အြန္းလိုင္းတြင္ေၾကညာေနေသာကိုဗစ္ကာကြယ္ေဆးမ်ား ဝယ္ယူအသံုးမျပဳရန္ ဝန္ႀကီးဌာန ထုတ္ျပန္

0
23

အွန်းလိုင်းတွင်ကြေညာနေသောကိုဗစ်ကာကွယ်ဆေးများ ဝယ်ယူအသုံးမပြုရန် ဝန်ကြီးဌာန ထုတ်ပြန်

ပြည်သူများအနေဖြင့် လူမှုကွန်ရက်များ၊အင်တာနက်စာမျက်နှာများနှင့် online ဈေးကွက်များတွင် ကြေညာနေသော COVID-19ကာကွယ်ဆေးများကိုဝယ်ယူသုံးစွဲခြင်းမပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

COVID- 19 ကပ်ရောဂါအတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကြိုးစားဆောင်ရွက်လျက်ရှိရာ ယခုအချိန်ထိ မည်သည့်နိုင်ငံ၊ မည်သည့်ဆေးကုမ္ပဏီမှ တတိယအဆင့် လက်တွေ့ စမ်းသပ်သုတေသနပြုမှု (phase-3clinicaltrial) ပြီးမြောက်ခြင်းမရှိသေးသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ အသိအမှတ်ပြုထောက်ခံသော COVID-19 ကာကွယ်ဆေး (WHOPrequalifiedVaccine) မရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင်ကာကွယ်ဆေးအသစ် တစ်မျိုးမျိုးကို စတင်အသုံးပြုနိုင်ရန်အတွက် (၁) ကာကွယ်ဆေး၏ သက်ဆိုင်ရာရောဂါကို ကာကွယ်နိုင်သော အာနိသင် ရှိ/ မရှိ၊ (၂) လုံလောက်သော ပဋိပစ္စည်း ထုတ်လုပ်နိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိ/ မရှိ၊ (၃) ဘေးထွက်ဆိုးကျိုးမရှိဘဲ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရမှု ရှိ / မရှိ၊ (၄) ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်မှုပေးနိုင်သည့် အချိန်ကာလ၊ (၅) ထိုးနှံ/ တိုက်ကျွေးရမည့် ကာကွယ်ဆေးပမာဏနှင့် အကြိမ်အရေအတွက်၊(၆) ဓါတ်ခွဲခန်းတွင်သာမက လက်တွေ့အပြင်လောက၌ အသုံးပြုရာတွင်လည်း ထိရောက်စွာ ကာကွယ်နိုင်သည့် အစွမ်းအာနိသင် ရှိ/ မရှိ၊စသည်တို့ကို သိရှိနိုင်ရန်နှင့် ပြီးပြည့်စုံရန်အတွက် ပထမဦးစွာ ဓာတ်ခွဲခန်းအတွင်းနှင့် တိရစ္ဆာန်များတွင် စမ်းသပ်ခြင်းအဆင့်များ၊ ထို့နောက် လူများတွင် စနစ်တကျလက်တွေ့စမ်းသပ် သုတေသန ပြုလုပ်သည့်အဆင့် (၃) ဆင့် (3 phases of clinical trial) နှင့် အသိအမှတ်ပြု လိုင်စင်ရရှိပြီး ဈေးကွက်တွင် ရောင်းချပြီးနောက်တွင်လည်းဆက်လက်စောင့်ကြပ်ကြည့်ရှု လေ့လာခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူကာစနစ်တကျ ဆောင်ရွက်ရကြောင်းအ သိပညာပေး ဖော်ပြထားသည်။

HM
#TheFifthWaveNews

(zawgyi)

ျပည္သူမ်ားအေနျဖင့္ လူမွုကြန္ရက္မ်ား၊အင္တာနက္စာမ်က္ႏွာမ်ားႏွင့္ online ေဈးကြက္မ်ားတြင္ ေၾကညာေနေသာ COVID-19ကာကြယ္ေဆးမ်ားကိုဝယ္ယူသုံးစြဲျခင္းမျပဳရန္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွထုတ္ျပန္ထားသည္။

COVID- 19 ကပ္ေရာဂါအတြက္ ကာကြယ္ေဆး ထုတ္လုပ္နိုင္ရန္ ကမၻာ့နိုင္ငံအမ်ားအျပားတြင္ ႀကိဳးစားေဆာင္ရြက္လ်က္ရွိရာ ယခုအခ်ိန္ထိ မည္သည့္နိုင္ငံ၊ မည္သည့္ေဆးကုမၸဏီမွ တတိယအဆင့္ လက္ေတြ႕ စမ္းသပ္သုေတသနျပဳမွု (phase-3clinicaltrial) ၿပီးေျမာက္ျခင္းမရွိေသးသည့္အတြက္ ကမၻာ့က်န္းမာေရးအဖြဲ႕(WHO)မွ အသိအမွတ္ျပဳေထာက္ခံေသာ COVID-19 ကာကြယ္ေဆး (WHOPrequalifiedVaccine) မရွိေသးေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထုတ္ျပန္ခ်က္တြင္ကာကြယ္ေဆးအသစ္ တစ္မ်ိဳးမ်ိဳးကို စတင္အသုံးျပဳနိုင္ရန္အတြက္ (၁) ကာကြယ္ေဆး၏ သက္ဆိုင္ရာေရာဂါကို ကာကြယ္နိုင္ေသာ အာနိသင္ ရွိ/ မရွိ၊ (၂) လုံေလာက္ေသာ ပဋိပစၥည္း ထုတ္လုပ္နိုင္ရန္ လွုံ႔ေဆာ္ေပးနိုင္စြမ္း ရွိ/ မရွိ၊ (၃) ေဘးထြက္ဆိုးက်ိဳးမရွိဘဲ ေဘးအႏၲရာယ္ကင္း၍ လုံျခဳံစိတ္ခ်ရမွု ရွိ / မရွိ၊ (၄) ကာကြယ္ေဆးထိုးၿပီးေနာက္ ကာကြယ္မွုေပးနိုင္သည့္ အခ်ိန္ကာလ၊ (၅) ထိုးႏွံ/ တိုက္ေကၽြးရမည့္ ကာကြယ္ေဆးပမာဏႏွင့္ အႀကိမ္အေရအတြက္၊(၆) ဓါတ္ခြဲခန္းတြင္သာမက လက္ေတြ႕အျပင္ေလာက၌ အသုံးျပဳရာတြင္လည္း ထိေရာက္စြာ ကာကြယ္နိုင္သည့္ အစြမ္းအာနိသင္ ရွိ/ မရွိ၊စသည္တို့ကို သိရွိနိုင္ရန္ႏွင့္ ၿပီးျပည့္စုံရန္အတြက္ ပထမဦးစြာ ဓာတ္ခြဲခန္းအတြင္းႏွင့္ တိရစၧာန္မ်ားတြင္ စမ္းသပ္ျခင္းအဆင့္မ်ား၊ ထို့ေနာက္ လူမ်ားတြင္ စနစ္တက်လက္ေတြ႕စမ္းသပ္ သုေတသန ျပဳလုပ္သည့္အဆင့္ (၃) ဆင့္ (3 phases of clinical trial) ႏွင့္ အသိအမွတ္ျပဳ လိုင္စင္ရရွိၿပီး ေဈးကြက္တြင္ ေရာင္းခ်ၿပီးေနာက္တြင္လည္းဆက္လက္ေစာင့္ၾကပ္ၾကည့္ရွု ေလ့လာျခင္းမ်ားကို တစ္ဆင့္ၿပီးတစ္ဆင့္ အခ်ိန္ယူကာစနစ္တက် ေဆာင္ရြက္ရေၾကာင္းအ သိပညာေပး ေဖာ္ျပထားသည္။

HM
#TheFifthWaveNews

Leave a Reply