၁၉၉၉မွ ၂၀၀၃ ခုႏွစ္ထုတ္ ဘတ္စ္ကား ၂၀၂ စီးကို လူစီးယာဥ္တင္သြင္းခြင့္ ေထာက္ခံခ်က္ ထုတ္ေပး

0
14

၁၉၉၉မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကား ၂၀၂ စီးကို လူစီးယာဉ်တင်သွင်းခွင့် ထောက်ခံချက် ထုတ်ပေး

၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကားအပ်နှံ၍ လူစီးယာဉ်တင်သွင်းခွင့်ထောက်ခံချက် ထုတ်ယူရန် YRTA သို့ လာရောက် တင်ပြထားသည့် အစီးရေ ၂၀၀ ကျော်ရှိသည့်အနက် ၂၀၂ စီးကို အပ်နှံ ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှသိရသည်။

အဆိုပါ ဘတ်စ်ကားများအပ်နှံ၍ လူစီးယာဉ် တင်သွင်းခွင့်ထောက်ခံချက် ထုတ်ယူရန် လာရောက်တင်ပြထားသည့် ယာဉ်အစီးရေ ၂၀၅ စီးကို YRTA မှ စီစစ်ပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပေးကာ အစိုးရမှတဆင့် အထူးကိစ္စရပ်အဖြစ် အပ်နှံခွင့်ရရှိရေးကို ဆက်လက်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

“ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ YBS အတွင်းမှာ ပါဝင်ပြေးဆွဲတဲ့ ယာဉ်ပိုင်ရှင်တွေရဲ့ ရရှိသင့်တဲ့ အကျိုးခံစားခွင့်တွေကို မလျော့ပါး သွားအောင် ကာကွယ်ပေးတဲ့ စီမံချက်ပါ။ ပြည်ထောင်စုအစိုးရမှာက နှစ် ၂၀ ယာဉ်အပ်နှံခြင်းပဲ ရှိတယ်။ ဒီမှာ ၂၀၀၃ ဆိုတာက နှစ် ၂၀ မရှိသေးဘူး။ ဒါကို ကျွန်တော်တို့က သီးခြားအခွင့်ရေးအနေနဲ့ ပြည်ထောင်စုက ပေးထားတဲ့အတွက် ၁၉၉၉ နဲ့ ၂၀၀၃ က ရန်ကုန်တိုင်း တစ်တိုင်းထဲသာလျှင် အပ်ခွင့်ပေးတယ်။ အခုဆို ညှိနှိုင်းထားတာ ၂၀၅ စီး အပ်နှံခွင့် ညှိနှိုင်းထားတယ်။ အပ်နှံခွင့်ပြု ခဲ့တာက ၂၀၂ စီး အပ်နှံခွင့်ပြုပြီး ဖြစ်ပါတယ်”ဟုရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ (YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

လက်ရှိတွင် YBS ယာဉ်များအတွင်း မြို့တော် အင်္ဂါရပ်နှင့် မညီသော စက်စွမ်းအားကျဆင်းပြီး ကြံ့ခိုင်မူ မရှိသည့် ယာဉ်များနှင့် လုပ်ငန်း မလည်ပတ်နိုင်သော ယာဉ်များဖြစ်သည့် ၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကားများကို အပ်နှံပါက အထူးကိစ္စရပ် တစ်ခုအနေဖြင့် လူစီးယာဉ် တင်သွင်းခွင့် ထောက်ခံချက်ရရှိရေး ဆောင်ရွက်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ပြမှုကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အပ်နှံခွင့်နှင့်ပတ်သက်၍လည်း ယာဉ်လိုင်းများကို အသိပေးပြီးဖြစ်ကာ လက်ရှိ စာရင်းများအရ ၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကား YBS ယာဉ်အစီးရေမှာ ၇၀၀ ကျော် ရှိကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုကို ၂၀၁၁ ခုနှစ်မှစ၍ အပ်နှံခွင့်ပြုထား သော်လည်း ယနေ့အချိန်ထိ ၁၉၉၉ ခုနှစ် ကားများသာ အပ်နှံခွင့် ရရှိသေးကြောင်း၊ ထိုသို့ အပ်နှံရာတွင်လည်း ဘက်စ်ကားအပ်နှံလျှင် ဘက်စ်ကားတင်သွင်းခွင့်၊ ထရပ်ကားအပ်နှံလျှင် ထရပ်ကားတင်သွင်းခွင့်၊ လူစီးယာဉ်အပ်နှံလျှင် လူစီးယာဉ်တင်သွင်းခွင့် ပေးသည့်စနစ်ဖြင့် နှစ်၂၀ အခြေခံသည့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံခြင်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

၁၉၉၉မွ ၂၀၀၃ ခုႏွစ္ထုတ္ ဘတ္စ္ကား ၂၀၂ စီးကို လူစီးယာဥ္တင္သြင္းခြင့္ ေထာက္ခံခ်က္ ထုတ္ေပး

၁၉၉၉ မွ ၂၀၀၃ ခုႏွစ္ထုတ္ ဘတ္စ္ကားအပ္ႏွံ၍ လူစီးယာဥ္တင္သြင္းခြင့္ေထာက္ခံခ်က္ ထုတ္ယူရန္ YRTA သို႔ လာေရာက္ တင္ျပထားသည့္ အစီးေရ ၂၀၀ ေက်ာ္ရွိသည့္အနက္ ၂၀၂ စီးကို အပ္ႏွံ ခြင့္ျပဳခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA)မွသိရသည္။

အဆိုပါ ဘတ္စ္ကားမ်ားအပ္ႏွံ၍ လူစီးယာဥ္ တင္သြင္းခြင့္ေထာက္ခံခ်က္ ထုတ္ယူရန္ လာေရာက္တင္ျပထားသည့္ ယာဥ္အစီးေရ ၂၀၅ စီးကို YRTA မွ စီစစ္ၿပီး ရန္ကုန္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕သို႔ တင္ျပေပးကာ အစိုးရမွတဆင့္ အထူးကိစၥရပ္အျဖစ္ အပ္ႏွံခြင့္ရရွိေရးကို ဆက္လက္ေဆာင္႐ြက္ေပးျခင္းျဖစ္သည္။

“ရန္ကုန္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဟာ YBS အတြင္းမွာ ပါဝင္ေျပးဆြဲတဲ့ ယာဥ္ပိုင္ရွင္ေတြရဲ႕ ရရွိသင့္တဲ့ အက်ိဳးခံစားခြင့္ေတြကို မေလ်ာ့ပါး သြားေအာင္ ကာကြယ္ေပးတဲ့ စီမံခ်က္ပါ။ ျပည္ေထာင္စုအစိုးရမွာက ႏွစ္ ၂၀ ယာဥ္အပ္ႏွံျခင္းပဲ ရွိတယ္။ ဒီမွာ ၂၀၀၃ ဆိုတာက ႏွစ္ ၂၀ မရွိေသးဘူး။ ဒါကို ကြၽန္ေတာ္တို႔က သီးျခားအခြင့္ေရးအေနနဲ႔ ျပည္ေထာင္စုက ေပးထားတဲ့အတြက္ ၁၉၉၉ နဲ႔ ၂၀၀၃ က ရန္ကုန္တိုင္း တစ္တိုင္းထဲသာလွ်င္ အပ္ခြင့္ေပးတယ္။ အခုဆို ညႇိႏႈိင္းထားတာ ၂၀၅ စီး အပ္ႏွံခြင့္ ညႇိႏႈိင္းထားတယ္။ အပ္ႏွံခြင့္ျပဳ ခဲ့တာက ၂၀၂ စီး အပ္ႏွံခြင့္ျပဳၿပီး ျဖစ္ပါတယ္”ဟုရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာ ပိုင္အဖြဲ႕ (YRTA)မွ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္ က ေျပာသည္။

လက္ရွိတြင္ YBS ယာဥ္မ်ားအတြင္း ၿမိဳ႕ေတာ္ အဂၤါရပ္ႏွင့္ မညီေသာ စက္စြမ္းအားက်ဆင္းၿပီး ႀကံ့ခိုင္မူ မရွိသည့္ ယာဥ္မ်ားႏွင့္ လုပ္ငန္း မလည္ပတ္ႏိုင္ေသာ ယာဥ္မ်ားျဖစ္သည့္ ၁၉၉၉ မွ ၂၀၀၃ ခုႏွစ္ထုတ္ ဘတ္စ္ကားမ်ားကို အပ္ႏွံပါက အထူးကိစၥရပ္ တစ္ခုအေနျဖင့္ လူစီးယာဥ္ တင္သြင္းခြင့္ ေထာက္ခံခ်က္ရရွိေရး ေဆာင္႐ြက္ေပးရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ တင္ျပမႈေၾကာင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနက ခြင့္ျပဳေပးခဲ့ျခင္း ျဖစ္သည္။

အဆိုပါ အပ္ႏွံခြင့္ႏွင့္ပတ္သက္၍လည္း ယာဥ္လိုင္းမ်ားကို အသိေပးၿပီးျဖစ္ကာ လက္ရွိ စာရင္းမ်ားအရ ၁၉၉၉ မွ ၂၀၀၃ ခုႏွစ္ထုတ္ ဘတ္စ္ကား YBS ယာဥ္အစီးေရမွာ ၇၀၀ ေက်ာ္ ရွိေၾကာင္း သိရသည္။

ျပည္ေထာင္စုအစိုးရအေနျဖင့္ ယာဥ္အို ယာဥ္ေဟာင္း အပ္ႏွံမႈကို ၂၀၁၁ ခုႏွစ္မွစ၍ အပ္ႏွံခြင့္ျပဳထား ေသာ္လည္း ယေန႔အခ်ိန္ထိ ၁၉၉၉ ခုႏွစ္ ကားမ်ားသာ အပ္ႏွံခြင့္ ရရွိေသးေၾကာင္း၊ ထိုသို႔ အပ္ႏွံရာတြင္လည္း ဘက္စ္ကားအပ္ႏွံလွ်င္ ဘက္စ္ကားတင္သြင္းခြင့္၊ ထရပ္ကားအပ္ႏွံလွ်င္ ထရပ္ကားတင္သြင္းခြင့္၊ လူစီးယာဥ္အပ္ႏွံလွ်င္ လူစီးယာဥ္တင္သြင္းခြင့္ ေပးသည့္စနစ္ျဖင့္ ႏွစ္၂၀ အေျခခံသည့္ ယာဥ္အိုယာဥ္ေဟာင္း အပ္ႏွံျခင္းကို ေဆာင္႐ြက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply