ျမန္မာ့လက္ေရြးစင္အသင္းေခါင္းေဆာင္ ရန္ေအာင္ေက်ာ္ ကစားသမားဘဝမွ အနားယူ

0
18
မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ရန်အောင်ကျော် ကစားသမားဘဝမှ အနားယူ
မြန်မာလက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ရန်ကုန်ယူနိုက်၏ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ရန်အောင်ကျော် မှာ ကစားသမားဘဝမှ အနားယူသွားပြီဖြစ်ကြောင်း ၎င်း၏မိခင်ကလပ် ရန်ကုန်ယူနိုက်တက်က စက်တင်ဘာလ ၃၀ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ကျွန်တော်တို့အတူတူတိုက်ပွဲဝင်ခဲ့ကြတယ်။အောင်မြင်မှုအသီးအပွင့်တွေကိုအတူတူစားသုံးခဲ့ကြတယ်။ကျရှုံးတဲ့အခါအတူတူနာကျင်ခံစားခဲ့ကြတယ်။ရန်ကုန်ယူနိုက်တက်ဆိုတဲ့အသင်းအပေါ်မှာသစ္စာရှိရှိအားလုံးပေးဆပ်ခဲ့ကြတယ်။အခုကစားသမားဘဝရဲ့နောက်ဆုံးအချိန်ရောက်လာတဲ့အချိန်မှာလည်း အသင်းအတွက် အကောင်းဆုံးပေးဆပ်ရင်း မြန်မာနေရှင်နယ်လိဂ်ဖလား၅ကြိမ်၊ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂ ကြိမ်၊ ကွင်းဖွင့်ဖလား ၃ ကြိမ်နဲ့ရှုံးထွက်ဖလားချန်ပီယံ ၁ ကြိမ် စတဲ့ဆုဖလားတွေသိမ်းပိုက်ပြီးကစားသမားဘဝကို အောင်မြင်မှုတွေနဲ့နှုတ်ဆက်ခဲ့ပါတယ်”မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင် ရန်အောင်ကျော် ကပြောသည်။
ရန်ကုန်ယူနိုက်တက်၏ထုတ်ပြန်ချက်တွင်၂၀၀၉ခုနှစ်မှစတင်ပြီး၂၀၂၀ခုနှစ်အထိဆယ်စုနှစ်ကျော်အကြာရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူတိုက်ပွဲဝင်ပြီးအောင်မြင်မှုဆုဖလားများရရှိအောင်စွမ်းဆောင်ပေးခဲ့သည့်မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းနှင့်ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင်ရန်အောင်ကျော်အားရန်ကုန်ယူနိုက်တက်အသင်းနှင့်အသင်းပရိသတ်များကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း နောက်လာမည့် အနာဂတ်တွင်လည်း အောင်မြင်သောဘဝကိုရရှိပိုင်ဆိုင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်ဟုရေးသားဖော်ပြထားသည်။
ထို့အပြင် အသင်းနှင့်အတူ အောင်မြင်မှုများရရှိအောင် စွမ်း‌ဆောင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် ရန်အောင်ကျော် ဝတ်ဆင်ခဲ့သည့်နံပါတ် ၂၅ အားရန်အောင်ကျော်ကို ဂုဏ်ပြုသည့်အနေဖြင့် အနားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
HM
#TheFifthWaveNews
( Zawgyi )
ျမန္မာလက္ေရြးစင္ အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္ၿပီး ရန္ကုန္ယူႏိုက္၏ အသင္းေခါင္းေဆာင္တစ္ဦးျဖစ္သူ ရန္ေအာင္ေက်ာ္ မွာ ကစားသမားဘဝမွ အနားယူသြားၿပီျဖစ္ေၾကာင္း ၎၏မိခင္ကလပ္ ရန္ကုန္ယူႏိုက္တက္က စက္တင္ဘာလ ၃၀ရက္ တြင္ ထုတ္ျပန္ေၾကညာခ့ဲသည္။
“ကၽြန္ေတာ္တို့အတူတူတိုက္ပြဲဝင္ခဲ့ၾကတယ္။ေအာင္ျမင္မွုအသီးအပြင့္ေတြကိုအတူတူစားသုံးခဲ့ၾကတယ္။က်ရွုံးတဲ့အခါအတူတူနာက်င္ခံစားခဲ့ၾကတယ္။ရန္ကုန္ယူနိုက္တက္ဆိုတဲ့အသင္းအေပၚမွာသစၥာရွိရွိအားလုံးေပးဆပ္ခဲ့ၾကတယ္။အခုကစားသမားဘဝရဲ့ေနာက္ဆုံးအခ်ိန္ေရာက္လာတဲ့အခ်ိန္မွာလည္း အသင္းအတြက္ အေကာင္းဆုံးေပးဆပ္ရင္း ျမန္မာေနရွင္နယ္လိဂ္ဖလား၅ႀကိမ္၊ဗိုလ္ခ်ဳပ္ေအာင္ဆန္းဒိုင္း ၂ ႀကိမ္၊ ကြင္းဖြင့္ဖလား ၃ ႀကိမ္နဲ႔ရွုံးထြက္ဖလားခ်န္ပီယံ ၁ ႀကိမ္ စတဲ့ဆုဖလားေတြသိမ္းပိုက္ၿပီးကစားသမားဘဝကို ေအာင္ျမင္မွုေတြနဲ႔ႏွုတ္ဆက္ခဲ့ပါတယ္”ျမန္မာ့လက္ေရြးစင္အသင္းေခါင္းေဆာင္ေဟာင္းႏွင့္ ရန္ကုန္ယူနိုက္တက္ အသင္းေခါင္းေဆာင္ ရန္ေအာင္ေက်ာ္ ကေျပာသည္။
ရန္ကုန္ယူႏိုက္တက္၏ထုတ္ျပန္ခ်က္တြင္၂၀၀၉ခုႏွစ္မွစတင္ၿပီး၂၀၂၀ခုႏွစ္အထိဆယ္စုႏွစ္ေက်ာ္အၾကာရန္ကုန္ယူနိုက္တက္အသင္းႏွင့္အတူတိုက္ပြဲဝင္ၿပီးေအာင္ျမင္မွုဆုဖလားမ်ားရရွိေအာင္စြမ္းေဆာင္ေပးခဲ့သည့္ျမန္မာ့လက္ေရြးစင္အသင္းေခါင္းေဆာင္ေဟာင္းႏွင့္ရန္ကုန္ယူနိုက္တက္အသင္းေခါင္းေဆာင္ရန္ေအာင္ေက်ာ္အားရန္ကုန္ယူနိုက္တက္အသင္းႏွင့္အသင္းပရိသတ္မ်ားကိုယ္စားအထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း ေနာက္လာမည့္ အနာဂတ္တြင္လည္း ေအာင္ျမင္ေသာဘဝကိုရရွိပိုင္ဆိုင္နိုင္ပါေစေၾကာင္းဆုမြန္ေကာင္းေတာင္းအပ္ပါသည္ဟုေရးသားေဖာ္ျပထားသည္။
ထို့အျပင္ အသင္းႏွင့္အတူ ေအာင္ျမင္မွုမ်ားရရွိေအာင္ စြမ္း‌ေဆာင္ခဲ့သည့္ ရန္ကုန္ယူနိုက္တက္အသင္းေခါင္းေဆာင္ ရန္ေအာင္ေက်ာ္ ဝတ္ဆင္ခဲ့သည့္နံပါတ္ ၂၅ အားရန္ေအာင္ေက်ာ္ကို ဂုဏ္ျပဳသည့္အေနျဖင့္ အနားေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
HM
#TheFifthWaveNews

Leave a Reply