ပတ်စတိုကို အသင်း၌ ဆက်လက်ရှိစေလိုပြီး အသင်းပြောင်းဖို့ကို အားမပေးခဲ့ပါဘူး။သူဟာ PSG မှာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း ဒဏ်ရာမကြာခဏ ရနေတာကြောင့် ပွဲထွက်ခွင့်တွေ ဆုံးရှုံးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းနဲ့အတူ ပါဝင်လိုတဲ့ ဆန္ဒကြောင့် အသင်းပြောင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ပတ်စတိုရဲ့ အပြောင်းအရွှေ့အတွက် အင်္ဂလန်ကလပ်တွေ ဖြစ်ကြတဲ့ လီဗာပူးလ်နဲ့ စပါးတို့က ပေါင် ၂၅သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပတ်စတိုက ပယ်ချခဲ့ပါတယ်။သူဟာ လက်ရှိမှာ PSG မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

NN

Leave a Reply