YBS ယာဥ္လိုင္းမ်ားထံ မွ ေန႔စဥ္ ေကာက္ခံေနေသာ စီမံခန႔္ခြဲမူ စရိတ္ ကင္းလြတ္ ခြင့္ ေပး ႏိုင္ရန္ အစိုးရ သို႔ တင္ျပထား

0
15

YBS ယာဉ်လိုင်းများထံ မှ နေ့စဉ် ကောက်ခံနေသော စီမံခန့်ခွဲမူ စရိတ် ကင်းလွတ် ခွင့် ပေး နိုင်ရန် အစိုးရ သို့ တင်ပြထား

YBS ယာဉ်လိုင်းများထံ မှ နေ့စဉ် ကောက်ခံနေသော စီမံခန့်ခွဲမူ စရိတ် ရန်ပုံငွေ လေးထောင် ကျပ်ကို အောက်တိုဘာလအတွက် ကင်းလွတ် ခွင့် ပေး နိုင်ရန် အစိုးရ သို့ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

လက်ရှိတွင် ဘတ်စ်ကားစီးနင်းသည့် ဦးရေမှာ သောင်းဂဏာန်း သာရှိတော့သောကြောင့် ယာဉ်မောင်း ၊ ကုမ္ပဏီ နှင့် ခရီးသွားပြည်သူများအဆင်ပြေစေရေးအတွက် ကင်းလွတ်ခွင့်ရရန် ရန်ကုန်တိုင်းအစိုးရနှင့် ကိုဗစ်ကော်မတီသို့ တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

”ကိုဗစ် ၁၉ ရောဂါ ရဲ့အခြေအနေကိုကြည့်ပြီးတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကိုတင်ပြပြီးအမိန့်တောင်းခံထားပါတယ်။ အောက်တိုဘာလအတွက် တင်ပြထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းပြန်လာရင်တော့ အသိပေးသွားမှာပါ”ဟု
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

YRTA အနေဖြင့် စီမံခန့်ခွဲမှုစရိတ် ကောက်ခံရာတွင် ရန်ကုန်မြို့လမ်းမတွင်ထွက်သည့် တစ်ဦးခြင်းပိုင်ယာဉ်များနှင့် ကုမ္ပဏီပိုင်ယာဉ်များ အားလုံးကို တစ်ရက်လျှင် လေးထောင်ကျပ် နှုန်း ကောက်ခံခဲ့ခြင်း ဖြစ်ပြီး ၊ ကိုဗစ်ကြောင့် ခရီးသည်လျော့ကျကာ ယာဉ်လိုင်းပိုင်ရှင်များ အခက်တွေ့လာခြင်း ၊ ယာဉ်လိုင်းမထွက်ခြင်းများ မဖြစ်ပေါ်စေရန် ယင်းရန်ပုံငွေ လေးထောင် ကျပ်ကို မတ်လ ၂၇ ရက်မှ စက်တင်ဘာလ အထိ တစ်လခြင်းအလိုက် YRTA မှ ကင်းလွတ်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

YRTA အနေဖြင့် စီမံခန့်ခွဲမူစရိတ်ကို ယာဉ်များအားထိန်းကြောင်းပေးမူ ၊ ဝန်ထမ်းစရိတ် ၊ အခြားစရိတ် နှင့် ယာဉ်ရပ်နားကွင်းများတည်ဆောက်ရေးအတွက် အသုံးပြု နိုင်ရန် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

YBS ယာဥ္လိုင္းမ်ားထံ မွ ေန႔စဥ္ ေကာက္ခံေနေသာ စီမံခန႔္ခြဲမူ စရိတ္ ရန္ပုံေငြ ေလးေထာင္ က်ပ္ကို ေအာက္တိုဘာလအတြက္ ကင္းလြတ္ ခြင့္ ေပး ႏိုင္ရန္ အစိုးရ သို႔ တင္ျပထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕မွ သိရသည္။

လက္ရွိတြင္ ဘတ္စ္ကားစီးနင္းသည့္ ဦးေရမွာ ေသာင္းဂဏာန္း သာရွိေတာ့ေသာေၾကာင့္ ယာဥ္ေမာင္း ၊ ကုမၸဏီ ႏွင့္ ခရီးသြားျပည္သူမ်ားအဆင္ေျပေစေရးအတြက္ ကင္းလြတ္ခြင့္ရရန္ ရန္ကုန္တိုင္းအစိုးရႏွင့္ ကိုဗစ္ေကာ္မတီသို႔ တင္ျပထားျခင္း ျဖစ္ေၾကာင္း သိရသည္။

”ကိုဗစ္ ၁၉ ေရာဂါ ရဲ႕အေျခအေနကိုၾကည့္ၿပီးေတာ့ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ ကိုတင္ျပၿပီးအမိန႔္ေတာင္းခံထားပါတယ္။ ေအာက္တိုဘာလအတြက္ တင္ျပထားပါတယ္။ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က အေၾကာင္းျပန္လာရင္ေတာ့ အသိေပးသြားမွာပါ”ဟု
ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕မွ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာသည္။

YRTA အေနျဖင့္ စီမံခန္႔ခြဲမႈစရိတ္ ေကာက္ခံရာတြင္ ရန္ကုန္ၿမိဳ႕လမ္းမတြင္ထြက္သည့္ တစ္ဦးျခင္းပိုင္ယာဥ္မ်ားႏွင့္ ကုမၸဏီပိုင္ယာဥ္မ်ား အားလုံးကို တစ္ရက္လွ်င္ ေလးေထာင္က်ပ္ ႏႈန္း ေကာက္ခံခဲ့ျခင္း ျဖစ္ၿပီး ၊ ကိုဗစ္ေၾကာင့္ ခရီးသည္ေလ်ာ့က်ကာ ယာဥ္လိုင္းပိုင္ရွင္မ်ား အခက္ေတြ႕လာျခင္း ၊ ယာဥ္လိုင္းမထြက္ျခင္းမ်ား မျဖစ္ေပၚေစရန္ ယင္းရန္ပုံေငြ ေလးေထာင္ က်ပ္ကို မတ္လ ၂၇ ရက္မွ စက္တင္ဘာလ အထိ တစ္လျခင္းအလိုက္ YRTA မွ ကင္းလြတ္ခြင့္ ျပဳခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

YRTA အေနျဖင့္ စီမံခန႔္ခြဲမူစရိတ္ကို ယာဥ္မ်ားအားထိန္းေၾကာင္းေပးမူ ၊ ဝန္ထမ္းစရိတ္ ၊ အျခားစရိတ္ ႏွင့္ ယာဥ္ရပ္နားကြင္းမ်ားတည္ေဆာက္ေရးအတြက္ အသုံးျပဳ ႏိုင္ရန္ ေကာက္ခံခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply