ရန္ကုန္တိုင္းေဒသႀကီးမဲဆႏၵရွင္စာရင္း Online စစ္ေဆးႏိုင္

0
39

ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒရှင်စာရင်း Online စစ်ဆေးနိုင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ လမ်းညွှန်မှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင် စာရင်းတွင် ပါဝင်မှုရှိ/မရှိ နှင့်အချက်အလက်များကို စစ်ဆေးနိုင်ရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ကာ https://bit.ly/yangon-voters တွင် Online စနစ်ဖြင့် မဲစာရင်း စစ်ဆေးနိုင်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

ထုတ်ပြန်ချက်အရ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ခြင်း၊ အချက်အလက်များပြင်ဆင် လိုခြင်း နှင့် ကန့်ကွက်လိုခြင်းများရှိပါက ဆက်သွယ်လျှောက်ထား အကူအညီရယူနိုင်ရန် စီမံဆောင်ရွက် ပေးထားကြောင်းသိရသည်။

Website တွင် သက်ဆိုင်ရာရပ်ကွက်အလိုက် ဆက်သွယ်ဆောင်ရွက် ရမည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများမှ တာဝန်ရှိသူ (၂)ဦး၏ တယ်လီဖုန်း အမှတ်များအား ဖော်ပြပေးထားပြီး အကူအညီကို ရယူ ဆောင်ရွက်နိုင်ခြင်း ၊ လူကိုယ်တိုင်သွားရောက် လျှောက်ထားရန် အခက်အခဲရှိသော မဲဆန္ဒရှင်များ အတွက် လျှောက်ထားရမည့် ပုံစံများရယူနိုင်ရန် Website တွင် ဖော်ပြထားရှိပေးမည်ဖြစ်ပြီး၊ ရေးသားဖြည့်သွင်းပြီးလျှောက်လွှာနှင့် သက်သေခံစာရွက်စာတမ်းများကို ဓါတ်ပုံရိုက်ကူး၍ Online ဖောင်ဖြင့်တင်ပြ လျှောက်ထားနိုင် ရန် စီစဉ်ဆောင်ရွက်ထားခြင်း ၊ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များတွင်လည်း လူကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စား လွှဲအပ်ခံရသူ (သို့မဟုတ်) ရပ်ကွက်နေတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဦး၏ အကူအညီဖြင့် လည်းကောင်း လျှောက်ထား နိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

HM
#TheFifthWaveNews

(zawgyi)

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ၏ လမ္းညႊန္မွုႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ပံ့ပိုးမွုျဖင့္၊ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ မဲဆႏၵရွင္မ်ားအေနျဖင့္ မဲဆႏၵရွင္ စာရင္းတြင္ ပါဝင္မွုရွိ/မရွိ ႏွင့္အခ်က္အလက္မ်ားကို စစ္ေဆးနိုင္ရန္ ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာလ (၁) ရက္ေန႔မွ စတင္ကာ https://bit.ly/yangon-voters တြင္ Online စနစ္ျဖင့္ မဲစာရင္း စစ္ေဆးႏိုင္ေၾကာင္းရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ထုတ္ျပန္ခ်က္အရသိရသည္။

ထုတ္ျပန္ခ်က္အရ မဲဆႏၵရွင္စာရင္းတြင္ အမည္မပါဝင္ျခင္း၊ အခ်က္အလက္မ်ားျပင္ဆင္ လိုျခင္း ႏွင့္ ကန႔္ကြက္လိုျခင္းမ်ားရွိပါက ဆက္သြယ္ေလၽွာက္ထား အကူအညီရယူနိုင္ရန္ စီမံေဆာင္ရြက္ ေပးထားေၾကာင္းသိရသည္။

Website တြင္ သက္ဆိုင္ရာရပ္ကြက္အလိုက္ ဆက္သြယ္ေဆာင္ရြက္ ရမည့္ ရပ္ကြက္ သို့မဟုတ္ ေက်းရြာအုပ္စုမ်ားမွ တာဝန္ရွိသူ (၂)ဦး၏ တယ္လီဖုန္း အမွတ္မ်ားအား ေဖာ္ျပေပးထားၿပီး အကူအညီကို ရယူ ေဆာင္ရြက္နိုင္ျခင္း ၊ လူကိုယ္တိုင္သြားေရာက္ ေလၽွာက္ထားရန္ အခက္အခဲရွိေသာ မဲဆႏၵရွင္မ်ား အတြက္ ေလၽွာက္ထားရမည့္ ပုံစံမ်ားရယူနိုင္ရန္ Website တြင္ ေဖာ္ျပထားရွိေပးမည္ျဖစ္ၿပီး၊ ေရးသားျဖည့္သြင္းၿပီးေလၽွာက္လႊာႏွင့္ သက္ေသခံစာရြက္စာတမ္းမ်ားကို ဓါတ္ပုံရိုက္ကူး၍ Online ေဖာင္ျဖင့္တင္ျပ ေလၽွာက္ထားနိုင္ ရန္ စီစဥ္ေဆာင္ရြက္ထားျခင္း ၊ သက္ဆိုင္ရာ ရပ္ကြက္ သို့မဟုတ္ ေက်းရြာအုပ္စု ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႐ုံး မ်ားတြင္လည္း လူကိုယ္တိုင္ေသာ္လည္းေကာင္း၊ ကိုယ္စား လႊဲအပ္ခံရသူ (သို့မဟုတ္) ရပ္ကြက္ေနတာဝန္ရွိပုဂၢိဳလ္တစ္ဦးဦး၏ အကူအညီျဖင့္ လည္းေကာင္း ေလၽွာက္ထား နိုင္ရန္ စီစဥ္ ေဆာင္ရြက္ေပးထားေၾကာင္း သိရသည္။

HM
#TheFifthWaveNews

Leave a Reply