ဟာဇက်ကို မန်စီးတီးသို့ ရောင်းချရန် အစီအစဉ်မရှိဟု ချယ်လ်ဆီး ဆို

0
147

ဇန်န၀ါရီ ၃၀ ၊ ၂၀၁၈

ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်လူ ဟာဇက်ကို မန်စီးတီးသို့ ရောင်းချရန် အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ဟာဇက်ကို ရီးရဲမက်ဒရစ်ထက် လက်ဦးမှု ရရှိအောင် ခေါ်ယူနိုင်ဖို့ ချိတ်နေတာ ဖြစ်ပြီး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၀၀ ဖြင့် ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့်လည်း ချယ်လ်ဆီးအနေနဲ့ သူတို့ရဲ့ အဓိက ကစားသမားကို ပြည်တွင်းက ပြိုင်ဘက်အသင်းတွေထံကို ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မန်စီးတီးအသင်းအနေနဲ့လည်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးကို ပေးနိုင်မှာ မဟုတ်ဘူးလို့ ချယ်လ်ဆီးအသင်းက ယူဆနေပါတယ်။

မန်စီးတီးအသင်းဟာ ဇန်န၀ါရီဈေးကွက်မှာ ဘီဘာအို နောက်ခံလူ လာပိုတေးကို စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ ကျော် အကုန်အကျ ခံပြီး ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ အဆိုပါအပြောင်းအရွှေ့ ဟာလည်း အဆုံးသတ်ဖို့ အနီးဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိမှာ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲကို ထိပ်ဆုံးမှ ဦးဆောင်နေပြီး ယခုနှစ်အတွက် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

NN

Leave a Reply