သီခ်င္းဆိုၿပိဳင္ပြဲက်င္းပျခင္းအေပၚ ႀကိဳက္သလို ေ၀ဖန္နိဳင္ ဟု NLD ေျပာ

0
138

သီချင်းဆိုပြိုင်ပွဲကျင်းပခြင်းအပေါ် ကြိုက်သလို ဝေဖန်နိုင် ဟု NLD ပြော

အောင်နိုင်ရေးသီချင်းဆိုပြိုင်ပွဲကျင်းပခြင်းအပေါ် ကြိုက်သလို ဝေဖန်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့်က ပြောသည်။
ကိုဗစ်ကာလအတွင်း အောင်နိုင်ရေးသီချင်းဆိုပြိုင်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်မှုမြင့်တက်နေမှုအပေါ် ဆက်သွယ်မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးအရ အပြစ်ကင်းတဲ့ လှုံ့ဆော်မှုမျိုးကတော့ ကျွန်တော်တို့ ဒီအချိန်မှာလုပ်လို့ရပါတယ်။ ဘယ်ပါတီဘယ်ဟာကိုမှ ကျွန်တော်တို့ ပုတ်ခတ်တာလည်းမဟုတ်ဘူး၊ ကိုယ့်အဖွဲ့အစည်းရဲ့လှုံ့ဆောင်ရေး မဲဆွယ်သီချင်းကိုပဲ ဝါသနာရှင်တွေ နှစ်သက်တဲ့အဆိုရှင်တွေကဆိုမယ်။ မဲဆွယ်တဲ့ကာလအတွင်း လုပ်နိုင်တဲ့အခွင့်အရေးထဲက ကိုဗစ်အတွင်းမှာ ပုဂ္ဂိုလ်ရေးအရ ထိတွေ့ခွင့်မရှိတဲ့ လှုံ့ဆော်မှုပုံစံတစ်မျိုးဖြစ်ပါတယ်။ ဝေဖန်တာကတော့ ကြိုက်သလိုဝေဖန်လို့ရပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့်က ပြောသည်။

လက်ရှိအာဏာရပါတီဖြစ်သည့် NLD ပါတီသည် ကိုဗစ်ကာလအတွင်း လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးနေသည့်အပေါ် ဝေဖန်မှုမြင့်တက်နေရာမှ ယခု ထပ်မံ၍ သီချင်းဆိုပြိုင်ပွဲ လုပ်ဆောင်နေသည့် အပေါ်လည်း ဝေဖန်ခံနေရခြင်းဖြစ်သည်။

ရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းဆိုပြိုင်ပွဲတွင် သီချင်းခြောက်ပုဒ်ရွေးချယ်ထားပြီး မိမိတို့နှစ်သက်သည့်ပုံစံဖြင့် ယှဉ်ပြိုင်နိုင်ကြောင်း နှင့် ဂီတပညာရှင်အဖွဲ့မှ ဆုရရှိသူကို စီစစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသီချင်းဆိုပြိုင်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးဗဟိုကော်မတီမှ ဦးစီးခြင်းဖြစ်ကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

သီခ်င္းဆိုၿပိဳင္ပြဲက်င္းပျခင္းအေပၚ ႀကိဳက္သလို ေ၀ဖန္နိဳင္ ဟု NLD ေျပာ

ေအာင္ႏိုင္ေရးသီခ်င္းဆိုၿပိဳင္ပြဲက်င္းပျခင္းအေပၚ ႀကိဳက္သလို ေ၀ဖန္နိဳင္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ဗဟိုအလုပ္မႈေဆာင္ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။
ကိုဗစ္ကာလအတြင္း ေအာင္ႏိုင္ေရးသီခ်င္းဆိုၿပိဳင္ပြဲက်င္းပျခင္းႏွင့္ပတ္သက္၍ လူမႈကြန္ရက္တြင္ ေဝဖန္မႈျမင့္တက္ေနမႈအေပၚ ဆက္သြယ္ေမးျမန္းရာတြင္ ၄င္းက အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ႏိုင္ငံေရးအရ အျပစ္ကင္းတဲ့ လံႈ႕ေဆာ္မႈမ်ိဳးကေတာ့ ကြ်န္ေတာ္တို႔ ဒီအခ်ိန္မွာလုပ္လို႔ရပါတယ္။ ဘယ္ပါတီဘယ္ဟာကိုမွ ကြ်န္ေတာ္တို႔ ပုတ္ခတ္တာလည္းမဟုတ္ဘူး၊ ကိုယ့္အဖြဲ႔အစည္းရဲ႕လံႈ႕ေဆာင္ေရး မဲဆြယ္သီခ်င္းကိုပဲ ဝါသနာရွင္ေတြ ႏွစ္သက္တဲ့အဆိုရွင္ေတြကဆိုမယ္။ မဲဆြယ္တဲ့ကာလအတြင္း လုပ္ႏိုင္တဲ့အခြင့္အေရးထဲက ကိုဗစ္အတြင္းမွာ ပုဂၢိဳလ္ေရးအရ ထိေတြ႔ခြင့္မရွိတဲ့ လံႈ႕ေဆာ္မႈပံုစံတစ္မ်ိဳးျဖစ္ပါတယ္။ ေဝဖန္တာကေတာ့ ႀကိဳက္သလိုေဝဖန္လို႔ရပါတယ္”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ဗဟိုအလုပ္မႈေဆာင္ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။

လက္ရွိအာဏာရပါတီျဖစ္သည့္ NLD ပါတီသည္ ကိုဗစ္ကာလအတြင္း လူစုလူေဝးျဖင့္ မဲဆြယ္စည္းရံုးေနသည့္အေပၚ ေဝဖန္မႈျမင့္တက္ေနရာမွ ယခု ထပ္မံ၍ သီခ်င္းဆိုၿပိဳင္ပြဲ လုပ္ေဆာင္ေနသည္႔ အေပၚလည္း ေဝဖန္ခံေနရျခင္းျဖစ္သည္။

ေရြးေကာက္ပြဲေအာင္ႏိုင္ေရးသီခ်င္းဆိုၿပိဳင္ပြဲတြင္ သီခ်င္းေျခာက္ပုဒ္ေရြးခ်ယ္ထားၿပီး မိမိတို႔ႏွစ္သက္သည့္ပံုစံျဖင့္ ယွဥ္ၿပိဳင္ႏိုင္ေၾကာင္း ႏွင္႔ ဂီတပညာရွင္အဖြဲ႔မွ ဆုရရွိသူကို စီစစ္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါသီခ်င္းဆိုၿပိဳင္ပြဲကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ေအာင္ႏိုင္ေရးဗဟိုေကာ္မတီမွ ဦးစီးျခင္းျဖစ္ေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply