ကိုဗစ္ကာကြယ္ေရးဥပေဒမ်ားကို ခ်ိဳးေဖာက္ေနသည့္ ပါတီဝန္းရံသူမ်ားကို အေရးယူရန္ သမၼတထံတိုင္ၾကား

0
22

ကိုဗစ်ကာကွယ်ရေးဥပဒေများကို ချိုးဖောက်နေသည့် ပါတီဝန်းရံသူများကို အရေးယူရန် သမ္မတထံတိုင်ကြား

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်ကာကွယ်ရေးဥပဒေများကို ချိုးဖောက်နေသည့်ပါတီအချို့၏ ဝန်းရံသူများကို အရေးယူဆောင်ရွက်ပေးရန် ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားထားကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ UEC ရော၊ ပြည်ထဲရေးဝန်ကြီးဌာနရောနှစ်ခုလုံးပါတယ်။ အခုသမ္မတဆီတင်ထားတယ်။ ဥပဒေချိုးဖောက်တာဟာ ချိုးဖောက်တာပဲလေ၊ Covid-19 ဥပဒေကနိုင်ငံတော်မှာ တရားဝင်ပြဋ္ဌာန်းထားတဲ့ ပထမ လူ ၅ ယောက်ပေါ့၊ နောက်ရွေးကောက်ပွဲနားနီးလာတော့ လူ ၅၀ ထက်ပိုပြီးမစုရဆိုမှ နိုင်ငံတော်ကတရားဝင်ဥပဒေထုတ်ထားတာ၊ ဥပဒေကိုဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ချမှတ်နိုင်တယ်ဆိုတဲ့ဟာတွေလည်း ရှိတယ်။ လူတွေရာချီပြီးစည်းရုံးရေးလုပ်တယ်။ Covid-19 ဥပဒေမှာ ဝန်းရံသူတွေကိုမဖော်ပြထားဘူး၊ ဝန်းရံသူတွေကိုလည်း ဖမ်းရမှာဘဲ၊ ဒါကရဲအရေးပိုင်တာလေ၊ ကာကွယ်ရေးဥပဒေက တစ်တိုင်းပြည်လုံးနဲ့အကျုံးဝင်တယ်” ဟုမြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောသည်

ထုတ်ပြန်ကြေညာချက်တွင် လူစုလူဝေးများပြုလုပ်မှုကို တားမြစ်ခြင်းမရှိသည့် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်များ၊ ပြည်ထဲရေးဝန်ထမ်းများသည် ဥပဒေချိုးဖောက်နေသောလူတစ်စုကို အားပေးအားမြှောက်သူအဖြစ်မှတ်ယူပြီး ရွေးကောက်ပွဲပြီးမြောက်၍ အစိုးရသစ်တစ်ရပ်ပေါ်ထွန်းလာလျှင် ၎င်းတို့အားထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းခံရမည်ကိုလည်း သိရှိနားလည်သဘောပေါက်စေလိုကြောင်း နှင့် လက်ရှိ အစိုးရအဖွဲ့ကြီးရှိနေပါလျက် ယင်းအစိုးရအဖွဲ့ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Covid-19 ကူးစက်ရောဂါကာကွယ်ရေးဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသူများ အား ယခုချက်ခြင်းအရေးယူရန် မဆောင်ရွက်နိုင်သေးလျှင် အစိုးရသစ်တက်လာသည်နှင့် မလွဲမသွေဥပဒေချိုးဖောက်သူများအား အရေးယူရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နိုင်ငံတော်မှတရားဝင်ထုတ်ပြန်ထားသော ဥပဒေများကို မည်သည့်အကြောင်းအမျိုးမျိုးဖြင့် ချိုးဖောက်လျှင် နိုင်ငံတွင်းနေထိုင်သူအားလုံးထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် နောင်လာနောင်သားများ ဥပဒေအား ငွေရှိ၍သော်လည်းကောင်း၊ အာဏာရှိ၍သော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်၍ မရကြောင်းသိရှိနားလည်စေရန်နှင့် နိုင်ငံတော်သမ္မတကြီးမှ ပြည်သူများအား ဆုံးမသွန်သင်ပေးရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆုသက်နှင်း
#TheFifthWaveNews

(Zawgyi)

 

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ကိုဗစ္ကာကြယ္ေရးဥပေဒမ်ားကို ခ်ိဳးေဖာက္ေနသည့္ပါတီအခ်ိဳ႕၏ ဝန္းရံသူမ်ားကို အေရးယူေဆာင္ရြက္ေပးရန္ ျပည္ေထာက္စုေရြးေကာက္ပြဲေကာ္မရွင္၊ ျပည္ထဲေရးဝန္ႀကီးဌာနအပါအဝင္ ႏိုင္ငံေတာ္သမၼတထံသို႔ တိုင္ၾကားထားေၾကာင္း ျမန္မာႏိုင္ငံေတာင္သူလယ္သမား ဖြံ႔ၿဖိဳးတိုးတက္ေရး ပါတီမွ ဥကၠ႒ ဦးေက်ာ္စြာစိုးက ေျပာသည္။

အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္၍ျမန္မာႏိုင္ငံေတာင္သူလယ္သမားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီမွ ေအာက္တိုဘာလ ၁ ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
“ UEC ေရာ၊ ျပည္ထဲေရးဝန္ႀကီးဌာနေရာႏွစ္ခုလံုးပါတယ္။ အခုသမၼတဆီတင္ထားတယ္။ ဥပေဒခ်ိဳးေဖာက္တာဟာ ခ်ိဳးေဖာက္တာပဲေလ၊ Covid-19 ဥပေဒကႏိုင္ငံေတာ္မွာ တရားဝင္ျပ႒ာန္းထားတဲ့ ပထမ လူ ၅ ေယာက္ေပါ့၊ ေနာက္ေရြးေကာက္ပြဲနားနီးလာေတာ့ လူ ၅၀ ထက္ပိုၿပီးမစုရဆိုမွ ႏိုင္ငံေတာ္ကတရားဝင္ဥပေဒထုတ္ထားတာ၊ ဥပေဒကိုေဖာက္ဖ်က္က်ဴးလြန္ရင္ ေထာင္ဒဏ္ေသာ္လည္းေကာင္း၊ ေငြဒဏ္ေသာ္လည္းေကာင္း၊ ခ်မွတ္ႏိုင္တယ္ဆိုတဲ့ဟာေတြလည္း ရွိတယ္။ လူေတြရာခ်ီၿပီးစည္းရံုးေရးလုပ္တယ္။ Covid-19 ဥပေဒမွာ ဝန္းရံသူေတြကိုမေဖာ္ျပထားဘူး၊ ဝန္းရံသူေတြကိုလည္း ဖမ္းရမွာဘဲ၊ ဒါကရဲအေရးပိုင္တာေလ၊ ကာကြယ္ေရးဥပေဒက တစ္တိုင္းျပည္လံုးနဲ႔အက်ံဳးဝင္တယ္” ဟုျမန္မာႏိုင္ငံေတာင္သူလယ္သမားဖြံ႔ၿဖိဳး တိုးတက္ေရး ပါတီမွ ဥကၠ႒ ဦးေက်ာ္စြာစိုးက ေျပာသည္

ထုတ္ျပန္ေၾကညာခ်က္တြင္ လူစုလူေဝးမ်ားျပဳလုပ္မႈကို တားျမစ္ျခင္းမရွိသည့္ ေရြးေကာက္ပြဲေကာ္မရွင္အဆင့္ဆင့္မ်ား၊ ျပည္ထဲေရးဝန္ထမ္းမ်ားသည္ ဥပေဒခ်ိဳးေဖာက္ေနေသာလူတစ္စုကို အားေပးအားေျမွာက္သူအျဖစ္မွတ္ယူၿပီး ေရြးေကာက္ပြဲၿပီးေျမာက္၍ အစိုးရသစ္တစ္ရပ္ေပၚထြန္းလာလွ်င္ ၄င္းတို႔အားထိေရာက္စြာ အေရးယူေဆာင္ရြက္ျခင္းခံရမည္ကိုလည္း သိရွိနားလည္သေဘာေပါက္ေစလိုေၾကာင္း ႏွင္႔ လက္ရွိ အစိုးရအဖြဲ႔ႀကီးရွိေနပါလ်က္ ယင္းအစိုးရအဖြဲ႔ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ Covid-19 ကူးစက္ေရာဂါကာကြယ္ေရးဥပေဒကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ေနသူမ်ား အား ယခုခ်က္ျခင္းအေရးယူရန္ မေဆာင္ရြက္ႏိုင္ေသးလွ်င္ အစိုးရသစ္တက္လာသည္ႏွင့္ မလြဲမေသြဥပေဒခ်ိဳးေဖာက္သူမ်ားအား အေရးယူရမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ႏိုင္ငံေတာ္မွတရားဝင္ထုတ္ျပန္ထားေသာ ဥပေဒမ်ားကို မည္သည့္အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ခ်ိဳးေဖာက္လွ်င္ ႏိုင္ငံတြင္းေနထိုင္သူအားလံုးထိေရာက္စြာ အေရးယူခံရမည္ျဖစ္ေၾကာင္းႏွင့္ ေနာင္လာေနာင္သားမ်ား ဥပေဒအား ေငြရွိ၍ေသာ္လည္းေကာင္း၊ အာဏာရွိ၍ေသာ္လည္းေကာင္း ေဖာက္ဖ်က္က်ဴးလြန္၍ မရေၾကာင္းသိရွိနားလည္ေစရန္ႏွင့္ ႏိုင္ငံေတာ္သမၼတႀကီးမွ ျပည္သူမ်ားအား ဆံုးမသြန္သင္ေပးရန္ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply