ကိုဗစ္ကာကြယ္ေရး ဝန္ထမ္းမ်ားအား အႀကိဳအပို႔ေပးႏိုင္ရန္ YBS ယာဥ္ေမာင္း ၆၀ ေက်ာ္‌ေခၚယူထား

0
13

ကိုဗစ်ကာကွယ်ရေး ဝန်ထမ်းများအား အကြိုအပို့ပေးနိုင်ရန် YBS ယာဥ်မောင်း ၆၀ ကျော်‌ခေါ်ယူထား

ကိုဗစ် ကာကွယ်ရေး နှင့် ပက်သတ်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို တာဝန်ယူ ပြေးဆွဲပေးနိုင်ရန် YBS ယာဉ်မောင်းများထဲမှ ယာဥ်မောင်း ၆၀ ကျော်ကို ခေါ်ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောသည်။

လက်ရှိတွင် ကိုဗစ် နှင့် ပက်သတ်သည့် သယ် ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အကြို့အပို့လုပ်ငန်းများကို ဆောင်ရွက်နေသည့် ယာဥ်မောင်း ၁၁၀ ကျော်ရှိပြီးလိုအပ်နေသောကြောင့် ထပ်မံ၍ YBS ယာဥ်များ ထဲမှ ယာဥ်မောင်း နှင့် အုပ်ချုပ်သူ စုစုပေါင်း ၆၁ ဦး ကို ခေါ်ထားကြောင်းသိရသည်။

” ၂၄နာရီ တာဝန်ထမ်းဆောင်တဲ့ ယာဥ်မောင်းတွေကို တော့ ကန့်သွင်းထားတယ်။ ကျန်တဲ့ ဝန်ထမ်းကိုတော့ သူရဲ့ အချိန်ဇယား နဲ့ ရုံးဆင်းချိန် ရုံးတက် ချိန် အကြိုအပို့ ဆောင်ရွက်ပြီး တော့ တာဝန်ထမ်းဆောင်စေတယ်။ လက်ရှိ ယာဥ်မောင်းက ၁၁၀ ကျော်အထိရှိတယ်။ YBS ထဲမှ မောင်းချင်တဲ့ယာဥ်မောင်းနဲ့ အုပ်ချုပ်သူ ၆၁ ဦး ထပ်ဆောင်းပြီး ခေါ်ထားတာရှိပါတယ် ”ဟု မန်နေဂျင်း ဒါရိုက်တာ ဦး အောင်ညီညီမော်က ပြောသည်။

လက်ရှိတွင် ယာဥ်မောင်း နှင့် ယာဥ်များအား
ပုစွန်တောင် ယာဥ်ရပ်နားကွင်းအပါအဝင် အခြားကွာရန်တင်းစင်တာ များတွင်လည်း ကန့်သွင်းပြီး ယာဥ်နှင့် ယာဥ်မောင်း အင်အားများကို အချိုးချ ညီမျှစွာ ထားရှိထား ကြောင်း သိရသည်။

ယင်းကဲ့သို့ ပို့ဆောင်ပေးရာတွင် ကျန်းမာရေးဝန် ထမ်းများအား ကန့်သွင်းထားသည့် ကွာရန်တင်းစင်တာများမှ ဂျူတီကျသည့် ဆေးရုံများ သို့ တစ်နေ့လျှင် YBS ယာဥ် ၂၅ စီး မှ ၃၀စီး အထိအကြို အပို့ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ/ ဆေးတက္ကသိုလ် (၂) နှင့် စုရပ် (၁၈) ခုတို့တွင် ကျန်းမာရေးတာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊”ကျန်းမာရေးစင်တာ (ဖောင်ကြီး)” တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် (၃၀၉,၀၀၈) ဦး အတွက်လည်း အစားအသောက်များကိုစီစဉ်ပို့ဆောင်ပေး နေကြောင်းလည်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

ကိုဗစ္ကာကြယ္ေရး ဝန္ထမ္းမ်ားအား အႀကိဳအပို႔ေပးႏိုင္ရန္ YBS ယာဥ္ေမာင္း ၆၀ ေက်ာ္‌ေခၚယူထား

ကိုဗစ္ ကာကြယ္ေရး ႏွင့္ ပက္သတ္သည့္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားကို တာဝန္ယူ ေျပးဆြဲေပးႏိုင္ရန္ YBS ယာဥ္ေမာင္းမ်ားထဲမွ ယာဥ္ေမာင္း ၆၀ ေက်ာ္ကို ေခၚယူထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာ ပိုင္အဖြဲ႕မွ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးေအာင္ညီညီေမာ္က ေျပာသည္။

လက္ရွိတြင္ ကိုဗစ္ ႏွင့္ ပက္သတ္သည့္ သယ္ ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား၊ အႀကိဳ႕အပို႔လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနသည့္ ယာဥ္ေမာင္း ၁၁၀ ေက်ာ္ရွိၿပီးလိုအပ္ေနေသာေၾကာင့္ ထပ္မံ၍ YBS ယာဥ္မ်ား ထဲမွ ယာဥ္ေမာင္း ႏွင့္ အုပ္ခ်ဳပ္သူ စုစုေပါင္း ၆၁ ဦး ကို ေခၚထားေၾကာင္းသိရသည္။

” ၂၄နာရီ တာဝန္ထမ္းေဆာင္တဲ့ ယာဥ္ေမာင္းေတြကို ေတာ့ ကန္႔သြင္းထားတယ္။ က်န္တဲ့ ဝန္ထမ္းကိုေတာ့ သူရဲ႕ အခ်ိန္ဇယား နဲ႔ ႐ုံးဆင္းခ်ိန္ ႐ုံးတက္ ခ်ိန္ အႀကိဳအပို႔ ေဆာင္႐ြက္ၿပီး ေတာ့ တာဝန္ထမ္းေဆာင္ေစတယ္။ လက္ရွိ ယာဥ္ေမာင္းက ၁၁၀ ေက်ာ္အထိရွိတယ္။ YBS ထဲမွ ေမာင္းခ်င္တဲ့ယာဥ္ေမာင္းနဲ႔ အုပ္ခ်ဳပ္သူ ၆၁ ဦး ထပ္ေဆာင္းၿပီး ေခၚထားတာရွိပါတယ္ ”ဟု မန္ေနဂ်င္း ဒါ႐ိုက္တာ ဦး ေအာင္ညီညီေမာ္က ေျပာသည္။

လက္ရွိတြင္ ယာဥ္ေမာင္း ႏွင့္ ယာဥ္မ်ားအား
ပုစြန္ေတာင္ ယာဥ္ရပ္နားကြင္းအပါအဝင္ အျခားကြာရန္တင္းစင္တာ မ်ားတြင္လည္း ကန္႔သြင္းၿပီး ယာဥ္ႏွင့္ ယာဥ္ေမာင္း အင္အားမ်ားကို အခ်ိဳးခ် ညီမွ်စြာ ထားရွိထား ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ပို႔ေဆာင္ေပးရာတြင္ က်န္းမာေရးဝန္ ထမ္းမ်ားအား ကန္႔သြင္းထားသည့္ ကြာရန္တင္းစင္တာမ်ားမွ ဂ်ဴတီက်သည့္ ေဆး႐ုံမ်ား သို႔ တစ္ေန႔လွ်င္ YBS ယာဥ္ ၂၅ စီး မွ ၃၀စီး အထိအႀကိဳ အပို႔ ေဆာင္႐ြက္ေပးေနျခင္းျဖစ္ေၾကာင္း၊ ယင္းအျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ေဆး႐ုံမ်ား/ ေဆးတကၠသိုလ္ (၂) ႏွင့္ စုရပ္ (၁၈) ခုတို႔တြင္ က်န္းမာေရးတာဝန္ထမ္းေဆာင္ေနၾကသည့္ က်န္းမာေရးဝန္ထမ္းမ်ား၊”က်န္းမာေရးစင္တာ (ေဖာင္ႀကီး)” တြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ဝန္ထမ္းမ်ားအတြက္ (၃၀၉,၀၀၈) ဦး အတြက္လည္း အစားအေသာက္မ်ားကိုစီစဥ္ပို႔ေဆာင္ေပး ေနေၾကာင္းလည္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply