အေဝးေျပး ယာဥ္လိုင္းမ်ားသည္ မိမိသေဘာ ဆနၵျဖင့္သာ ရပ္ဆိုင္းျခင္းျဖစ္ ဟုဆို

0
23

အဝေးပြေး ယာဉ်လိုင်းများသည် မိမိသဘော ဆန္ဒဖြင့်သာ ရပ်ဆိုင်းခြင်းဖြစ် ဟုဆို

အောက်တိုဘာ ၁

COVID -19 ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် အသိပေးချက်များအရ ခရီးသွားများ မရှိတော့သည့်အတွက် အဝေးပြေး ယာဉ်လိုင်းများသည် မိမိသဘော ဆန္ဒဖြင့်သာ ရပ်ဆိုင်းခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှသိရသည်။

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အနေဖြင့် ခရီးသည်တင်ပို့ဆောင်နေသော အောင်မင်္ဂလာ အဝေးပြေးယာဉ်လိုင်း၊ ဒဂုံဧရာ အဝေးပြေးယာဉ်လိုင်းနှင့် ဒလအဝေးပြေး ယာဉ်လိုင်းတို့မှ ယာဉ်လိုင်းများ ပြေးဆွဲမှုကို ယနေ့အထိ ပိတ်သိမ်းခြင်း မရှိကြောင်း သိရသည်။

” ကျွန်တော့်ဆီ တင်ပြတဲ့အထဲမှာ ယာဉ်လိုင်းအစိတ်အပိုင်း အချို့ဟာ ပါဆယ် ၊ ကုန်လေးတွေကို ပို့တာလေးတွေရှိတယ်။ ကျွန်တော်တို့က အများပြည်သူသယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍမှာ ဘယ်နဲ့ ဘယ်နဲ့ ပြေးတဲ့ ယာဉ်လိုင်းတွေကို ပိတ်မယ်ဆိုတဲ့ဟာ ဒီနေ့ထိ မရှိပါဘူး။ ဒါပေမယ့် အဝေးပြေးယာဉ်လိုင်းရဲ့ သဘော သဘာဝဟာ ကျွန်တော်တို့ ရန်ကုန်တိုင်းမှသည် မန္တလေး၊ မော်လမြိုင်၊ ရှမ်းပြည်ပေါ့၊ ဒီလိုသွားရတဲ့ အခါကျတော့ တစ်ဖက်နဲ့တစ်ဖက် ခရီးသည် မရှိတော့ဘူးဆိုရင် အလိုအလျောက် ဒီလိုင်းတွေဟာ ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။ အခုအချိန်မှာ COVID -19 ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ အသိပေးချက်တွေအရ ခရီးသွားတွေကလည်း မရှိတဲ့အတွက် ဒါကတော့ ယာဉ်လိုင်းတွေက သူ့ဟာသူ ရပ်ဆိုင်းတာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

လက်ရှိတွင် အဝေးပြေးယာဉ်လိုင်းအချို့ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး
ထိုသို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဝေးပြေးယာဉ်လိုင်းများကို လည်း ယင်းအဝေးပြေးကွင်းရှိ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ခွင့်ပြုပေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အခြေပြု အောင်မင်္ဂလာ အဝေးပြေး၊ ဒဂုံဧရာအဝေးပြေးနှင့် ဒလအဝေးပြေး တို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုသို့
ယာဉ်လိုင်းပေါင်း ၄၀၀ ကျော်ဖြင့် ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ေအာက္တိုဘာ ၁

COVID -19 ေရာဂါကာကြယ္ေရးအတြက္ ထုတ္ျပန္ထားသည့္ အသိေပးခ်က္မ်ားအရ ခရီးသြားမ်ား မရွိေတာ့သည့္အတြက္ အေဝးေျပး ယာဥ္လိုင္းမ်ားသည္ မိမိသေဘာ ဆနၵျဖင့္သာ ရပ္ဆိုင္းျခင္း ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမွု အာဏာပိုင္အဖြဲ႕ (YRTA)မွသိရသည္။

ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမွု အာဏာပိုင္အဖြဲ႕ (YRTA)အေနျဖင့္ ခရီးသည္တင္ပို႔ေဆာင္ေနေသာ ေအာင္မဂၤလာ အေဝးေျပးယာဥ္လိုင္း၊ ဒဂုံဧရာ အေဝးေျပးယာဥ္လိုင္းႏွင့္ ဒလအေဝးေျပး ယာဥ္လိုင္းတို႔မွ ယာဥ္လိုင္းမ်ား ေျပးဆြဲမွုကို ယေန႔အထိ ပိတ္သိမ္းျခင္း မရွိေၾကာင္း သိရသည္။

” ကၽြန္ေတာ့္ဆီ တင္ျပတဲ့အထဲမွာ ယာဥ္လိုင္းအစိတ္အပိုင္း အခ်ိဳ႕ဟာ ပါဆယ္ ၊ ကုန္ေလးေတြကို ပို႔တာေလးေတြရွိတယ္။ ကၽြန္ေတာ္တို႔က အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး အခန္းက႑မွာ ဘယ္နဲ႔ ဘယ္နဲ႔ ေျပးတဲ့ ယာဥ္လိုင္းေတြကို ပိတ္မယ္ဆိုတဲ့ဟာ ဒီေန႔ထိ မရွိပါဘူး။ ဒါေပမယ့္ အေဝးေျပးယာဥ္လိုင္းရဲ႕ သေဘာ သဘာဝဟာ ကၽြန္ေတာ္တို႔ ရန္ကုန္တိုင္းမွသည္ မႏၲေလး၊ ေမာ္လၿမိဳင္၊ ရွမ္းျပည္ေပါ့၊ ဒီလိုသြားရတဲ့ အခါက်ေတာ့ တစ္ဖက္နဲ႔တစ္ဖက္ ခရီးသည္ မရွိေတာ့ဘူးဆိုရင္ အလိုအေလ်ာက္ ဒီလိုင္းေတြဟာ ရပ္ဆိုင္းသြားတာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာ COVID -19 ေရာဂါကာကြယ္ေရးအတြက္ ထုတ္ျပန္ထားတဲ့ အသိေပးခ်က္ေတြအရ ခရီးသြားေတြကလည္း မရွိတဲ့အတြက္ ဒါကေတာ့ ယာဥ္လိုင္းေတြက သူ႔ဟာသူ ရပ္ဆိုင္းတာျဖစ္ပါတယ္”ဟု ရန္ကုန္တိုင္း ေဒသႀကီးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမွု အာဏာပိုင္အဖြဲ႕ (YRTA)မွ တြဲဘက္အတြင္းေရးမွဴး ဦးလွေအာင္ က ေျပာသည္။

လက္ရွိတြင္ အေဝးေျပးယာဥ္လိုင္းအခ်ိဳ႕ ကုန္စည္ ပို႔ေဆာင္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနၿပီး
ထိုသို႔ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနေသာ အေဝးေျပးယာဥ္လိုင္းမ်ားကို လည္း ယင္းအေဝးေျပးကြင္းရွိ သက္ဆိုင္ရာ စစ္ေဆးေရးအဖြဲ႕မွ စစ္ေဆးမွုမ်ား ျပဳလုပ္ၿပီးမွသာ ခြင့္ျပဳေပးေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး အေျချပဳ ေအာင္မဂၤလာ အေဝးေျပး၊ ဒဂုံဧရာအေဝးေျပးႏွင့္ ဒလအေဝးေျပး တို႔မွ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ၁၄ ခုသို႔
ယာဥ္လိုင္းေပါင္း ၄၀၀ ေက်ာ္ျဖင့္ ေျပးဆြဲ ေပးလ်က္ရွိေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply